< ယောဘ 27 >

1 ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊
ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
2 ငါ့ ကိုအမှု ရှုံး စေတော်မူသောဘုရား သခင်၊ ငါ့ ဝိညာဉ် ကို ညှဉ်းဆဲ တော်မူသောအနန္တ တန်ခိုးရှင်သည် အသက် ရှင်တော်မူသည် မှန်လျှင်၊
ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
3 ငါ့ အသက် ရှင်လျက်၊ ငါ့ နှာခေါင်း ၌ ဘုရား သခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊
ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
4 တခါမျှအဓမ္မ စကားကို ငါ့ နှုတ် မ မြွက်။ လှည့်စား သော စကားကို ငါ့ လျှာ ဖြင့် ငါမ ပြော ဘဲနေမည်။
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
5 သင် တို့သဘော ဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါ နှင့် ဝေး ပါစေသော။ ငါသည် ကိုယ် သဘော ဖြောင့်သည်ကို သေ သည်တိုင်အောင် မ ငြင်း။
သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
6 ငါသည် တရား သောအကျင့်ကို လက် မ လွှတ်၊ စွဲကိုင် လျက်နေမည်။ အသက်ရှင်သမျှကာလ ပတ်လုံးကိုယ် စိတ်နှလုံး သည် ကိုယ်ကိုအပြစ် မ တင်ရ။
ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
7 ငါ့ ရန်သူ သည် ဆိုး သောသူကဲ့သို့ ၎င်း ၊ ငါ့ တစ်ဘက်၌ ထ သောသူသည် မ ဖြောင့်မတ်သော သူကဲ့သို့ ၎င်း ဖြစ် ပါစေသော။
ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
8 အဓမ္မ လူသည် ဆုံး ခြင်းသို့ရောက်၍၊ အသက် ဝိညာဉ်ကိုဘုရား သခင်နှုတ် တော်မူသောအခါ အဘယ် မြော်လင့် စရာရှိသေးသနည်း။
အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
9 ထိုအမှု ရောက် သောအခါ ၊ သူ အော်ဟစ် ခြင်းကို ဘုရား သခင်နားထောင် တော်မူမည်လော။
ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
10 ၁၀ ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
၁၀ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
11 ၁၁ ဘုရား သခင်၏အမှုတော်တို့ကို သင် တို့အား ငါပြသ မည်။ အနန္တ တန်ခိုးရှင်ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍မ ထား။
၁၁ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
12 ၁၂ သင် တို့သည်ကိုယ်တိုင်သိမြင် လျက် ၊ ဤ မျှလောက်အချည်းနှီး သောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
၁၂သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
13 ၁၃ လူ ဆိုး အား ဘုရား သခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲ တတ်သောသူသည်အနန္တ တန်ခိုးရှင်၏ လက်တော်မှ ခံရ သောအမွေ ဥစ္စာဟူမူကား၊
၁၃လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
14 ၁၄ သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။
၁၄သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
15 ၁၅ သူ ၌ ကျန်ကြွင်း သောသူတို့ ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ ၏မုတ်ဆိုးမ တို့သည် ငိုကြွေး ခြင်းကို မ ပြု ရကြ။
၁၅သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
16 ၁၆ သူသည်ငွေ ကို မြေမှုန့် ကဲ့သို့ ပုံ ၍ ၊ အဝတ် တန်ဆာကို ရွှံ့ ကဲ့သို့ ပြင်ဆင် သော်လည်း၊
၁၆သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
17 ၁၇ ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။
၁၇ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
18 ၁၈ သူဆောက် သော အိမ်သည်ပိုးရွ အိမ် ကဲ့သို့ ၎င်း ၊ ကင်း တဲ ကဲ့သို့ ၎င်း ဖြစ် ၏။
၁၈သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
19 ၁၉ ထိုရ တတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိ တမှိတ်၌ ဆုံးရှုံးပြီ။
၁၉ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
20 ၂၀ ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။
၂၀ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
21 ၂၁ အရှေ့ လေလွှင့် ၍ သူသည်မိမိ နေရာ ၌ မတည်။ လေ အဟုန်ဖြင့် ပါသွား တတ်၏။
၂၁အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
22 ၂၂ ဘုရားသခင်သည် မ သနား ဘဲ ဒဏ်ခတ် တော်မူသဖြင့် ၊ လက် တော်မှ လွတ် ခြင်းငှါအလိုရှိလိမ့်မည်။
၂၂ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
23 ၂၃ လူတို့သည်လက်ခုပ် တီး၍ ကဲ့ရဲ့ သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည်။
၂၃လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။

< ယောဘ 27 >