< ယေဇကျေလ 34 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။
အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။
3 သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။
သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
4 အားနည်း သောသိုးကိုမ မစ ကြ၊ နာ သော သိုးတို့ကိုဆေး မ ကုကြ၊ အရိုးကျိုး သောသိုးကို အဝတ် နှင့် မ စည်းကြ၊ သူတပါးနှင် သော သိုးကိုလိုက် ၍မ ဆောင်ခဲ့ ကြ၊ ပျောက် သောသိုးကို မ ရှာ ကြ၊ အနိုင်အထက် ပြု၍ ကြမ်းတမ်း စွာ စီရင် ကြပြီ။
အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
5 ထိန်း သောသူမ ရှိသောကြောင့် သိုးတို့သည် ကွဲပြား ကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်း သော တော သားရဲစားစရာ ဖြစ် ကြ၏။
ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။
6 ငါ့ သိုး တို့သည် တောင် များ၊ မြင့် သောကုန်း များ အပေါ်မှာ လဲ ၍ မြေ တပြင်လုံး တွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူ မျှမလိုက် မ ရှာ ကြ။
ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။
7 သို့ဖြစ်၍ ၊ အချင်းသိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
8 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သိုးထိန်း မ ရှိ၊ အဘယ်သိုးထိန်း မျှ ငါ့ သိုး တို့ကိုမ ရှာ ၊ သိုးထိန်း တို့သည် ငါ့ သိုး တို့ကို မ ကျွေးမွေး ၊ ကိုယ် ကိုသာကျွေးမွေး သဖြင့် ၊ ငါ့ သိုး တို့သည် လုယူ ရာ၊ ခပ်သိမ်း သောတော သားရဲ စားစရာ ဖြစ် သောကြောင့် ၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊
9 အချင်း သိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြလော့။
အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။
10 ၁၀ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည်သိုးထိန်း တို့ တဘက်၌ နေ၏။ ငါ့ သိုး များကို သူ တို့၌ ငါတောင်း ၍ သိုးထိန်း အရာကို နှုတ် မည်။ သိုးထိန်း တို့သည် နောက် တဖန်ကိုယ် ကိုမ ကျွေးမွေး ရကြ။ ငါ့ သိုး များကို သူ တို့ပစပ် မှ ငါနှုတ် ၍ နောက်တဖန် မ ကိုက် မစားရကြ။
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။
11 ၁၁ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။
၁၁အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12 ၁၂ ကွဲပြား လျက်ရှိသောမိမိ သိုး တို့တွင် သိုးထိန်း ရောက် သောအခါ ကြိုးစား၍ ရှာ သကဲ့သို့ ၊ ငါသည်လည်း ငါ့ သိုး တို့ကိုကြိုးစား၍ ရှာ မည်။ မိုဃ်းအုံ့ ၍ မိုက် သောနေ့ ၌ သူတို့ကွဲပြား သော အရပ်ရပ် တို့က ငါနှုတ်ဆောင် မည်။
၁၂ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
13 ၁၃ အတိုင်းတိုင်း အပြည်ပြည် တို့က ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ နေရင်းပြည် သို့ ပို့ဆောင် မည်။ ဣသရေလ တောင် တို့အပေါ် ၊ မြစ် တို့အနား အစရှိသော နေစရာ အရပ်ရပ် တို့၌ ကျွေးမွေး မည်။
၁၃အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။
14 ၁၄ ကောင်း သောကျက်စား ရာအရပ်၌ ကျွေးမွေး မည်။ မြင့် သော ဣသရေလ တောင် တို့အပေါ်မှာ သူ တို့ ခြံ ရှိ လိမ့်မည်။ သူတို့သည်ဣသရေလ တောင် တို့အပေါ်မှာ ကောင်း သောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝ သောကျက်စား ရာ၌ ကျက်စား ကြလိမ့်မည်။
၁၄ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15 ၁၅ ငါ သည် ငါ့ သိုး များကို ကျွေးမွေး မည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
၁၅ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16 ၁၆ ပျောက် သောသိုးကို ငါရှာ မည်။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည်။ အရိုးကျိုး သော သိုးကိုအဝတ် နှင့်စည်းမည်။ အားနည်း သော သိုးကိုမစ မည်။ ဆူဖြိုး ၍ အား ရှိသောသိုးကိုကား၊ တရား အတိုင်း ကျွေးမွေး ၍ ကွပ်မျက် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၆ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 ၁၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ သိုး တို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုး ထီးနှင့် ဆိတ် ထီးတို့ကို၎င်းငါ ပိုင်းခြား မည်။
၁၇အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။
18 ၁၈ သင်တို့သည် ကောင်း သောကျက်စား ရာအရပ်၌ စား သည်သာမက၊ ကျန် သော မြက်ပင် ကိုနင်း သော အမှုသည်သာမည အမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည် သော ရေ ကို သောက် သည်သာမက၊ ကျန် သော ရေကိုခြေ နှင့် နောက် စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
၁၈သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19 ၁၉ သင် တို့နင်း သောမြက်ပင်ကို၎င်း၊ ခြေ နှင့်နောက် စေသော ရေကို၎င်း ၊ ငါ့ သိုး တို့သည် စား သောက် ရကြမည်လော။
၁၉သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။
20 ၂၀ သို့ဖြစ်၍ ၊ ထိုသူ တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဆူဖြိုး သော တိရစ္ဆာန် တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန် တို့ကို ငါ သည် ကိုယ်တိုင် ပိုင်းခြား မည်။
၂၀သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21 ၂၁ သင်တို့သည် အားနည်း သောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြား စေခြင်းငှါနံပါး နှင့် ၎င်း ၊ ပခုံး နှင့်၎င်း တိုး ၍ ချို နှင့် ခွေ့ သောကြောင့် ၊
၂၁သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22 ၂၂ ငါသည် ငါ့ သိုး တို့ကို ကယ်တင် သဖြင့် ၊ သူတို့ သည် နောက် တဖန် လုယူ ရာမ ဖြစ် ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြား မည်။
၂၂ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23 ၂၃ သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။
၂၃သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24 ၂၄ ငါ ထာဝရဘုရား သည် သူ တို့၏ဘုရားသခင် ဖြစ် မည်။ ငါ ၏ကျွန် ဒါဝိဒ် သည်လည်း သူ တို့၏မင်း ဖြစ်ရ လိမ့်မည်။ ငါ ထာဝရဘုရား ပြော ပြီ။
၂၄ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။
25 ၂၅ သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။
၂၅သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။
26 ၂၆ သူ တို့ကို၎င်း၊ ငါ ၏တောင် တော်ပတ်လည် ၌ ရှိသောအရပ်တို့ကို၎င်းငါကောင်းကြီး ပေး ၍ ၊ အချိန်တန် လျှင် မိုဃ်း ကိုရွာစေသဖြင့်၊ ကောင်းကြီး မိုး ရေ ကျ ရ လိမ့်မည်။
၂၆သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။
27 ၂၇ တော သစ်ပင် သည် အသီး ကို သီး လိမ့်မည်။ မြေ သည်လည်း အသီးအနှံ ကိုပေး လိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ် စွာနေ ရကြလိမ့်မည်။ သူ တို့ထမ်းသော ထမ်းပိုး ကြိုး ကို ငါ ဖြတ် ၍၊ အနိုင်အထက် စေခိုင်းသောသူတို့ လက် မှ ကယ်နှုတ် သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
၂၇တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28 ၂၈ နောက် တဖန်တပါး အမျိုးသား တို့သည် မလု မ ယူရကြ။ ပြည် သားရဲ တို့သည်လည်း ကိုက် ၍မ စားရကြ။ အဘယ်သူ မျှမကြောက် စေဘဲ၊ သူတို့သည် ငြိမ်ဝပ် စွာ နေ ရကြလိမ့်မည်။
၂၈နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29 ၂၉ အသရေ ရှိသော ဥယျာဉ် ကိုလည်း သူ တို့အဘို့ ငါပြုစု မည်။ နောက် တဖန်ပြည် ၌ အစာ အဟာရ ခေါင်းပါး ၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မ ခံရ ကြ။ တပါး အမျိုးသား တို့၏ကဲ့ရဲ့ ခြင်းကိုလည်း မ ခံရ ကြ။
၂၉အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
30 ၃၀ သူ တို့၏ဘုရားသခင် ငါ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိကြောင်းကို၎င်း ၊ ဣသရေလ အမျိုးသား တည်းဟူသောသူ တို့သည် ငါ ၏လူ ဖြစ်ကြောင်း ကို၎င်းသိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၃၀သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
31 ၃၁ ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။
၃၁ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

< ယေဇကျေလ 34 >