< ယောရှု 5 >

1 ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။
ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော် မူသည်အကြောင်းကို၊ ယော်ဒန်မြစ်အနောက်ဘက်၌ နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ၏။
2 ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ၊ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊
ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း၊
3 ယောရှု သည် ကျောက် ထား များကို လုပ် ၍ ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
ယောရှုသည် ကျောက်ထားများကို လုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
4 ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။
ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအ ကြောင်း ဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။
5 ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ၌ ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။
ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာ တွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး။
6 အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။
အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့် လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ၏။
7 သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း ၌ အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ၊ ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏ သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရ သေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
8 လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ ၊ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။
လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးမှ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။
9 ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။
ထားဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့် ဆိုင် သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ် ရှင်းပြီဟု ယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ် ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
10 ၁၀ ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ၍ ၊ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။
၁၀ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ် တွင် တပ်ချ၍၊ ထိုလတဆယ်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ၏။
11 ၁၁ ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။
၁၁ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့် လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်း တွင် စားရကြ၏။
12 ၁၂ ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ရ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ၌ ဖြစ် သော အသီးအနှံကို စား ရကြ၏။
၁၂ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန်နေ့၌ မနွ ပြတ်လေ၏။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မနွကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံ့ကို စားရကြ၏။
13 ၁၃ ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊
၁၃ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့်၍၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့ သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန် သူဘက်၌နေသောသူလောဟုမေးသော်၊
14 ၁၄ ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊
၁၄ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊
15 ၁၅ ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။
၁၅ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။

< ယောရှု 5 >