< ယေဇကျေလ 36 >

1 တဖန် အချင်းလူသား ၊ ဣသရေလ တောင် တို့ အား ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ တောင် တို့၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့။
တဖန်အချင်းလူသား၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင် ကြလော့။
2 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူ က၊ အေ့ဟေ ၊ ထာဝရ တောင် တို့သည်ငါ တို့လက်သို့ ရောက် ကြပြီဟု သင် တို့တဘက် ၌ ဆို မိသောကြောင့် ၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊
3 ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆို ရမည်မှာ၊ သင် တို့သည်ကျန်ကြွင်း သော တပါးအမျိုးသား တို့ သိမ်းယူ ရာဖြစ် ရသည်တိုင်အောင် ၊ သင် တို့ကိုသုတ်သင် ပယ်ရှင်း၍ ပတ်လည် ကိုက်စား သောကြောင့် ၎င်း ၊ သင်တို့သည် လူများပြောဆို ရာ၊ ကဲ့ရဲ့ ရာ ဖြစ်သောကြောင့် ၎င်း ၊
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊
4 အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီးရာ၊ ချိုင့် ရာ၊ သုတ်သင် သောလွင်ပြင် မှစ၍၊ ပတ်လည် ၌နေသောတပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူ ကဲ့ရဲ့ ၍၊ မြို့သားစွန့် သွားသော မြို့ တို့အား မိန့် တော်မူသည်ကား၊
အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊
5 အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။
အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
6 သို့ဖြစ်၍ ၊ ဣသရေလ ပြည် ကို ရည်မှတ် ၍ ပရောဖက်ပြု လျက်၊ တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီး ရာ၊ ချိုင့် ရာတို့အား အရှင် ထာဝရဘုရား ၏ အမိန့် တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသား တို့ကဲ့ရဲ့ ခြင်းကိုခံရ သောကြောင့် ၊ ငါသည် ဒေါသ အမျက် ထွက်၍ ပြော ပြီ။
သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေ စီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။
7 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ်စင်စစ် သင် တို့ပတ်လည် ၌နေသောတပါးအမျိုးသား တို့သည် ကိုယ် အရှက်ကွဲ ခြင်းကိုခံရ ကြလိမ့်မည်ဟု ငါ ကျိန်ဆို ပြီ။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
8 အိုဣသရေလ တောင် တို့၊ သင် တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏လူ ဣသရေလ အမျိုးသားတို့အဘို့ အသီး ကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာ ချိန်နီး ပြီ။
အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင် ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။
9 ငါ သည်သင် တို့ဘက်၌ နေ၍ သင် တို့ရှိရာသို့ ပြန်လာ သဖြင့် ၊ သင်တို့အပေါ်မှာလယ်လုပ် ၍ မျိုးစေ့ကြဲ ကြလိမ့်မည်။
ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။
10 ၁၀ သင် တို့အပေါ်မှာ လူ များတည်းဟူသောဣသရေလ အမျိုးသား အပေါင်း တို့ကို ငါပြန့်ပွါး စေသဖြင့် ၊ သူတို့သည် မြို့ များ၌နေ ၍ ပျက်စီး သော အရပ်များကို ပြုပြင် ကြလိမ့်မည်။
၁၀သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။
11 ၁၁ သင် တို့အပေါ်မှာ လူ နှင့် တိရစ္ဆာန် တို့ကို ငါ များပြား စေသဖြင့် ၊ သူတို့သည်ပွားများ ၍ သား မြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာ ချ၍ ၊ အရင် ပြုသကဲ့သို့ငါကျေးဇူး ပြုမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
၁၁သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12 ၁၂ သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။
၁၂သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ။
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချင်းပြည်၊ သင် သည် လူ တို့ကို ကိုက်စား တတ်၏။ ကိုယ် အမျိုးသား တို့ကို လုယူ ဖျက်ဆီးတတ်၏ဟု သူတပါး ဆို သောကြောင့် ၊
၁၃အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါး ဆိုသောကြောင့်၊
14 ၁၄ နောက် တဖန်သင်သည် လူ တို့ကို မ ကိုက် မစားရ။ ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၄နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
15 ၁၅ နောက် တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သော စကားကိုမ ကြား ရ။ နောက် တဖန် ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၅နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
16 ၁၆ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
၁၆တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
17 ၁၇ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ပြည် ၌ နေ သောအခါ ၊ အလိုအလျောက်ကျင့်ကြံ ပြုမူ သောအားဖြင့် ထိုပြည် ကို ညစ်ညူး စေကြ၏။ သူ တို့ အကျင့် ဓလေ့သည် ငါ့ ရှေ့မှာ ဥတု ရောက်သော မိန်းမ၏ အညစ်အကြေး ကဲ့သို့ ဖြစ် ၏။
၁၇အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။
18 ၁၈ ထိုပြည် ၌ လူအသက် ကိုသတ်သောအပြစ်၊ ရုပ်တု တို့နှင့် ညစ်ညူး စေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသ အမျက်ကို သွန်းလောင်း ပြီ။
၁၈ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။
19 ၁၉ အတိုင်းတိုင်း အပြည်ပြည် သို့ ငါကွဲပြား ပြန့်လွင့် စေပြီ။ သူ တို့ကျင့်ကြံ ပြုမူ သည်အတိုင်း ငါစီရင် ပြီ။
၁၉အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။
20 ၂၀ သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊
၂၀သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမ မြတ်ကို ရှုတ်ချသောကြောင့်၊
21 ၂၁ ဣသရေလ အမျိုးသား ရောက် ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချ သော ငါ ၏နာမ မြတ် ကို ငါနှမြော ၏။
၂၁ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။
22 ၂၂ သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။
၂၂သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။
23 ၂၃ တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၃တပါးအမျိုးသားတို့ အလယ်၌သင်တို့ ရှုတ်ချ သော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏။
24 ၂၄ အကြောင်းမူကား ၊ သင် တို့ကို အတိုင်းတိုင်း အပြည်ပြည် တို့က ငါခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သင် တို့နေရင်းပြည် သို့ ပို့ဆောင် မည်။
၂၄အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။
25 ၂၅ သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
၂၅သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
26 ၂၆ စိတ်နှလုံး သစ် ကို ငါပေး မည်။ သဘော သစ် ကို သွင်း ထားမည်။ သင် တို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ အသား နှလုံး ကိုပေး မည်။
၂၆စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
27 ၂၇ ငါ့ ဝိညာဉ် ကိုလည်း သင် တို့အထဲ သို့ သွင်း ပေး သဖြင့် ၊ သင်တို့သည် ငါ ၏တရား လမ်းသို့ လိုက် ၍ ၊ ငါ စီရင် တော်မူချက်တို့ကို စောင့်ရှောက် ကြလိမ့်မည်။
၂၇ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
28 ၂၈ ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ သင်တို့သည် နေ ရ၍ ငါ ၏လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သင် တို့၏ဘုရားသခင် ဖြစ် မည်။
၂၈ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
29 ၂၉ သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
၂၉သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
30 ၃၀ သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသား တို့ ကဲ့ရဲ့ ခြင်းနှင့် လွတ် စေမည်အကြောင်း ၊ သစ်ပင် အသီး နှင့် မြေ အသီးအနှံ ကို ငါများပြား စေမည်။
၃၀သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။
31 ၃၁ ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
၃၁ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည်။
32 ၃၂ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၃၂သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
33 ၃၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ဒုစရိုက် အပြစ်ရှိသမျှ တို့ကို ငါ ရှင်းလင်း သောအခါ ၊ မြို့ များ၌လူနေ စေ၍ ပျက်စီး သော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
၃၃အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
34 ၃၄ ရှောက်သွား သော သူအပေါင်း တို့၏ မျက်မှောက် ၌ စွန့်ပစ် ဘူးသော မြေ တွင် တဖန် လယ်လုပ် ကြ လိမ့်မည်။
၃၄ရှောက်သွားသော သူအပေါင်းတို့၏ မျက် မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည်။
35 ၃၅ ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ် သော ဤ မြေ သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ် လေပြီ။ သုတ်သင် ပယ်ရှင်း ပျက်စီး သော မြို့ တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြော ကြလိမ့်မည်။
၃၅ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
36 ၃၆ ထိုအခါ ပျက်စီး သော အရပ်တို့ကို ငါ ထာဝရ ဘုရား ပြုပြင် ကြောင်း ကို၎င်း၊ စွန့်ပစ် သောမြေတွင် လယ် လုပ် ကြောင်းကို၎င်း၊ သင် တို့ပတ်လည် ၌နေရစ် သော တပါးအမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ ထာဝရဘုရား သည် မိန့်မြွက် သည်အတိုင်း ပြု မည်။
၃၆ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။
37 ၃၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။
၃၇အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။
38 ၃၈ ပျက်စီး သောမြို့ တို့သည် သန့်ရှင်း သော သိုးစု တည်းဟူသော၊ ဓမ္မ ပွဲခံချိန်တွင် ယေရုရှလင် သိုးစု ကဲ့သို့ သော လူ စုတို့နှင့် ပြည့်စုံ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၃၈ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ယေဇကျေလ 36 >