< ကမ္ဘာ​ဦး 38 >

1 ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။
ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ ဝင်လေ၏။
2 ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊
ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန် အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက် ပြုလျက်၊
3 ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။
ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကို ဘွားမြင် ၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
4 တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ၏။
5 တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း။
6 ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။
7 ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။
ယုဒ၏သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ၏။
8 ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။
ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကို မယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့်၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို၏။
9 ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။
ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
10 ၁၀ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။
၁၀ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
11 ၁၁ သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
၁၁သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12 ၁၂ ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။
၁၂ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။
13 ၁၃ မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊
၁၃မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
14 ၁၄ မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။
၁၄မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
15 ၁၅ ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊
၁၅ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊
16 ၁၆ လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊
၁၆လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊
17 ၁၇ ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊
၁၇ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
18 ၁၈ ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။
၁၈ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။
19 ၁၉ ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။
၁၉ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
20 ၂၀ ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊
၂၀ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊
21 ၂၁ ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊
၂၁ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
22 ၂၂ ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။
၂၂ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။
23 ၂၃ ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။
၂၃ယုဒကလည်း၊ အရှက်မကွဲမည်အကြောင်း၊ ယူပါ လေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24 ၂၄ ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
၂၄ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါး က၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍ မီးရှို့စေဟု စီရင်လေ၏။
25 ၂၅ ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။
၂၅ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။
26 ၂၆ ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။
၂၆ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
27 ၂၇ ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။
၂၇ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။
28 ၂၈ ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။
၂၈ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ ၏။
29 ၂၉ သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
၂၉သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြု သော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ၏။
30 ၃၀ ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။
၃၀ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဘွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။

< ကမ္ဘာ​ဦး 38 >