< ဟေရှာယ 49 >

1 တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြ လော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
2 ငါ့ နှုတ် ကို ထက် သော ထား ကဲ့သို့ ဖြစ် စေ၍ ၊ လက် တော်အရိပ် ၌ ဖုံး ထားတော်မူ၏။ ငါ့ ကိုလည်း ဦးသစ် သော စည်းသွားဖြစ် စေ၍၊ မိမိ မြှား ထောင့်ထဲမှာ ဝှက် ထားတော်မူ၏။
ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ၍၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။
3 အိုဣသရေလ ၊ သင် သည် ငါ ၏ ကျွန် ဖြစ်၏။ သင့် အားဖြင့် ငါ့ဘုန်း သည် ထင်ရှားလိမ့်မည်ဟု ငါ့ အား မိန့် တော်မူပြီ။
အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ။
4 ငါ ကလည်း၊ အကျိုး မရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီး သက်သက်ငါ့ ခွန်အား ကုန် ရပြီ။ သို့သော်လည်း ၊ ငါ့ အမှု သည် ထာဝရဘုရား ရှေ့တော်၌ရှိ၏။ ငါ ခံရသောအခ လည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
5 ငါသည် ထာဝရဘုရား ရှေ့ တော်၌ အသရေထင်ရှား ၍ ၊ ငါ ၏ဘုရား သခင်သည် ငါ့ ကို ခိုင်ခံ့ စေ တော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံ တော်၌ စုဝေး စေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ် အမျိုးကို အထံ တော်သို့ တဖန် ဆောင် ခဲ့ရသောကျွန် ဖြစ် စေမည်အကြောင်း၊ ငါ့ ကို အမိဝမ်း ထဲ မှစ၍ဖန်ဆင်း တော်မူသောထာဝရဘုရား မိန့် တော်မူသည် ကား၊
ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေ ထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံ တော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား၊
6 သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
7 ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်း သော ထာဝရဘုရား သည်၊ အဘယ်သူမျှ မနှစ်သက် ၊ တပြည် လုံး ရွံရှာ ဘွယ်ဖြစ်၍၊ မင်း ထံ၌ ကျွန် ခံရသောသူအား မိန့် တော်မူသည်ကား ၊ သစ္စာ ရှိတော်မူ သော ထာဝရဘုရား ၊ သင့် ကို ရွေးကောက် တော်မူသောဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ကျေးဇူးတော်ကြောင့် ၊ ရှင် ဘုရင်တို့သည် မြင် ၍ ထ ကြလိမ့်မည်။ မင်းသား တို့သည်လည်း ကိုးကွယ် ကြလိမ့်မည်။
ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူ မျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော် မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူး တော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
8 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီ။ ကယ်တင် ရာကာလ ၌ သင့် ကို မစ ပြီ။ သင့် ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည် တော်ကို ပြုပြင် လျက်၊ ဆိတ်ညံ သော အမွေ ခံရာအရပ်တို့ကို အမွေ ပေးစေမည် အကြောင်း၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊
9 ထွက် ကြလော့ဟု ချုပ်ထား သောသူတို့ အား ၎င်း၊ ပေါ် လာကြလော့ဟု မှောင်မိုက် ထဲမှာ နေသောသူ တို့အား ၎င်း ပြော စေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်း ခရီးတို့အနား မှာ စား ရ၍ ၊ မြင့် သော အရပ်ရပ်တို့၌ ကျက်စား ရာကို တွေ့ရကြလိမ့်မည်။
ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
10 ၁၀ သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
၁၀သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
11 ၁၁ ငါ ၏တောင် ရှိသမျှ တို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ ၏မြေတန်တား များကိုလည်း ငါဖို့ မည်။
၁၁ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
12 ၁၂ ကြည့် ရှုလော့။ ဤ သူတို့သည် ဝေး သောအရပ်မှ လာ ကြလိမ့်မည်။ ကြည့် ရှုလော့။ ထို သူတို့သည် မြောက် မျက်နှာနှင့် အနောက် မျက်နှာမှ ၎င်း၊ ထို သူတို့သည်လည်း ၊ သိနိမ် ပြည် မှ ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၂ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
13 ၁၃ အို မိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ အိုမြေကြီး ၊ ဝမ်းမြောက် ခြင်းရှိလော့။ အိုတောင် များတို့၊ ရွှင်လန်းစွာ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူ၏။ ဆင်းရဲ ခံရသောမိမိ လူတို့ကို ကယ်မသနား တော်မူ၏။
၁၃အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
14 ၁၄ ဇိအုန် ကလည်း ၊ ထာဝရဘုရား သည် ငါ့ ကို စွန့်ပစ် တော်မူပြီ။ ဘုရား ရှင်သည် ငါ့ ကို မေ့လျော့ တော်မူပြီဟု ဆို လေသော်၊
၁၄ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊
15 ၁၅ မိန်းမ သည် မိမိဘွား သော သား ကို မသနား သည်တိုင်အောင်၊ မိမိ နို့စို့ သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍မေ့လျော့ သော်လည်း ၊ သင့် ကို ငါ မ မေ့လျော့။
၁၅မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
16 ၁၆ ငါသည် ကိုယ်လက်ဝါး ၌ သင့် ကို စာထိုး ပြီ။ သင် ၏ မြို့ရိုး သည် ငါ့ ရှေ့ မှာ အစဉ် ရှိ၏။
၁၆ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။
17 ၁၇ သင် ၏သားသမီး တို့သည် အလျင်အမြန် ပြုကြ လိမ့်မည်။ သင့် ကို လုယူဖျက်ဆီး သောသူတို့ သည် သင့် ထံမှ ထွက်သွား ကြလိမ့်မည်။
၁၇သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။
18 ၁၈ အရပ်ရပ် သို့ မျှော် ကြည့်လော့။ ဤသူ အပေါင်း တို့သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ် ကို ဝတ် သကဲ့သို့ ၊ ဤသူ အပေါင်း တို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင်သတို့သမီး ပြုသည် နည်းတူ တန်ဆာဆင် လိမ့်မည်။
၁၈အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည်။
19 ၁၉ သင် ၌ သုတ်သင် ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည် သည် နေ သူများသောကြောင့် ကျဉ်း ကြ လိမ့်မည်။ သင့် ကို ကိုက်စား သောသူတို့ သည်လည်း ဝေး ကြ လိမ့်မည်။
၁၉သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည်။
20 ၂၀ သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
၂၀သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
21 ၂၁ သင်ကလည်း ၊ ဤ သူတို့ကို ငါ့ အား အဘယ်သူ ဖြစ်ဘွား စေသနည်း။ ငါ သည် သား ဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ် ခြင်းကိုခံ ရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ်၍ ၊ ဤ သူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါ သည် တယောက် တည်း နေ ရသည်ဖြစ်၍၊ ဤ သူ တို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
၂၁သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
22 ၂၂ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။
၂၂အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။
23 ၂၃ ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
၂၃ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။
24 ၂၄ လုယူရာ ဥစ္စာကို အားကြီး သောသူ ၏ လက်မှ ယူ ရမည်လော။ တရား သော သူသိမ်း သွားသော လူတို့ကို နှုတ် ရမည်လော။
၂၄လုယူရာဥစ္စာကို အားကြီးသော သူ၏ လက်မှ ယူရမည်လော။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော။
25 ၂၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ် စင်စစ် အားကြီး သောသူ သိမ်း သွားသော လူတို့ကို ယူ ရမည်။ ကြောက်မက် ဘွယ်သောသူ လုယူရာဥစ္စာ ကို နှုတ် ရ လိမ့်မည်။ အကြောင်း မူကား၊ သင် နှင့် ရန်တွေ့ သောသူကို ငါ သည် ရန်တွေ့ ၍ ၊ သင် ၏သား တို့ကို ကယ်တင် မည်။
၂၅ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။
26 ၂၆ သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၆သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ဟေရှာယ 49 >