< ဟေရှာယ 58 >

1 အသံ မ လျော့ ဘဲ ကြွေးကြော် လော့။ တံပိုး သံကဲ့သို့ အသံ ကိုလွှင့် ၍ ၊ ယာကုပ် အမျိုးသား ဖြစ်သော ငါ ၏ လူ တို့အား ၊ သူ တို့ဒုစရိုက်အပြစ် ကို ဘော်ပြ လော့။
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့ သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။
2 သူတို့သည် တရား ကျင့် သောအမျိုး၊ မိမိ ဘုရား သခင်၏ပညတ် တို့ကို မ စွန့် သောအမျိုး ကဲ့သို့ ၊ နေ့ တိုင်း ငါ့ ကိုရှာ ၍ ငါ ၏တရားလမ်း ၌ မွေ့လျော် ကြသည်တကား။ ဖြောင့်မတ် စွာ တရား စီရင်ချက်တို့ကို ငါ့ ထံမှာအစဉ် မေးမြန်း ၍၊ ဘုရား သခင့်ထံသို့ချဉ်းကပ် ရာ၌ မွေ့လျော် ကြသည်တကား။
သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရား သခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော် ကြသည်တကား။
3 အကျွန်ုပ်တို့သည် အစာ ရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင် တော်မ မူသနည်း။ အကျွန်ုပ် တို့သည် ခြိုးခြံ စွာကျင့် သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်သိမှတ် တော်မ မူ သနည်းဟုဆိုသော်၊ သင် တို့သည် အစာ ရှောင်သောနေ့ ၌ ကိုယ်တိုင် ပျော်မွေ့ ၍ ၊ ကျွန် တို့ကိုပင်ပန်း စွာ လုပ်စေကြ၏။
အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။
4 သင်တို့သည် ငြင်းခုံ ရန်တွေ့ လျက်၊ အဓမ္မ လက် ဆုပ်နှင့် ထိုး လျက် အစာ ရှောင်ကြ၏။ မြင့် သော အရပ်၌ မိမိ တို့ အသံ ကို ကြား စေခြင်းငှါ ၊ ယခုကာလ အခါ အစာ ရှောင်ကြသည်မ ဟုတ်။
သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သော အရပ်၌ မိမိတို့ အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။
5 ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။
ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ၍၎င်း မှည့်အပ်သလော။
6 ငါနှစ်သက် သောအစာရှောင် ခြင်းဟူမူကား ၊ မတရား သော အချည် အနှောင်ကို ချွတ် ခြင်း၊ လေးသော ဝန် ကိုချ ခြင်း၊ ညှဉ်းဆဲ ခံရသောသူတို့ ကို လွှတ် ခြင်း၊ ထမ်းဘိုး ရှိသမျှ ကို ချိုး ခြင်းမ ဟုတ်လော။
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
7 မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။
မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
8 သို့ပြုလျှင် သင် ၏အလင်း သည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင် အမြန်ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင် ၏ဖြောင့်မတ် ခြင်း ပါရမီ သည် သင့် ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော် သည် နောက်၌ လုံခြုံ စေလိမ့်မည်။
သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော် သည် နောက်၌ လုံခြုံစေလိမ့်မည်။
9 သို့ပြုလျှင် ၊ ထာဝရဘုရား သည်၊ သင်ခေါ် သောအခါ ထူး တော်မူလိမ့်မည်။ အော်ဟစ် သောအခါ ၊ ငါ ရှိ သည်ဟု မိန့် တော်မူလိမ့်မည်။ သင်သည် သင် ၏အထဲ က ထမ်းဘိုး ကို၎င်း၊ လက်ညှိုး ထိုး ခြင်းကို၎င်း၊ ကဲ့ရဲ့ သော စကားကို၎င်းပယ်ရှား ၍၊
သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊
10 ၁၀ မွတ်သိပ် သော သူနှင့် ဆင်းရဲ ခံရသောသူကို သနားသောစိတ်နှင့်ချမ်းသာ ပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်း သည် ပေါ်ထွန်း ၍၊ သင် ၏ မှောင်မိုက် သည် မွန်းတည့် အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
၁၀မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
11 ၁၁ ထာဝရဘုရား သည် သင့် ကို အစဉ် ပဲ့ပြင် တော်မူ မည်။ အစာခေါင်းပါး သည် ကာလ၌ ဝ စွာ ကျွေး၍ ၊ သင် ၏အရိုး တို့ကို ခိုင်ခံ့ စေတော်မူမည်။ သင်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ၎င်း၊ ရေ မ ပြတ် နိုင်သော စမ်း ရေ တွင်းကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
၁၁ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။
12 ၁၂ သင် ၏အမျိုးအနွယ်သည် ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက် ကြလိမ့်မည်။ သင် သည်လည်း ၊ ပြိုပျက်သော မြို့ရိုး ကို ပြုပြင် သောသူ၊ လူနေ ရာ လမ်း များကို ပြင်ဆင် သော သူဟူ၍ သမုတ် ခြင်း ကိုခံရလိမ့်မည်။
၁၂သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သော သူဟူ၍ သမုတ်ခြင်း ကို ခံရလိမ့်မည်။
13 ၁၃ သင်သည် ဥပုသ် နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့ မှာ ကိုယ် အလို သို့မလိုက် ၊ ဥပုသ် နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ခေါ် သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလို သို့မလိုက် ၊ ကိုယ်စကား ကို မပြော ဘဲ နေ၍ ထို နေ့ကို ရိုသေ လျှင်၊
၁၃သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊
14 ၁၄ သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ ရလိမ့်မည်။ မြေကြီး ပေါ် မှာ မြင့် သော အရပ်တို့ကို ငါစီး စေ၍ ၊ သင့် အဘ ယာကုပ် ၏အမွေ ဥစ္စာနှင့် ငါကျွေး မည်ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
၁၄သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍၊ သင့် အသယာကုပ်၏အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။

< ဟေရှာယ 58 >