< ဟေရှာယ 56 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား ကို စောင့် ၍ ဖြောင့်မတ် စွာကျင့် ကြလော့။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးရောက် ချိန်နှင့်၊ ငါ ၏ဖြောင့်မတ် ခြင်းတရား ထင်ရှား ချိန်ရောက်လုနီး ပြီ။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
2 ထို သို့ပြု သောသူ ၊ အမြဲစွဲလမ်း သော လူ သား သည်၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက် ကို မပြုမည်အကြောင်း၊ မိမိ လက် ကို ချုပ်တည်း လျှင် လည်း မင်္ဂလာ ရှိ၏။
ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသား သည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
3 ထာဝရဘုရား ၌ မှီဝဲ သော တပါးအမျိုးသား က၊ ထာဝရဘုရား သည် ငါ့ ကို မိမိ လူမျိုး နှင့် ရှင်းရှင်းခွဲ ထား တော်မူပြီဟု မ ဆို စေနှင့်။ မိန်းမလျှာ ကလည်း ၊ ငါ သည် သွေ့ ခြောက်သော အပင် ဖြစ်သည်ဟု မ ဆို စေနှင့်။
ထာဝရဘုရား၌ မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့်။
4 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ဥပုသ် နေ့ ကို စောင့် လျက်၊ ငါနှစ်သက် သောအရာ ကို ရွေး ယူ၍၊ ငါ ၏ပဋိညာဉ် ကို မှီဝဲ သော မိန်းမလျှာ တို့အား၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ် နေ့ကို စောင့်လျက်၊ ငါနှစ်သက်သောအရာကို ရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား၊
5 သား သမီးတို့ ထက် မြတ် သောအရာ၊ မြတ်သော နာမ ကို ငါ့ အိမ် ၊ ငါ့တန်တိုင်း အတွင်း ၌ ငါပေးမည်။ မ ပျောက် နိုင်သော ထာဝရ နာမ ကို သူ တို့အား ငါပေး မည်။
သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
6 ထာဝရဘုရားထံ၌ အမှု စောင့်ခြင်း၊ နာမ တော်ကို ချစ် ခြင်း၊ ကျွန် တော်ရင်းဖြစ် ခြင်း အလိုငှါ ၊ ထာဝရဘုရား ၌ မှီဝဲ သော တပါး အမျိုးသားတို့ကို၎င်း၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ပဋိညာဉ် ကို စွဲလမ်း သော သူအပေါင်း တို့ကို၎င်း၊
ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊
7 ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။
ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။
8 အရပ်ရပ်၌ ကွဲပြား သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေသော အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ စုဝေး ပြီးသော သူများမှတပါး အခြားသောသူတို့ ကို ထိုအစုအဝေး၌ ငါစုဝေး စေဦးမည်ဟု မိန့်တော်မူ ၏။
အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ၏။
9 အို လယ်ပြင် သား အပေါင်း နှင့် တော ၌ လည် သော သားရဲ အပေါင်း တို့၊ ကိုက်စား ခြင်းငှါ လာ ကြလော့။
အို လယ်ပြင်သားအပေါင်းနှင့် တော၌လည် သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။
10 ၁၀ သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။
၁၀သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
11 ၁၁ စားချင် အားကြီး ၍ ဝမ်းမ ပြည့် နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မ ကြည့် မရှု တတ်ကြ။ ထိုသိုးထိန်း ရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိ တို့ လမ်း သို့ လိုက် ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ် အကျိုး စီးပွားကိုသာ ရှာကြ၏။
၁၁စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
12 ၁၂ လာ ကြ။ စပျစ်ရည် ကို ယူ ခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက် ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန် နေ့ဖြစ် လိမ့်မည်။ ထိုမျှမက ၊ သာ၍ ကြွယ်ဝ လိမ့်မည်ဟု ဆိုတတ်ကြ၏။
၁၂လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။

< ဟေရှာယ 56 >