< ယောဘ 5 >

1 ယခု ဟစ်ခေါ် ပါ။ အဘယ်သူထူး လိမ့်မည်နည်း။ သန့်ရှင်း သူတို့တွင် အဘယ် သူကို ကြည့် မျှော်မည်နည်း။
ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
2 ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။
ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
3 မိုက် သောသူအမြစ် စွဲသည်ကို ငါ မြင် သောအခါ ၊ သူ ၏နေရာ ကို ချက်ခြင်း ကျိန်ဆဲ ၏။
မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
4 သူ ၏သား သမီးတို့သည် ဘေး လွတ်ရာအရပ်နှင့် ဝေး ကြ၏။ ရုံး တော်ရှေ့၌ ညှဉ်းဆဲ ခြင်းကို ခံရသောအခါ ကယ်နှုတ် သောသူ တ ယောက်မျှမရှိ။
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
5 သူ ရိတ် သောစပါးကို မွတ်သိပ် သောသူသည်၊ ဆူး ပင်ကာသောခြံ အထဲ ကယူ သွား၍ စား တတ်၏။ သူ ၏ ပစ္စည်း ဥစ္စာကိုလည်း ရေငတ်သောသူသည် မျို တတ်၏။
သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
6 မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။
မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
7 မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။
မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
8 ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။
ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
9 ဘုရားသခင် သည် ကြီး သောအမှု၊ စစ် ၍မ ကုန်နိုင်သောအမှု၊ ရေတွက် ၍မ ဆုံး၊ အံ့ဩ ဘွယ်သော အမှု တို့ကို ပြု တော်မူ၏။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
10 ၁၀ မြေ ပေါ် မှာမိုဃ်း ရွာစေသဖြင့် လယ် တို့၌ ရေ ကိုပေး တော်မူ၏။
၁၀မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
11 ၁၁ ထိုသို့နှိမ့်ချ လျက်ရှိသောသူတို့ကို ချီးမြှောက် တော်မူ၏။ ငြိုငြင် သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ ၏။
၁၁ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
12 ၁၂ ပရိယာယ် ပြုသောသူတို့၏ အမှုကိုမ အောင်စေခြင်းငှါ သူတို့အကြံ ကို ဖျက် တော်မူ၏။
၁၂ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
13 ၁၃ ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။
၁၃ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
14 ၁၄ ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။
၁၄ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
15 ၁၅ ထိုသူ တို့စီရင်သောထား ဘေးမှ ၎င်း ၊ အားကြီး သောသူတို့၏ လက် မှ ၎င်း ၊ ဆင်းရဲသား တို့ကို ကယ်နှုတ် တော်မူ၏။
၁၅ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
16 ၁၆ ထိုသို့ ဆင်းရဲသား တို့သည် မြော်လင့် ရာအခွင့် ရှိ ကြ၏။ အဓမ္မ သည်လည်း မိမိ နှုတ် ကို ပိတ် ထားရ၏။
၁၆ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
17 ၁၇ အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။
၁၇အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
18 ၁၈ ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။
၁၈ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
19 ၁၉ သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။
၁၉သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
20 ၂၀ အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။
၂၀အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
21 ၂၁ သင်သည်ကဲ့ရဲ့ ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီး ခြင်းဘေးရောက် သော်လည်း မ ကြောက် ရ။
၂၁သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
22 ၂၂ ပျက်စီး ခြင်းဘေးနှင့် အစာ ခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တော သားရဲ တို့ကိုလည်း မ ကြောက် ရ။
၂၂ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
23 ၂၃ အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။
၂၃အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
24 ၂၄ သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။
၂၄သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
25 ၂၅ သင် ၌သား သမီးများပြား ၍ ၊ သင့် အမျိုး အနွယ်သည် မြေ ပေါ်မှာ မြက်ပင် နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင် ရလိမ့်မည်။
၂၅သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
26 ၂၆ အချိန် တန်လျှင် သိမ်းယူ သောကောက် လှိုင်းကဲ့သို့ ၊ သင်သည် အသက် ကြီးရင့်၍ သင်္ချိုင်း သို့ ရောက် ရ လိမ့်မည်။
၂၆အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
27 ၂၇ ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။
၂၇ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။

< ယောဘ 5 >