< ယောဘ 12 >

1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 သင် တို့သာလျှင် လူ ဖြစ်၍ ၊ သင် တို့နှင့်အတူ ဉာဏ် ပညာသေ လိမ့်မည်ဟု ယုံမှား စရာမရှိရ။
သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
3 သို့သော်လည်း ငါ သည် သင် တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ ဤ ကဲ့သို့ သော အရာများကို အဘယ် သူသည် နားမလည်ဘဲနေသနည်း။
သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
4 ငါသည် ဘုရား သခင်၏ကျေးဇူးတော်ကိုခံရအံ့သောငှါဆုတောင်း ပဌနာပြု စဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ် ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ် မရှိ ဖြောင့်မတ် သောသူသည် ပြက်ယယ် ပြုခြင်းကိုခံရပါသည် တကား။
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
5 ချော်လဲ လုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ကောင်းစားသောသူသည် မှတ် တတ်၏။
ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
6 ထားပြ လုပ်သောသူတို့၏နေရာ သည် ကောင်းစား တတ်၏။ ဘုရား သခင်၏ အာဏာ တော်ကိုဆန်သောသူတို့ သည် လုံခြုံ စွာနေ၍ ၊ ဘုရား သခင်ပေး တော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
7 သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။
သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
8 မြေကြီး နှင့် ပင်လယ် ငါး တို့ကို မေးမြန်း လော့။ သူတို့သည် ပြသ ၍ ဥပဒေသ ပေးကြလိမ့်မည်။
မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
9 ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။
ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
10 ၁၀ အသက် ရှင်သောသတ္တဝါအပေါင်း တို့၏ ဇိဝ အသက်နှင့် လူ သတ္တဝါခပ်သိမ်း တို့၏ ထွက်သက် ဝင်သက်သည် ဘုရား သခင့်လက် တော်၌ ရှိ၏။
၁၀အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
11 ၁၁ ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။
၁၁ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
12 ၁၂ အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
၁၂အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
13 ၁၃ ဘုရား သခင်မူကား၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့်ပြည့်စုံတော်မူ၏။ ပညာ သတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
၁၃ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
14 ၁၄ ဖြိုဖျက် တော်မူလျှင် အဘယ်သူမျှတည်ဆောက် ရသောအခွင့်မ ရှိ။ လူ ကို ချုပ်ထား တော်မူလျှင် အဘယ်သူမျှလွှတ် ရသောအခွင့်မ ရှိ။
၁၄ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
15 ၁၅ ရေ များကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက် ရ၏။ တဖန် လွှတ် တော်မူ၍ မြေကြီး ကို လွှမ်းမိုး ကြ၏။
၁၅ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
16 ၁၆ တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။
၁၆တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
17 ၁၇ တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။
၁၇တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
18 ၁၈ ရှင်ဘုရင် တို့ကို အရာမှချ၍ ခါးကြိုး နှင့် ချည် တော်မူ၏။
၁၈ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
19 ၁၉ ယဇ် ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်း သွား၍၊ သူရဲ တို့ကိုလည်း ရှုံး စေတော်မူ၏။
၁၉ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
20 ၂၀ နှုတ်သတ္တိရှိသောသူတို့ ကို စကား အ စေ၍၊ အသက် ကြီးသောသူတို့ မှပညာ ကို နှုတ် တော်မူ၏။
၂၀နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
21 ၂၁ မင်းသား တို့ကို အရှက် ခွဲ၍၊ အားကြီး သောသူတို့ ကို ရှုတ်ချ တော်မူ၏။
၂၁မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
22 ၂၂ မှောင်မိုက် ထဲ ၌နက်နဲ သောအရာတို့ကို ထင်ရှား စေ၍၊ သေခြင်း အရိပ်ကိုအလင်း ထဲ သို့ ထုတ် ဘော်တော်မူ ၏။
၂၂မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
23 ၂၃ တိုင်း နိုင်ငံတို့ကို ချီးမြှောက် ၍ တဖန် ဖျက်ဆီး တော်မူ၏။ တိုင်း နိုင်ငံတို့ကို ကျယ် စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း ပြု တော်မူ၏။
၂၃တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
24 ၂၄ မြေ သား တို့တွင် အကြီး လုပ်သောသူတို့မှ ဉာဏ် ကိုနှုတ် ၍၊ လမ်း မ ရှိသော တော ၌ လှည့်လည် စေတော်မူ ၏။
၂၄မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
25 ၂၅ သူတို့သည်အလင်း မ ရှိ။ မှောင်မိုက် ၌ စမ်းသပ် လျက်သွားရကြ၏။ ယစ်မူး သောသူကဲ့သို့ တိမ်းယိမ်း လျက် သွားစေတော်မူ၏။
၂၅သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။

< ယောဘ 12 >