< ကမ္ဘာ​ဦး 12 >

1 ထာဝရဘုရား သည်လည်း အာဗြံ ကို ခေါ် တော်မူ၍၊ သင် ၏ပြည် နှင့်တကွ အမျိုးသား ချင်းပေါက်ဘော် များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွားလော့။
ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။
2 ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။
ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
3 သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4 ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အာဗြံ ထွက်သွား ၍ လောတ လည်းလိုက် လေ၏။ အာဗြံ သည် ခါရန် မြို့မှ ထွက်သွား သောအခါ အသက် ခုနစ် ဆယ်ငါး နှစ် ရှိ၏။
ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
5 အာဗြံ သည် မယား စာရဲ ၊ အစ်ကို သား လောတ နှင့် ၊ ဥစ္စာ ရ တတ်သမျှ ကို ၎င်း ၊ ခါရန် မြို့၌ ရ သောလူ တို့ကို၎င်း ၊ ယူပြီးလျှင် ခါနာန် ပြည် သို့ ရောက် ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည် သို့ ရောက် ကြ၏။
အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6 အာဗြံ သည် ထိုပြည် ကို ရှောင်သွား ၍ ရှိခင် အရပ် ၊ မောရေ သပိတ် ပင်သို့ ရောက်လေ၏။ ထိုအခါ ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။
အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။
7 ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။
ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။
8 ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။
ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။
9 အာဗြံ သည် ခရီး သွားလျက် ၊ ပြောင်း လျက် ၊ တောင် မျက်နှာသို့ ရောက် လေ၏။
အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။
10 ၁၀ ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါး ခြင်းဖြစ် ၏။ အလွန် အစား ခေါင်းပါးသောကြောင့် ၊ အာဗြံ သည် အဲဂုတ္တ ပြည်၌ တည်းခို ခြင်းငှါ သွား လေ၏။
၁၀ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။
11 ၁၁ အဲဂုတ္တု ပြည်နှင့် နီး သောအခါ၊ မိမိ မယား စာရဲ ကို ၊ သင် သည် အဆင်း လှ သော မိန်းမ ဖြစ်သည်ကို ငါသိ ၏။
၁၁အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။
12 ၁၂ အဲဂုတ္တု လူတို့သည် သင့် ကိုမြင် သောအခါ ၊ ဤ မိန်းမသည် သူ ၏မယား ဖြစ်၏ဟုဆို လျက် ၊ ငါ့ ကိုသတ် ၍ သင့် ကို အသက် ချမ်းသာပေးလိမ့်မည်။
၁၂အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။
13 ၁၃ သို့ဖြစ်၍ သင် သည် ငါ့ နှမ ဖြစ်ကြောင်းကို ပြော ပါလော့။ သို့ ပြောလျှင် သင့်အတွက် ငါ ကောင်းစား လိမ့်မည်။ သင် ၏ကျေးဇူးအားဖြင့် ငါ အသက် ချမ်းသာ ရလိမ့်မည်ဟု ဆို၏။
၁၃သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို၏။
14 ၁၄ အာဗြံ သည် အဲဂုတ္တ ပြည်သို့ ရောက် သောအခါ ၊ သူ၏မယား သည် အလွန် အဆင်း လှသည်ကို အဲဂုတ္တု လူတို့သည် မြင် ကြ၏။
၁၄အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။
15 ၁၅ ဖါရော ဘုရင်၏မှူး တော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော်၌ ချီးမွမ်း ပြီးလျှင် ၊ နန်း တော်သို့ သွင်း ရကြ၏။
၁၅ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
16 ၁၆ ဖာရောဘုရင်သည် ထိုမိန်းမ အတွက် အာဗြံ ၌ ကျေးဇူး ပြုသဖြင့် ၊ သူ သည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့် ကြွယ်ဝ၏။
၁၆ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။
17 ၁၇ ထာဝရဘုရား သည် အာဗြံ ၏ မယား စာရဲ အတွက် ကြောင့်၊ ဖါရော ဘုရင်မှစ၍ နန်းတော် သားတို့ကို ကြီး သော ဘေးဒဏ် ဖြင့် ဆုံးမ တော်မူ၏။
၁၇ထာဝရဘုရားသည် အာဗြံ၏ မယားစာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။
18 ၁၈ ဖါရော ဘုရင်သည်လည်း အာဗြံ ကို ခေါ် ၍ ၊ သင်သည်ငါ ၌ ပြု သောအမှု ကား အဘယ်သို့ နည်း။ သူ သည် သင် ၏မယား ဖြစ်ကြောင်း ကို ၊ ငါ အား အဘယ်ကြောင့် မ ပြော သနည်း။
၁၈ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။
19 ၁၉ ငါ သည် သူ့ ကို သိမ်းပိုက် စေ ခြင်းငှါ၊ သူ သည် ငါ့ နှမ ဖြစ်သည်ဟု အဘယ်ကြောင့် ဆို သနည်း။ သင် ၏ မယား ကို ယခု ယူ ၍ သွား လော့ဟု အမိန့် ရှိ၏။
၁၉ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။
20 ၂၀ ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူ တို့အား မှာ ထားသဖြင့်၊ သူတို့သည် အာဗြံ ၌ ရှိသမျှ သော ဥစ္စာနှင့်တကွ ၊ သမီး မောင်နှံတို့ကို လွှတ်လိုက်ကြ၏။
၂၀ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့် တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။

< ကမ္ဘာ​ဦး 12 >