< ဂလာတိ 3 >

1 ပညာ မဲ့သောဂလာတိ လူတို့၊ လက်ဝါးကပ်တိုင် မှာအသေခံတော်မူသောယေရှု ခရစ် ကို သင် တို့ မျက်မှောက် ၌ ထင်ရှား စွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှာသင် တို့ကို အဘယ်သူ ပြုစား သနည်း။
Wagalatia wajinga, ni jicho gani ovu lililowaharibu? Je Yesu Kristo hakuoneshwa kama msulubiwa mbele ya macho yenu?
2 ပညတ် တရား၏အကျင့် အားဖြင့် ဝိညာဉ် တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည် ခြင်းတရားကို ကြားနာ ခြင်းအားဖြင့် ခံရ ကြသလောဟူသောအရာ တစ်ခုကိုသာ သင် တို့၌ ငါသိ လို ၏။
Mimi nataka tu kufahamu hili kutoka kwenu. Je mlimpokea Roho kwa matendo ya sheria au kwa kuamini kile mlichosikia?
3 ဤမျှလောက် ပညာ မဲ့ကြသလော။ ဝိညာဉ် တော်ကိုအမှီပြု၍ လုပ်စရှိ ပြီးမှ၊ ဇာတိ ကိုအမှီပြု၍ ပြီး စေကြသလော။
Je, ninyi ni wajinga kiasi hiki? Je mlianza katika Roho ili mmalize katika mwili?
4 ဤမျှလောက် ဆင်းရဲ ခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက် ဖြစ် ရမည်လော။
Je mliteseka kwa mambo mengi bure, kama kweli yalikuwa ya bure?
5 ထိုမှတပါးဝိညာဉ် တော်ကို သင် တို့အား ပေး ၍၊ သင် တို့၌ တန်ခိုး များကိုပြ သောသူသည်ပညတ် တရား၏ အကျင့် အားဖြင့် ပြသလော။ ယုံကြည် ခြင်းတရားကို နာ ခြင်းအားဖြင့် ပြသလော။
Je yeye atoaye Roho kwenu na kutenda matendo ya nguvu kati yenu hufanya kwa matendo ya sheria au kwa kusikia pamoja na imani?
6 ထိုနည်းတူအာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
Abraham “Alimwamini Mungu akahesabiwa kuwa mwenye haki”.
7 ယုံကြည် ခြင်းရှိသောသူ သည် အာဗြဟံ ၏သား ဖြစ် သည်ဟု အမှန်သိမှတ် ကြလော့။
Kwa namna ile ile eleweni kwamba, wale ambao wanaamini ni watoto wa Abrahamu.
8 ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။
Andiko lilitabiri kwamba Mungu angewahesabia haki watu wa mataifa kwa njia ya imani. Injili ilihubiriwa kwanza kwa Abrahamu: “katika wewe mataifa yote yatabarikiwa”.
9 သို့ဖြစ်၍ ယုံကြည် ခြင်းရှိသောသူ တို့သည် ယုံကြည် သော အာဗြဟံ နှင့်အတူ ကောင်းကြီး မင်္ဂလာကိုခံရကြ၏။
Ili baadaye wale ambao wana imani wabarikiwe pamoja na Abrahamu, ambaye alikuwa na imani.
10 ၁၀ ပညတ် တရား၏အကျင့် ကို အမှီပြု သောသူ ရှိသမျှ တို့သည် အကျိန် နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ၊ ပညတ္တိ ကျမ်းစာ ၌ ပါ သမျှ သော စကား တို့ကို အမြဲ မ ကျင့်သောသူ တိုင်း ကျိန် တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏။
Wale ambao wanategemea matendo ya sheria wako chini ya laana. Kwa kuwa imeandikwa, “Amelaaniwa kila mtu ambaye hashikamani na mambo yote yaliyoandikwa katika kitabu cha sheria, kuyatenda yote.”
11 ၁၁ တဖန်တုံ၊ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
Sasa ni wazi kwamba Mungu hamhesabii haki hata mmoja kwa sheria, kwa kuwa “Mwenye haki ataishi kwa imani”.
12 ၁၂ ပညတ် တရားမူကား ၊ ယုံကြည် ခြင်းနှင့် မ စပ်ဆိုင် ။ ထိုအကျင့်ကို ကျင့် သောသူ သည်၊ ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။
Sheria haitokani na imani, lakini badala yake “Ambaye hufanya mambo haya katika sheria, ataishi kwa sheria.”
13 ၁၃ ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။
Kristo alitukomboa sisi kutoka katika laana ya sheria wakati alipofanyika laana kwa ajili yetu. Kwa kuwa imeandikwa, “Amelaaniwa kila mtu aangikwaye juu ya mti.”
14 ၁၄ အကြောင်းမူကား ၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်ယေရှု ခရစ် အားဖြင့် တပါး အမျိုးသားတို့၌ သက်ရောက် သည်ဖြစ်၍ ၊ ငါတို့သည် ဂတိ တော်နှင့် ယှဉ်သော ဝိညာဉ် တော်ကိုယုံကြည် ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။
Lengo lilikuwa kwamba, baraka ambazo zilikuwa kwa Ibrahimu zingekuja kwa watu wa mataifa katika Kristo Yesu, ili kwamba tuweze kupokea ahadi ya Roho kupitia imani.
15 ၁၅ ညီအစ်ကို တို့၊ လောကီ ဝေါဟာရအားဖြင့် ငါပြော မည်။ လူ သော်လည်း ဝန်ခံ စာကိုချုပ် ပြီးမှအဘယ်သူ မျှမပယ် ရ။ ထပ်ဆင့် ၍စကားကို မသွင်းရ။
Ndugu, ninazungumza kwa namna ya kibinadamu. Hata wakati ambapo agano la kibinadamu limekwisha kuwekwa imara, hakuna awezaye kupuuza au kuongezea.
16 ၁၆ ဂတိ တော်တို့ကို အာဗြဟံ နှင့် သူ ၏အမျိုးအနွယ် ၌ ထား တော်မူ၏။ အမျိုးအနွယ်တို့ဟု အများ သောသူ တို့ကိုရည်မှတ် ၍ မိန့် တော်မူသည်မ ဟုတ်။ သင် ၏ အမျိုးအနွယ်ဟု တစ် ယောက်သောသူကို ရည်မှတ် ၍ မိန့် တော်မူ၏။ ထိုတစ်ယောက်သောသူ ကား ခရစ်တော် ဖြစ် သတည်း။
Sasa ahadi zilisemwa kwa Ibrahim na kwa kizazi chake. Haisemi, “kwa vizazi,” kumaanisha wengi, bali badala yake kwa mmoja pekee, “kwa kizazi chako,” ambaye ni Kristo.
17 ၁၇ ငါဆို သည်ကား၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင် တည် စေတော်မူနှင့်သောပဋိညာဉ် တရားကို အနှစ် လေးရာ သုံးဆယ် လွန် ပြီးမှနောက်ဖြစ် သောပညတ် တရားသည်မ ပယ် နိုင်။ ဂတိ တော်ကို အချည်းနှီး မဖြစ်စေနိုင်။
Sasa nasema hivi, sheria ambayo ilikuja miaka 430 baadaye, haiondoi agano la nyuma lililowekwa na Mungu.
18 ၁၈ ထိုမှတစ်ပါး၊ အမွေ တော်သည် ပညတ် တရားနှင့် စပ်ဆိုင် လျှင် ဂတိ တော်နှင့်မ စပ်ဆိုင် ။ ဘုရားသခင် သည် ဂတိ တော်အားဖြင့် အာဗြဟံ အား ထိုအမွေတော်ကို သနား တော်မူ၏။
Kwa kuwa kama urithi ungelikuja kwa njia ya sheria, usingekuwa tena umekuja kwa njia ya ahadi. Lakini Mungu aliutoa bure kwa Ibrahimu kwa njia ya ahadi.
19 ၁၉ သို့ဖြစ်၍ ပညတ် တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိ တော်ကိုခံသော အမျိုးအနွယ် မ ဖြစ် မှီတိုင်အောင်၊ ဒုစရိုက် များကြောင့် ထိုတရားကို ထပ် ၍ပေးတော်မူ၏။ ထိုတရား ကိုကောင်းကင် တမန်များအားဖြင့် အာမခံ ၏ လက် ၌ထား တော်မူ၏။
Kwa nini sasa sheria ilitolewa? Iliongezwa kwa sababu ya makosa, mpaka mzao wa Ibrahimu aje kwa wale ambao kwao alikuwa ameahidiwa. Sheria iliwekwa katika shinikizo kupitia malaika kwa mkono wa mpatanishi.
20 ၂၀ အာမခံ မည်သည်ကား၊ တစ် ဘက်နှင့်သာဆိုင် သည်မ ဟုတ်။ ဘုရားသခင် မူကား တစ် ဘက်ဖြစ် တော်မူ၏။
Sasa mpatanishi humaanisha zaidi ya mtu mmoja, bali Mungu ni mmoja peke yake.
21 ၂၁ သို့ဖြစ်၍ ပညတ် တရားသည် ဘုရားသခင် ၏ ဂတိ တော်နှင့် ဆန့်ကျင်ဘက် ဖြစ်သလော။ ထိုသို့ မ ဖြစ် နိုင်ရာ။ အသက် ရှင်စေနိုင် သော ပညတ် တရားကို ပေး တော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရား အားဖြင့် ဖြောင့်မတ် ခြင်းကိုရ လိမ့်မည် ။
Kwa hiyo je sheria iko kinyume na ahadi za Mungu? La hasha! Kwa kuwa kama sheria iliyokuwa imetolewa ilikuwa na uwezo wa kuleta uzima, haki ingepatikana kwa sheria.
22 ၂၂ ယခုမူကား ၊ ယုံကြည် သောသူ တို့သည် ယေရှု ခရစ် ကို ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဂတိ တော်ကို ရ မည်အကြောင်း ကျမ်းစာ သည်လူအပေါင်း တို့ကို အပြစ် ၌ ချုပ် ထား၏။
Lakini badala yake, andiko limefunga mambo yote chini ya dhambi. Mungu alifanya hivi ili kwamba ahadi yake ya kutuokoa sisi kwa imani katika Yesu Kristo iweze kupatikana kwa wale wanao amini.
23 ၂၃ ယုံကြည် ခြင်းတရားမ ရောက် မှီ ပညတ် တရားသည်စောင့် နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှား လတံ့သော ယုံကြည် ခြင်းတရားကိုမြော်လင့်၍ ချုပ် ထားလျက်ရှိကြ၏။
Lakini kabla ya imani katika Kristo haijaja, tulikuwa tumefungwa na kuwa chini ya sheria hadi uje ufunuo wa imani.
24 ၂၄ ထိုကြောင့် ငါတို့သည်ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်စေခြင်းငှါ ပညတ် တရားသည် ခရစ်တော် ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါ တို့၏ အထိန်း ဖြစ် သတည်း။
Kwa hiyo sheria ilifanyika kiongozi wetu hadi Kristo alipokuja, ili kwamba tuhesabiwe haki kwa imani.
25 ၂၅ ယုံကြည် ခြင်းတရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိန်း လက်မှ လွတ် ကြ၏။
Sasa kwa kuwa imani imekuja, hatuko tena chini ya mwangalizi.
26 ၂၆ အဘယ်သို့ နည်းဟူမူကား၊ သင်တို့အပေါင်း သည် ယေရှု ခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။
Kwa kuwa ninyi nyote ni watoto wa Mungu kupitia imani katika Kristo Yesu.
27 ၂၇ ခရစ်တော် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် ခရစ်တော် ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏။
Wote ambao mlibatizwa katika Kristo mmejivika Kristo.
28 ၂၈ ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။
Hakuna Myahudi wala Myunani, mtumwa wala huru, mwanaume wala mwanamke, kwa kuwa ninyi nyote ni mmoja katika Kristo Yesu.
29 ၂၉ ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။
Kama ninyi ni wa Kristo, basi ni uzao wa Ibrahimu, warithi kwa mujibu wa ahadi.

< ဂလာတိ 3 >