< ယေဇကျေလ 9 >

1 ဖျက်ဆီး သော လက်နက် ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီးသို့ဆောင် ခဲ့ကြလော့ ဟု ကျယ် သောအသံ နှင့် ခေါ် တော်မူသည်ကို ငါ ကြား ၏။
ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
2 ထိုအခါ လူ ခြောက် ယောက်တို့သည် အသီးအသီး ကွပ်မျက် စရာ လက်နက် ကို ကိုင် လျက် ၊ တယောက် သည်လည်း ၊ ပိတ် အဝတ်ကိုဝတ် ၍ နံ ပါး၌ မှင်အိုး ပါလျက်၊ မြောက် မျက်နှာ ဘက် အထက် တံခါး လမ်း ဖြင့် ဝင် ၍ ၊ ကြေးဝါ ပလ္လင် အနား မှာရပ် နေကြ၏။
ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ၏။
3 ဣသရေလ အမျိုး၏ဘုရားသခင် ဘုန်း တော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှ အိမ် တော်တံခါး ခုံသို့ တက် ၍၊ ပိတ် အဝတ်ကိုဝတ် လျက်၊ နံပါး ၌ မှင်အိုး ပါသောသူ ကို ခေါ် ၍ ၊
ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
4 ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊
ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
5 အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။
အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
6 အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
7 တဖန်တုံ ၊ အိမ် တော်ကိုညစ်ညူး စေ၍ ၊ ကွပ်မျက်သော သူအသေ ကောင်တို့နှင့် တန်တိုင်း များကို ပြည့် စေပြီးမှ၊ ထွက်သွား ကြလော့ဟု မိန့် တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ ထဲ၌ ကွပ်မျက် ကြ၏။
တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
8 ထိုသို့ သူ တို့သည် ကွပ်မျက် ကြသောအခါ ၊ ငါ နေရစ် စဉ်တွင်ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ယေရုရှလင် မြို့အပေါ် သို့ အမျက် တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်း သမျှ သောဣသရေလ အမျိုးကို ဖျက်ဆီး တော်မူ မည်လော ဟု ကြွေးကြော် ၍ လျှောက် လေ၏။
ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
9 ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
10 ၁၀ ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။
၁၀ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
11 ၁၁ ပိတ် အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုး ပါသောသူ ကလည်း၊ ကိုယ်တော် မှာ ထားတော်မူသည်အတိုင်း အကျွန်ုပ်ပြု ပါပြီဟု ပြန်လျှောက် လေ၏။
၁၁ပိတ်အဝတ်ကို ဝတ်၍နံပါး၌ မှင်အိုးပါသော သူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။

< ယေဇကျေလ 9 >