< ဟေရှာယ 53 >

1 ငါ တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ သနည်း။ ထာဝရဘုရား ၏ လက် တော် သည် အဘယ် သူအား ထင်ရှား တော်မူသနည်း။
ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။
2 ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။
ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။
3 မထီမဲ့မြင် ပြုခြင်းကိုခံ ၍ ၊ လူ တို့တွင် အယုတ် ဆုံး သောသူဖြစ် ၏ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာ နှင့် ကျွမ်းဝင် သောသူဖြစ် ၏။ သူတပါးမျက်နှာ လွှဲ ခြင်းကို ခံရသော သူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မ ရိုသေ ကြ။
မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။
4 သို့သော်လည်း၊ ထိုသူ သည် ငါ တို့အနာ ရောဂါဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရား သခင်ဆုံးမ ၍ နှိမ့်ချတော်မူခြင်း ကို၎င်းခံရသောသူဖြစ်သည်ဟု ငါ တို့သည် ထင်မှတ် ကြပြီ။
သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူ ခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ။
5 ထိုသူ သည် ငါ တို့ လွန်ကျူး ခြင်းအပြစ်များ ကြောင့် ၊ နာကျင်စွာ ထိုး ခြင်း၊ နှိပ်စက် ခြင်းကို ခံရလေ၏။ ငါ တို့၏ ငြိမ်သက် ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမ ခြင်းသည် သူ့ အပေါ် သို့ ရောက်၍ ၊ သူ ခံရသောဒဏ်ချက် အားဖြင့် ငါ တို့သည် အနာ ပျောက်လျက် ရှိကြ၏။
ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။
6 ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။
ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။
7 ထိုသူ သည် ညှဉ်းဆဲ ခြင်းနှင့် နှိမ့်ချ ခြင်းကိုခံ ၍ နှုတ် ကို မ ဖွင့် ဘဲနေ၏။ အသေသတ် ခြင်းငှါ ဆောင်သွားသော သိုးသငယ် ကဲ့သို့ သူ့ကို ဆောင် သွား၍ ၊ သိုး သည် အမွေးညှပ် သောသူရှေ့ မှာ မ မြည်ဘဲနေသကဲ့သို့ ၊ သူ သည် နှုတ် ကို မ ဖွင့် ဘဲ နေ၏။
ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။
8 မတရားစွာ စီရင် ခြင်းအားဖြင့် သူ့ကို ထုတ် သွား ကြ၏။ အသက် ရှင်သောသူတို့ ၏ နေရာ မှ သူ့ကို သုတ်သင် ပယ်ရှင်းသည်ဖြစ်၍ ၊ သူ ၏အမျိုး အနွယ်ကို အဘယ်သူ ပြညွှန် မည်နည်း။ ငါ ၏လူမျိုး အပြစ် ကြောင့် ဒဏ်ခတ် တော်မူခြင်းကိုခံလေ၏။
မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ် သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ၏။
9 ပြစ်မှား ခြင်းကို မ ပြု။ သူ ၏နှုတ် ၌ မုသာ မ ရှိ သော်လည်း ၊ လူဆိုး တို့နှင့်အတူ မြေမြှုပ်ခြင်းငှါစီရင် ကြ၏။ သို့ရာတွင် သေ ပြီးမှ သူဌေး ၌ ရှိ၏။
ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။
10 ၁၀ ထာဝရဘုရား သည် သူ့ ကို နှိပ်စက် ခြင်းငှါအလို တော် ရှိ၍ နာ စေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ် ကိုပူဇော် ပြီးမှ ၊ အမျိုး အနွယ်တော်ကို မြင် ရလိမ့်မည်။ အသက် တော်လည်း ရှည် လိမ့်မည်။ ထာဝရဘုရား ၏ အကြံ တော်သည်လည်း သူ ၏လက် ၌ ပြည့်စုံ ခြင်းသို့ ရောက်လိမ့်မည်။
၁၀ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။
11 ၁၁ မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။
၁၁မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန် ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။
12 ၁၂ ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။
၁၂ထိုသို့ မိမိအသက်ကို သေခြင်း၌ သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။

< ဟေရှာယ 53 >