< ဧ​ဇ​ရ 7 >

1 ထိုနောက် ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌၊
Und nach diesen Begebenheiten, unter der Regierung Artasastas, des Königs von Persien, zog Esra, der Sohn Serajas, des Sohnes Asarjas, des Sohnes Hilkijas,
2 ယဇ်ပုရောဟိတ် အကြီး အာရုန်၊
des Sohnes Schallums, des Sohnes Zadoks, des Sohnes Ahitubs,
3 ဧလာဇာ ၊ ဖိနဟတ် ၊ အဘိရွှ ၊ ဗုက္ကိ၊
des Sohnes Amarjas, des Sohnes Asarjas, des Sohnes Merajoths,
4 ဩဇိ ၊ ဇေရဟိ ၊ မေရာယုတ် ၊ အာဇရိ ၊ အာမရိ ၊
des Sohnes Serachjas, des Sohnes Ussis, des Sohnes Bukkis,
5 အဟိတုတ် ၊ ဇာဒုတ် ၊ ရှာလ္လုံ ၊ ဟိလခိ ၊ အာဇရိ ၊ စရာယ တို့မှ ဆင်းသက်သောသူ၊
des Sohnes Abischuas, des Sohnes Pinehas, des Sohnes Eleasars, des Sohnes Aarons, des Hauptpriesters-
6 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။
dieser Esra zog herauf von Babel; und er war ein kundiger Schriftgelehrter in dem Gesetz Moses, welches Jehova, der Gott Israels, gegeben hatte. Und weil die Hand Jehovas, seines Gottes, über ihm war, [W. nach der Hand Jehovas über ihm; so auch V. 9. 28 usw.] gab ihm der König all sein Begehr.
7 အာတဇေရဇ် မင်းကြီး နန်းစံခုနစ် နှစ် တွင် ၊ အချို့ သော ဣသရေလ အမျိုးသားယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် လည်း ၊ ယေရုရှလင် မြို့သို့ လိုက်သွား ကြ၏။
Und es zog mit ihm eine Anzahl von den Kindern Israel und von den Priestern und den Leviten und den Sängern und den Torhütern und den Nethinim [S. die Anm. zu 1. Chron. 9,2] nach Jerusalem hinauf, im siebten Jahre des Königs Artasasta.
8 ရှင်ဘုရင် နန်းစံခုနစ် နှစ် ၊ ပဉ္စမ လ တွင် ဧဇရ သည် ယေရုရှလင် မြို့သို့ ရောက် လေ၏။
Und er kam nach Jerusalem im fünften Monat, das war das siebte Jahr des Königs.
9 ပဌမ လ တရက် နေ့တွင် ၊ ဗာဗုလုန် မြို့မှ ထွက်၍၊ ပဉ္စမ လ တရက် နေ့တွင် ၊ မိမိ ဘုရား သခင်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။
Denn am Ersten des ersten Monats hatte er den Hinaufzug aus Babel festgesetzt; [Nach and. Punktierung: war der Beginn des Hinaufziehens aus Babel] und am Ersten des fünften Monats kam er nach Jerusalem, weil die gute Hand seines Gottes über ihm war.
10 ၁၀ အကြောင်း မူကား၊ ဧဇရ သည် ထာဝရဘုရား ၏ တရား တော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှါ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ အမျိုး၌ သွန်သင် ခြင်းငှါ ၎င်း သဘောကျသောသူဖြစ်၏။
Denn Esra hatte sein Herz darauf gerichtet, das Gesetz Jehovas zu erforschen und zu tun, und in Israel Satzung und Recht zu lehren.
11 ၁၁ ထာဝရဘုရား ၏ပညတ် စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့ တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရ အား ၊ အာတဇေရဇ် မင်းကြီး ပေး တော်မူသော အမိန့်တော်စာ ချက်ဟူမူကား၊
Und dies ist die Abschrift des Briefes, welchen der König Artasasta dem Priester Esra, dem Schriftgelehrten, gab, dem Schriftgelehrten in den Worten der Gebote Jehovas und seinen Satzungen für [Eig. betreffs] Israel:
12 ၁၂ ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ် ဧဇရ ၌ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။
Artasasta, König der Könige, Esra, dem Priester, dem vollkommenen Schriftgelehrten im Gesetz des Gottes des Himmels, und so weiter.
13 ၁၃ ငါ့ နိုင်ငံ ၌ ရှိသောဣသရေလ အမျိုးသား၊ ယဇ် ပုရောဟိတ် ၊ လေဝိ သားတို့တွင် ယေရုရှလင် မြို့သို့ ကိုယ် အလို အလျောက်သွား ချင်သောသူ ရှိသမျှ တို့သည် သင် နှင့်အတူ လိုက်သွား ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
Von mir wird Befehl gegeben, daß ein jeder in meinem Reiche, von dem Volke Israel und seinen Priestern und den Leviten, der bereitwillig ist, nach Jerusalem zu ziehen, mit dir ziehen mag.
14 ၁၄ အကြောင်း မူကား၊ သင် ၏ဘုရား သခင့်တရား ကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒ ပြည်ယေရုရှလင် မြို့၌ တရားအမှုများကို မေးမြန်း စစ်ဆေးစေခြင်းငှါ ၎င်း၊
Weil du von dem König und seinen sieben Räten gesandt wirst, um eine Untersuchung über Juda und Jerusalem anzustellen, nach dem Gesetz deines Gottes, das in deiner Hand ist,
15 ၁၅ ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်အား ၊ ရှင် ဘုရင်နှင့် အတွင်းဝန် တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေ ငွေ နှင့်တကွ၊
und das Silber und das Gold hinzubringen, das der König und seine Räte dem Gott Israels, dessen Wohnung in Jerusalem ist, freiwillig gegeben haben,
16 ၁၆ ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင် မြို့၏ဘုရား အိမ် တော်အဘို့ အလိုလို လှူ၍ ဗာဗုလုန် ပြည် ၌ သင်ရ နိုင်သမျှသော ရွှေ ငွေ ကို ဆောင်သွား စေခြင်းငှါ၎င်း၊ ရှင် ဘုရင်နှင့် အတွင်းဝန် ခုနစ် ပါး စေလွှတ် ၏။
sowie alles Silber und Gold, das du in der ganzen Landschaft Babel bekommen wirst, nebst der freiwilligen Gabe des Volkes und der Priester, die freiwillig geben für das Haus ihres Gottes, das in Jerusalem ist;
17 ၁၇ ထိုငွေ ကိုယူပြီးလျှင်နွား ၊ သိုး ထီး၊ သိုး သငယ်နှင့်တကွ ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို အလျင် အမြန်ဝယ် ၍၊ ယေရုရှလင် မြို့၌ ရှိသော သင် တို့၏ ဘုရား အိမ် တော် ယဇ် ပလ္လင် ပေါ် မှာ ပူဇော် ရမည်။
deshalb kaufe mit Fleiß für dieses Geld Stiere, Widder, Lämmer, und ihre Speisopfer und ihre Trankopfer, und bringe sie dar auf dem Altar des Hauses eures Gottes, das in Jerusalem ist.
18 ၁၈ ကျန် ကြွင်းသော ရွှေ ငွေ ကို သင် နှင့် သင့် ညီအစ်ကို တို့ ပြုချင်သမျှအတိုင်း၊ သင် တို့၏ ဘုရား သခင်အလို တော်နှင့်အညီ ပြု လော့။
Und was dich und deine Brüder gut dünkt, mit dem übrigen Silber und Gold zu tun, das möget ihr nach dem Willen eures Gottes tun.
19 ၁၉ သင် ၏ဘုရား အိမ် တော်ဝတ်ပြု စရာဘို့ သင် ၌ အပ် ပေးသော တန်ဆာ များကိုလည်း ၊ ယေရုရှလင် မြို့၏ ဘုရား သခင့်ရှေ့ တော်တွင် သိုထား လော့။
Und die Geräte, die dir zum Dienste des Hauses deines Gottes gegeben worden sind, liefere ab vor dem Gott Jerusalems.
20 ၂၀ သင် ၏ဘုရား သခင့် အိမ် တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာ တော်ထဲက ထုတ် ၍ဝယ်လော့။
Und den übrigen Bedarf des Hauses deines Gottes, was dir auszugeben vorfallen wird, sollst du aus dem Schatzhause des Königs ausgeben. -
21 ၂၁ ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့် တရား ကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ တောင်း သမျှ အတိုင်း၊
Und von mir, dem König Artasasta, wird an alle Schatzmeister jenseit des Stromes Befehl gegeben, daß alles, was Esra, der Priester, der Schriftgelehrte im Gesetz des Gottes des Himmels, von euch fordern wird, pünktlich getan werde,
22 ၂၂ ငွေ အခွက်တထောင်၊ ဂျုံ ဆန်ကောရ တရာ ၊ စပျစ်ရည် ဗတ်တရာ ၊ ဆီ ဗတ် တရာ နှင့်တကွ ဆား မည်မျှ မဆို၊ မြစ် အနောက် ဘက်၌နေသောအခွန် ဝန်အပေါင်း တို့ သည် အလျင် အမြန်ပေးရမည်အကြောင်း၊ ငါ ရှင် ဘုရင် အာတဇေရဇ် အမိန့် တော်ရှိ၏။
bis zu hundert Talenten Silber und bis zu hundert Kor Weizen und bis zu hundert Bath Wein und bis zu hundert Bath Öl, und Salz ohne Maß. [Eig. ohne Aufschreiben]
23 ၂၃ ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်မှာ ထား တော်မူသမျှ အတိုင်း ၊ ထိုဘုရား သခင်၏ အိမ် တော် အဘို့ ကြိုးစား ၍လုပ်ဆောင် စေ။ ရှင် ဘုရင်နှင့် ဆွေ တော်မျိုးတော်အပေါ် သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။
Alles, was nach dem Befehl des Gottes des Himmels ist, soll für das Haus des Gottes des Himmels sorgfältig getan werden; denn warum sollte ein Zorn kommen über das Reich des Königs und seiner Söhne?
24 ၂၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။
Und euch wird kundgetan, daß niemand ermächtigt ist, allen Priestern und Leviten, Sängern, Torhütern, Nethinim und Dienern dieses Hauses Gottes Steuer, Zoll und Weggeld aufzuerlegen. -
25 ၂၅ သင် ဧဇရ သည်လည်း ၊ သင် ၏ဘုရား သခင်တရား ကို နားလည်သော၊ မြစ် အနောက် ဘက်သား အပေါင်း တို့တွင် ၊ တရား မှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရား သူကြီးများကို သင် ၏ဘုရား သင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့် ထားလော့။
Du aber, Esra, bestelle nach der Weisheit deines Gottes, die bei dir [W. in deiner Hand; vielleicht in dem Sinne von V. 14] ist, Richter und Rechtspfleger, welche alles Volk richten sollen, das jenseit des Stromes ist, alle, welche die Gesetze deines Gottes kennen; und dem, der sie nicht kennt, sollt ihr sie kundtun.
26 ၂၆ သင် ၏ဘုရား သခင့်တရား နှင့် ရှင် ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေ သတ်ခြင်း၊ နှင်ထုတ် ခြင်း၊ ဥစ္စာ သိမ်းယူ ခြင်း၊ ထောင် ထဲမှာ လှောင်ထားခြင်းတည်းဟူသောရာဇဝတ်တစုံတခုကို အလျင် အမြန် ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
Und ein jeder, der das Gesetz deines Gottes und das Gesetz des Königs nicht tun wird, an dem soll mit Eifer Gericht geübt werden, sei es zum Tode, oder zur Verbannung, oder zur Buße an Gütern, oder zum Gefängnis.
27 ၂၇ ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။
Gepriesen sei Jehova, der Gott unserer Väter, der solches in das Herz des Königs gegeben hat, um das Haus Jehovas zu verherrlichen, das in Jerusalem ist,
28 ၂၈ ထိုသို့ ငါ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ၊ ငါ သည် ခွန်အား ရှိ၍ ငါ နှင့်အတူ လိုက် သွား ရသောဣသရေလ အမျိုး အကြီး အကဲတို့ကို စုဝေး စေ၏။
und der mir Güte zugewandt hat vor dem König und seinen Räten und allen mächtigen Fürsten des Königs! Und ich erstarkte, weil die Hand Jehovas, meines Gottes, über mir war, und ich versammelte Häupter aus Israel, daß sie mit mir hinaufzögen.

< ဧ​ဇ​ရ 7 >