< ယေဇကျေလ 39 >

1 သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဂေါဂ တဘက် ၌ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရ သောအိုဂေါဂ မင်း ၊ ငါ သည်သင့် တဘက် ၌ နေ၏။
သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2 သင့် ကို ငါလှည့် ၍ သွေးဆောင် မည်။ မြောက် မျက်နှာ မှ ချီ လာ၍ ဣသရေလ တောင် တို့အပေါ်သို့ ရောက် စေမည်။
သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3 ထိုအခါ သင့် လက်ဝဲ လက် မှ လေး ကို၎င်း ၊ လက်ျာ လက် မှ မြှား တို့ကို၎င်း ငါရိုက် ၍ကျ စေမည်။
ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4 သင် နှင့် သင် ၌ပါသောတပ်သား အပေါင်း တို့ သည် ဣသရေလ တောင် တို့အပေါ်မှာ လဲ ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုး သော ငှက်ရဲ ၊ သားရဲ တို့ကိုက်စား စရာဘို့ ငါအပ် မည်။
သင်နှင့်သင်၌ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့် မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5 သင်သည် လွင်ပြင် ၌ လဲ ၍သေလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6 မာဂေါဂ ပြည်နှင့် ပင်လယ် ကမ်းနားမှာ ငြိမ်ဝပ် စွာနေ သောသူတို့ အပေါ်သို့ မီး ကိုငါလွှတ် လိုက်၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7 ထိုသို့ ငါ ၏ နာမ မြတ် ကိုငါ ၏ လူ ဣသရေလ အမျိုးသားတို့တွင် ထင်ရှား စေမည်။ နောက် တဖန်သူတို့ သည် ငါ ၏နာမ မြတ် ကိုမ ရှုတ်ချ ရကြ။ ငါ သည်ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထာဝရဘုရား ဖြစ်ကြောင်း ကို တပါးအမျိုးသား တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အမှုရောက် လေပြီ။ ပြည့်စုံ လေပြီ။ ယခု နေ့ရက်သည် ငါမိန့်မြွက် နှင့်ပြီးသော နေ့ ရက်ဖြစ်၏။
တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
9 ဣသရေလ မြို့ တို့၌ နေ သောသူတို့သည် ထွက်သွား ၍ ၊ စစ်တိုက် လက်နက်၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံ များကို ခုနစ် နှစ် ပတ်လုံးမီး ရှို့ ကြလိမ့်မည်။
ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
10 ၁၀ ထိုကာလတွင် ဥယျာဉ် ၌ ထင်း မ ခွေ၊ တော ၌ ထင်းမ ခုတ် မလှဲ၊ စစ်တိုက် လက်နက်တို့နှင့် မီးမွှေး ကြ လိမ့်မည်။ ဖျက်ဆီး သောသူတို့ကို ဖျက်ဆီး ကြလိမ့်မည်။ လုယူ သောသူတို့၏ ဥစ္စာကိုလည်းလုယူ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၀ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11 ၁၁ ထို ကာလ တွင် ဣသရေလ ပြည်၊ အိုင် အရှေ့ ၊ ခရီးသွား ရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်း ကိုဂေါဂ အား ငါပေး မည်။ ခရီသွား သောသူတို့ သည် နှာခေါင်းကို ပိတ် ရကြ လိမ့်မည်။ ထို အရပ်၌ ဂေါဂ နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ ကိုမြေ၌ မြှုပ် ၍၊ ထိုချိုင့်သည် ဟာမုန် ဂေါဂ ချိုင့်အမည် ဖြင့် တွင်လိမ့်မည်။
၁၁ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
12 ၁၂ ဣသရေလ အမျိုးသား တို့သည် ပြည် ကို သန့်ရှင်း စေခြင်းငှါ ခုနစ် နှစ် ပတ်လုံးမြေ ၌မြှုပ်ကြ လိမ့်မည်။
၁၂ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြ လိမ့်မည်။
13 ၁၃ ပြည်သား အပေါင်း တို့သည် ဝိုင်း၍မြေ၌မြှုပ် သဖြင့် ၊ ငါ ၏ဘုန်း ပွင့်သော ထိုနေ့ ရက်၌ သူတို့သည်လည်း ကျော်စော ခြင်းသို့ ရောက် ကြလိမ့်မည် ဟုအရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၃ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
14 ၁၄ အရပ်ရပ် လှည့်လည် ၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေ ပေါ်၌ ကြွင်း သေးသော အသေကောင်တို့ကို မြှုပ် ၍၊ ထိုပြည် ကို သန့်ရှင်း စေခြင်းငှါ အစဉ် အမှုစောင့်သောသူတို့ ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ် လ မက ရှာဖွေ ကြစဉ်တွင်၊
၁၄အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင်၊
15 ၁၅ လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေကောင် ၏ အရိုး ကိုတွေ့မြင် လျှင် ၊ မြေ ၌မြှုပ်သောသူတို့ သည် ဟာမုန် ဂေါဂချိုင့်၌ မ မြှုပ် မှီတိုင်အောင်၊ အရိုး ၏အနား မှာမှတ်တိုင် ကို စိုက် ရကြမည်။
၁၅လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေ ကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။
16 ၁၆ ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ ဟူ၍တွင် သဖြင့် ၊ ထိုသို့ပြည် တော်ကို သန့်ရှင်း စေကြ လိမ့်မည်။
၁၆ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည်။
17 ၁၇ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ငှက် အမျိုးမျိုး တို့နှင့် မြေ တိရစ္ဆာန် ခပ်သိမ်း တို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး ၍ လာ ကြလော့။ ဣသရေလ တောင် တို့အပေါ်၌ သင် တို့အဘို့ ငါစီရင်သော ယဇ် ပွဲကြီး သို့ အရပ်ရပ် တို့က စည်းဝေး ၍၊ အသား အသွေး ကို သောက် စား ခြင်းငှါလာကြလော့။
၁၇အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။
18 ၁၈ သင်တို့သည် အားကြီး သောသူတို့၏ အသား ၊ လောကီ မင်း တို့၏အသွေး ၊ ဗာရှန် ပြည်၌ ဆူ အောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘ တို့၏ အသား အသွေးကို သောက် စား ရကြလိမ့်မည်။
၁၈သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။
19 ၁၉ သင် တို့အဘို့ ငါစီရင် သော ယဇ် ပွဲ၌ ဆီဥ ကိုဝ စွာ စား ရကြလိမ့်မည်။ အသွေး နှင့်ယစ်မူး သည်တိုင်အောင် သောက် ရကြလိမ့်မည်။
၁၉သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
20 ၂၀ ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီး သူရဲ၊ ခွန်အား ကြီးသောသူ၊ စစ်တိုက် သောသူ အမျိုးမျိုး တို့ကို ဝ စွာစားရကြ လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၀ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 ၂၁ ငါ့ ဘုန်း ကိုလည်း တပါးအမျိုးသား တို့တွင် ငါထင်ရှား စေ၍ ၊ ငါစီရင် သော တရားမှု နှင့် ၊ သူ တို့၌ ငါတင် သော လက် ကို တပါးအမျိုးသား အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
၂၁ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
22 ၂၂ ငါ သည်သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် ထို နေ့ မှစ၍ သိ ရကြလိမ့်မည်။
၂၂ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။
23 ၂၃ ဣသရေလ အမျိုးသား တို့သည် မိမိ အမျိုးတို့ အပြစ် ကြောင့် သိမ်း သွားခြင်းခံရကြောင်း ကို တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ့ ကိုပြစ်မှား သောကြောင့် ၊ ငါသည် မျက်နှာ လွှဲ ၍ ရန်သူ တို့လက် သို့ အပ် သဖြင့် ၊ ထိုသူ အပေါင်း တို့သည် ထား ဖြင့် လဲ ၍ သေရ ကြပြီ။
၂၃ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသော ကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ် သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရ ကြပြီ။
24 ၂၄ သူ တို့ညစ်ညူး သောအမှု၊ လွန်ကျူး ခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာ ကိုလွှဲ ပြီ။
၂၄သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။
25 ၂၅ ဤ အမှုတွင် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သိမ်း သွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင် ခဲ့၍ ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို ကယ်မ သနားသဖြင့် ၊ ငါ ၏နာမ မြတ် အဘို့ အလိုငှါ စိတ် အားကြီးမည်။
၂၅ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
26 ၂၆ သူ တို့ကို လူ အမျိုးမျိုးထဲက ငါ ခေါ် ခဲ့၍၊
၂၆သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
27 ၂၇ ရန်သူ နေရာပြည် တို့မှ စုဝေး စေလျက် ၊ သူ တို့ အားဖြင့် များစွာ သော လူမျိုး တို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက် စေသော သူမ ရှိ၊ ငြိမ်ဝပ် စွာနေ ကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါ့ အား ပြစ်မှား ခြင်းအပြစ် များကို အောက်မေ့ ကြ ရလိမ့်မည်။
၂၇ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
28 ၂၈ ငါသည်သူ တို့ကို တပါးအမျိုးသား တို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေး စေ၍ နေရာချသောကြောင့်၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
၂၈ငါသည်သူတို့ကို တပါးအမျိုးသားတို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
29 ၂၉ ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၉ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< ယေဇကျေလ 39 >