< ဟေရှာယ 29 >

1 အရေလ မြို့၊ ဒါဝိဒ် မင်းနေ သောအရေလ မြို့ သည် အမင်္ဂလာ ရှိ၏။ တနှစ် ပေါ် မှာ တနှစ် ထပ်ကြလော့။ ပွဲ တို့ကို အလှည့် လှည့်ခံကြလော့။
အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့ သည် အမင်္ဂလာရှိ၏။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။
2 သို့ရာတွင်၊ အရေလ မြို့ကို ငါဆင်းရဲ စေ၍ ၊ ထိုမြို့ သည် ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းရှိ သော်လည်း ၊ အရေလ မြို့ကဲ့သို့ ငါ့ ရှေ့ မှာ ဖြစ် ရလိမ့်မည်။
သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
3 ငါသည် သင့် ပတ်ဝန်းကျင် ၌ တပ်ချ မည်။ မြေရိုး နှင့် ဝိုင်း ထား၍ ၊ မြေကတုပ် များကိုလည်း တူး လုပ်မည်။
ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုး နှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။
4 သင်သည် နှိမ့်ချ ခြင်းကိုခံ ၍ မြေ ထဲ က ပြော ရ လိမ့်မည်။ မြေမှုန့် ထဲ က ငယ်သောအသံ နှင့် မြွက် ရ လိမ့်မည်။ သင် ပြောသောအသံ သည် နတ် ဝင်သူပြောသံကဲ့သို့ မြေ ထဲက ထွက် ၍ ၊ သင် သည် မြေ မှုန့်ထဲက အသံ သေးနှင့် တိုးတိုးမြွက် ဆိုရလိမ့်မည်။
သင်သည် နှိမ့်ချခြင်းကို ခံ၍မြေထဲက ပြောရ လိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည်။
5 သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။
သို့ရာတွင်၊သင်၏ ရန်သူအလုံးအရင်းသည် အ ဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည်။
6 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ မိုဃ်းချုန်း ခြင်း၊ မြေ လှုပ်ခြင်း၊ အသံ ဗလံမြည်ခြင်းနှင့် တကွ မိုဃ်းသက်မုန်တိုင်း ၊ လောင် တတ်သော မီးလျှံ အားဖြင့်အပြစ် ပေးတော်မူမည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့် တ ကွ မိုဃ်းသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။
7 အပြည်ပြည် ကလာ၍၊ အရေလ မြို့ကို စစ်တိုက် သော အလုံး အရင်း၊ အရေလ မြို့နှင့် ရဲတိုက် ကိုတိုက် ၍ ညှဉ်းဆဲ သော သူအပေါင်း တို့သည်၊ အိပ်မက် တည်းဟူသော ညဉ့် ရူပါရုံ ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက် သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူ သော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။
8 မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည်။
9 ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော် မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
10 ၁၀ အကြောင်း မူကား၊ ထာဝရဘုရား သည် အိပ် ချင် သောသဘော ကို သင် တို့၌ သွင်း သဖြင့် ၊ သင် တို့မျက်စိ ကို ပိတ် ၍၊ သင် တို့၏ ပရောဖက် များ၊ မင်း များ၊ ဗျာဒိတ် ခံသူများ တို့ကို ဖုံးလွှမ်း တော်မူပြီ။
၁၀အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ။
11 ၁၁ ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
၁၁ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာ ကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာသည် စာတတ်သောသူအား ပေး၍၊ ဤစာကို ဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ဤစာ ကို ငါမဘတ်နိုင်။ တံဆိပ်ခတ်လျက်ရှိ၏ဟု ပြန်ပြောတတ် ၏။
12 ၁၂ ထိုစာကို စာ မ တတ် သောသူ အား ပေး ၍၊ ဤ စာ ကိုဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ငါသည် စာ မ တတ် ဟုပြန်ပြော တတ်၏။
၁၂ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာ ကိုဘတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ် ဟုပြန်ပြောတတ်၏။
13 ၁၃ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
၁၃ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။
14 ၁၄ ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။
၁၄ထိုကြောင့်၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိ တို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ၏။
15 ၁၅ ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲ သောအကြံ ကို ကြံ ၍ ၊ မှောင်မိုက် ထဲမှာ အမှုကိုပြု လျက်၊ ငါ တို့ကို အဘယ်သူ မြင် သနည်း။ ငါ တို့ကို အဘယ်သူ သိ သနည်းဟု ပြော ဆိုတတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
၁၅ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသောအ ကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
16 ၁၆ သင် တို့သည် ဖောက်ပြန် ကြသည်တကား။ အိုးထိန်း သမားကို၊ အိုး မြေကဲ့သို့ မှတ် ရမည်လော။ လုပ် အပ် သောအရာသည် လုပ် တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ ကိုမ လုပ် ဟု ဆို ရမည်လော။ ဖန်ဆင်း အပ်သော အရာသည် ဖန်ဆင်း တတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာ အတတ်မ ရှိဟု ဆို ရမည်လော။
၁၆သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုး ထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။
17 ၁၇ လေဗနုန် တောင်သည် ဝပြော သောလယ်ပြင်ကဲ့သို့ ၎င်း၊ ဝပြော သောလယ်ပြင်သည် တော ကဲ့သို့ ၎င်း ဖြစ် ရ သောအချိန်နီး ပြီ မ ဟုတ်လော။
၁၇လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့၎င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော။
18 ၁၈ ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
၁၈ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြ လိမ့်မည်။
19 ၁၉ စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။
၁၉စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။
20 ၂၀ အကြောင်း မူကား၊ ကြောက်မက် ဘွယ်သောသူသည် ဆုံးရှုံး ရ၏။ ဆဲရေး သောသူသည် ပျောက် ကုန်ရ၏။ သူ့အပြစ် ကို ချောင်းမြောင်း သောသူ၊
၂၀အကြောင်းမူကား၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊
21 ၂၁ တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
၂၁တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
22 ၂၂ သို့ ဖြစ်၍အာဗြဟံ အမျိုးကို ရွေးနှုတ် တော်မူသော ထာဝရဘုရား သည်၊ ယာကုပ် အမျိုး ကိုရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ယာကုပ် အမျိုးသည် နောက်တဖန် ရှက် ကြောက်ခြင်း၊ မျက်နှာ ပျက် ခြင်း မ ရှိရ။
၂၂သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူ သော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။
23 ၂၃ ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
၂၃ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အ မျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
24 ၂၄ စိတ် သဘောဖောက်ပြန် သောသူတို့သည် ပညာ သတိ ကို ရကြ၍၊ ဆန့်ကျင် ဘက်ပြုသော သူတို့ သည်လည်း ၊ ဆုံးမ ဩဝါဒစကားကို နာယူ ကြလိမ့်မည်။
၂၄စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။

< ဟေရှာယ 29 >