< တရားသူကြီးမှတ်စာ 12 >

1 ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊
ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊
2 ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း ၊ သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို မ ကယ် မနှုတ်ဘဲ နေကြ၏။
ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ၏။
3 မ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ၊ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် ၌ အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်၊
မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊
4 ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့် ၊ ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။
ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။
5 ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါ ၊ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော် ၊ သူက မဟုတ် ပါဟု ဆို လျှင်၊
ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊
6 သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ၍ ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။
သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။
7 ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဂိလဒ် မြို့တမြို့ ၌ သင်္ဂြိုဟ် လေ၏။
ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။
8 ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
9 ထိုမင်း သည် သား သုံးဆယ် ၊ သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ် ကို သိမ်း ထား၏။
ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ် ရှိ၏။ သမီးများကို အခြားတပါးသို့ စေလွှတ်၍ ချွေးမ သုံးဆယ်ကို သိမ်းထား၏။
10 ၁၀ ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။
၁၀ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။
11 ၁၁ ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။
၁၁ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။
12 ၁၂ ထိုမင်း သေ ၍ ဇာဗုလုန် ခရိုင် ၊ အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။
၁၂ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။
13 ၁၃ ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
၁၃ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
14 ၁၄ ထိုမင်း သည် သား လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။
၁၄ထိုမင်းသည် သားလေးဆယ်၊ မြေးသုံးဆယ်ရှိ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ၏။
15 ၁၅ ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဧဖရိမ် ခရိုင် ၊ ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။
၁၅ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။

< တရားသူကြီးမှတ်စာ 12 >