< ယေဇကျေလ 16 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 အချင်းလူသား ၊ ယေရုရှလင် မြို့သည် မိမိ ၌ စက်ဆုပ် ရွံရှာဘွယ်သောအမှုအရာတို့ကိုသိ မည်အကြောင်း ပြုလော့။
အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။
3 ထာဝရဘုရား သည် ယေရုရှလင် မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆို ရမည်မှာ၊ သင် ၏မူလ ၊ သင် ၏မွေးဘွား ရာဌာနသည် ခါနာန် ပြည် ၌ ရှိ၏။ သင် ၏ အဘ သည် အာမောရိ လူ၊ သင် ၏အမိ သည် ဟိတ္တိ အမျိုး ဖြစ်၏။
ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။
4 သင့် ကို ဘွား ခြင်းအကြောင်းအရာဟူမူကား ၊ ဘွား သောနေ့ ၌ ချက်ကြိုး ကိုမ ဖြတ် ၊ သန့်ရှင်း စေခြင်းငှါ ရေ မချိုး၊ ဆား နှင့်မလူး၊ အဝတ် နှင့် မပတ်ရစ်၊
သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊
5 ကရုဏာ စိတ်နှင့်ထိုသို့ ပြုစု ခြင်းငှါ သင့် ကိုမြင် ၍ အဘယ်သူမျှမ သနား ၊ ဘွား သောနေ့ ၌သင် သည် ကိုယ် ကိုရွံရှာ ရသည်တိုင်အောင် လယ်ပြင် ၌ ပစ် ထားခြင်းကို ခံရ၏။
ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။
6 ငါသည် ရှောက်သွား ၍ အသွေး နှင့် လူး လျက်ရှိ သောသင့် ကို မြင် သောအခါ အသက်ရှင် လော့ဟု သင် သည် အသွေး ၌ ရှိစဉ် ငါဆို ၏။
ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။
7 မြက်ပင် ကဲ့သို့ ငါကြီးပွါး စေသဖြင့် ၊ သင်သည် အစဉ်အတိုင်းကြီး ၍ လှ သော အဆင်းနှင့်ပြည့်စုံ ၏။ ရင်သား ထ ၍ ကိုယ် ၌လည်းအမွေး ပေါက် ၏။ အရင်က အဝတ် မရှိ၊ အချည်းစည်း နေရ၏။
မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊သင်သည် အစဉ်အတိုင်း ကြီး၍ လှသော အဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။
8 တဖန် ငါသည်ရှောက်သွား ၍ သင့် ကိုမြင် သောအခါ ၊ သင် ၌ချစ်လိုဘွယ် သော အချိန် အရွယ်ရှိသောကြောင့် ၊ ငါသည်ကိုယ် အဝတ် စွန်းကို ဖြန့် ၍ ၊ သင် ၌ အချည်းစည်း ရှိခြင်းကို ဖုံးအုပ် ၏။ ကျိန်ဆို ခြင်းကိုလည်း ပြု၍ ၊ သင် နှင့် ပဋိညာဉ် ဖွဲ့သဖြင့် ၊ သင်သည် ငါ ၏ခင်ပွန်းဖြစ် လေ၏။
တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သော အခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
9 ထိုအခါ သင့် ကို ရေချိုး ၍ ၊ သင် ၌လူးသော အသွေး ရှိသမျှကို ငါဆေးကြော ၏။ ဆီ နှင့် လိမ်း ၏။
ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။
10 ၁၀ ချယ်လှယ် သော အဝတ်ကိုဝတ် စေ၏။ တဟာရှ သားရေခြေနင်း ကို စီးစေ၏။ ဖဲ ၊ ပိတ်ချော နှင့် ခြုံ စေ၏။
၁၀ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။
11 ၁၁ လက်ကောက် နှင့် လည်ဆွဲ အစ ရှိသော တန်ဆာ မျိုးကို ဆင် စေ၏။
၁၁လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ၏။
12 ၁၂ နား တောင်း၊ နှာဆွဲ ၊ လှ သော ပေါင်း ကိုလည်း ဆင် စေ၏။
၁၂နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။
13 ၁၃ ထိုသို့ သင် သည် ရွှေ ငွေ နှင့်တကွ ၊ ဖဲ ၊ ပိတ်ချော ၊ ချယ်လှယ် သော အဝတ်တန်ဆာတို့ကိုဆင် လျက်၊ မုန့်ညက် ၊ ပျားရည် ၊ ဆီ ကိုစား လျက် ၊ အလွန် တရာ လှ သောအဆင်းနှင့်ပြည့်စုံ၍ ၊ မိဖုရား အရာကိုခံရ ၏။
၁၃ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။
14 ၁၄ ငါသည် ကိုယ် အသရေ ကို သင် ၌ အပ်ပေး သောကြောင့် ၊ သင် သည် လှ သောအဆင်းနှင့် စုံလင် ၍ ၊ အတိုင်းတိုင်း အပြည်ပြည်၌ ကျော်စော လေ၏။
၁၄ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသော ကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။
15 ၁၅ သို့ရာတွင် ၊ သင် သည်ကိုယ်လှ သော အဆင်းကို ကိုးစား ၍ ၊ ဂုဏ် အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာ လုပ်၍၊ ခရီးသွား သောသူအပေါင်း တို့နှင့် မ တရားသောမေထုန်ကို အနှံ့အပြား ပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့် ရ၏။
၁၅သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။
16 ၁၆ သင် ၏အဝတ် ကို လည်း ယူ ၍ ၊ မြင့် သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမ ဖြစ် စဖူး၊ နောက်၌လည်းမ ဖြစ် လတံ့သောအမှု၊ မ တရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ။
၁၆သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ် လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။
17 ၁၇ ငါပေး သော ရွှေ ငွေ တန်ဆာ မြတ် တို့ကိုလည်း ယူ ၍ ၊ ယောက်ျား ရုပ်တု တို့ကို လုပ် ပြီးလျှင် ၊ သူ တို့နှင့် မှားယွင်း လေပြီတကား။
၁၇ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။
18 ၁၈ ချယ်လှယ် သောအဝတ် ကိုလည်း ယူ ၍ ၊ ထို ရုပ်တုတို့ကို ခြုံ ပြီးလျှင် ၊ ငါ့ ဆီ နှင့် ငါ့ နံ့သာပေါင်း ကို သူ တို့ရှေ့ မှာ တင် ထားလေပြီ။
၁၈ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တု တို့ကို ခြုံပြီးလျှင်၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။
19 ၁၉ ငါပေး သော ဘောဇဉ် ၊ သင့် ကိုငါကျွေး သော မုန့်ညက် ၊ ဆီ ၊ ပျားရည် ကိုလည်း သူ တို့ရှေ့ မှာ မွှေးကြိုင် စရာဘို့ တင် ထားလေပြီတကား။
၁၉ငါပေးသောဘောဇဉ်၊သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား။
20 ၂၀ ထိုမှတပါး၊ သင်ဘွား သော ငါ ၏ သားသမီး တို့ကို ယူ ၍ ၊ ထို ရုပ်တုတို့အား ကျွေးမွေး ခြင်းငှါ ယဇ် ပူဇော်လေပြီ။
၂၀ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။
21 ၂၁ သင် သည် မ တရားသောမေထုန် ကိုပြု၍ စိတ် မ ပြေသောကြောင့်ငါ ၏သားသမီး တို့ကိုသတ် ၍ ရုပ်တု တို့ အား မီးဖြင့်ပူဇော် ရမည်လော။
၂၁သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။
22 ၂၂ သင် ပြုသောစက်ဆုပ် ရွံ့ရှာဘွယ်အမှု၊ မ တရား သောမေထုန် အမှုအပေါင်း တို့ကိုပြုစဉ်တွင်၊ အရွယ် ငယ် သောအခါ အဝတ် မရှိ၊ အချည်းစည်း ရှိ ကြောင်း၊ ကိုယ် အသွေး ၌ လူးလဲ လျက်နေကြောင်းကို မ အောက်မေ့ ပါ တကား။
၂၂သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ် သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ် အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား။
23 ၂၃ သင် သည် အမင်္ဂလာ ရှိ၏။ အမင်္ဂလာ ရှိ၏။ ဒုစရိုက် အပေါင်း ကို ပြု ပြီးမှ ၊
၂၃သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ၊
24 ၂၄ ကိုယ် နေဘို့ ကုဋီ တိုက်ကိုတည် ၍ လမ်း ရှိ တိုင်းမြင့် သော အရပ်ကို လုပ် လေ၏။
၂၄ကိုယ်နေဘို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိ တိုင်းမြင့်သော အရပ်ကို လုပ်လေ၏။
25 ၂၅ သင် သည် မြင့် သောအရပ်ကို လမ်း ဦး တိုင်း လုပ် ၍ ၊ ကိုယ် လှ သော အဆင်းကိုရွံ့ရှာဘွယ် ဖြစ်သည် တိုင်အောင်ပြုလျက်၊ ခရီးသွား သောသူအပေါင်း တို့အား ပေါင် တို့ကို ခွါ ဖွင့်၍ ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေ၏။
၂၅သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
26 ၂၆ ဆူဖြိုး သောသင် ၏အိမ်နီးချင်း အဲဂုတ္တု လူ တို့နှင့် မှားယွင်း ၍ ၊ ငါ့ အမျက် ကို နှိုးဆော်လျက် ၊ မ တရားသောမေထုန် အမှုတို့ကို များပြား စေ၏။
၂၆ဆူဖြိုးသောသင်၏အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။
27 ၂၇ ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် လျက်သင် ၏ ရိက္ခါကို ဖြတ် ၍ ၊ သင့် ကိုမုန်း သောသူ၊ သင့် ဆိုးညစ် သော အမှု များကြောင့် ရှက် တတ်သော ဖိလိတ္တိ အမျိုးသမီး တို့ လက်သို့အပ် ရ၏။
၂၇ထိုကြောင့်၊ ငါသည် လက်ကို ဆန့်ကျင် သင်၏ ရိက္ခာကို ဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။
28 ၂၈ သင် သည်ကိလေသာစိတ် မ ပြေသောကြောင့် ၊ အာရှုရိ လူ တို့နှင့် လည်း မှားယွင်း လေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ် မ ပြေနိုင်။
၂၈သင်သည်ကိလေသာ စိတ်မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင်။
29 ၂၉ ထိုမှတပါး ၊ ခါနာန် ပြည် မှ သည် ခါလဒဲ ပြည် တိုင်အောင် ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်း စိတ် မ ပြေနိုင်။
၂၉ထိုမှတပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင်။
30 ၃၀ အစိုးတရပြု၍ သီလ ပျက်သော မိန်းမ ပြု တတ် သမျှ သောဤ အမှုတို့ကို သင် သည်ပြု မိလျက် ၊ သင့် စိတ် နှလုံး သည် အလွန် မိုက် ပါသည်တကား။
၃၀အစိုးတရပြု၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား။
31 ၃၁ သင် ၏ ကုဋီတိုက်ကို ခပ်သိမ်း သော လမ်း ၌ တည် ၍ ၊ လမ်း ရှိ တိုင်းမြင့် သော အရပ်ကိုလုပ် သဖြင့် ၊ အခ ကိုငြင်း သောကြောင့် ပြည်တန်ဆာ နှင့် မ တူ ။
၃၁သင်၏ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း၌ တည်၍၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ။
32 ၃၂ ကိုယ်မ ဆိုင်သော ယောက်ျားကို ကိုယ် လင် ၏ ကိုယ်စား လက်ခံ ၍မျောက်မထား သော မိန်းမ နှင့်တူ၏။
၃၂ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ ကိုယ်စား လက်ခံ၍မျောက်မထားသော မိန်းမနှင့်တူ၏။
33 ၃၃ ပြည်တန်ဆာ မိန်းမရှိသမျှ တို့သည် လက်ဆောင် ကိုခံယူ တတ်ကြ၏။ သင် မူကား ၊ သင် ၏ရည်းစား အပေါင်း တို့အား လက်ဆောင် ကိုပေး တတ်၏။ အရပ်ရပ် တို့က လာ ၍ မ တရားသောမေထုန် ကိုပြုစေခြင်းငှါ ၊ သူတပါး တို့ကို ငှါး တတ်၏။
၃၃ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။
34 ၃၄ သို့ဖြစ်၍ ၊ သင် သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနား စွာ ပြု တတ်၏။ သင်ပြုသကဲ့သို့အဘယ်သူမျှမတရားသောမေထုန် ကို မပြုတတ်။ သင်သည် အခကို မခံ၊ သူတပါးတို့အားပေးသောကြောင့်အခြားသော မိန်းမတို့နှင့် ခြားနား ၏။
၃၄သို့ဖြစ်၍၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ်။ သင်သည် အခကို ခမခံ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။
35 ၃၅ သို့ဖြစ်၍ ၊ အိုပြည်တန်ဆာ မိန်းမ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။
၃၅သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်လော့။
36 ၃၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ရည်းစား များ စက်ဆုပ် ရွံ့ရှာဘွယ်သော ရုပ်တု အပေါင်း တို့နှင့် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ သူ တို့အား ပေး သော သားသမီး တို့၏ အသွေး အားဖြင့်၎င်း သင်သည်ကိုယ် ရှက်ကြောက်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား စွာ ဘော်ပြသောကြောင့်၊
၃၆အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် ၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သား သမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊
37 ၃၇ သင့် ကိုချစ် သောရည်းစားရှိသမျှ တို့နှင့် သင်ချစ် သောသူ ၊ မုန်း သောသူ အပေါင်း တို့ကိုငါ စုဝေး မည်။ သင့် တဘက် ပတ်လည် ၌ စုဝေး စေ၍ ၊ သင် ၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြ သဖြင့် ၊ ထို သူအပေါင်း တို့သည် သင် ၌ အဝတ် အချည်းစည်းရှိသမျှ ကို မြင် ရကြလိမ့်မည်။
၃၇သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။
38 ၃၈ မျောက်မထား သောမိန်းမနှင့် ၊ လူအသက်ကိုသတ် သော မိန်းမတို့ကို စီရင် သကဲ့သို့သင့် ကိုငါစီရင် ၍ ၊ ပြင်းစွာ သော ဒေါသအမျက် အသွေး ကို ငါတိုက် မည်။
၃၈မျောက်မထားသောမိန်းမနှင့်၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။
39 ၃၉ သင့် ကို သူ တို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် သင် ၏ ကုဋီတိုက်ကို ဖျက် ၍ ၊ သင် ၏မြင့် သော အရပ်တို့ ကို ဖြိုချ ကြလိမ့်မည်။ သင့် အဝတ် တို့ကိုချွတ် ၍ လှ သော တန်ဆာ တို့ကို လုယူ ပြီးလျှင် ၊ သင့် ကို အဝတ် မပေး၊ အချည်းစည်း ရှိစေခြင်းငှါပစ် ထားကြလိမ့်မည်။
၃၉သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ ကုဋီတိုက်ကို ဖျက်၍၊ သင်၏မြင့်သော အရပ်တို့ ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကိုချွတ်၍ လှသော တန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည်။
40 ၄၀ လူ အလုံးအရင်းကို လည်း ခေါ် သဖြင့် ၊ သူတို့ သည် ခဲ နှင့် ပစ် ၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။
၄၀လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့ သည် ခဲနှင့်ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။
41 ၄၁ သင့် အိမ် တို့ကိုလည်း မီးရှို့ ၍ များစွာ သော မိန်းမ တို့ရှေ့ မှာ သင့် ကို အပြစ်ဒဏ် ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။
၄၁သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။
42 ၄၂ ထိုသို့ ငါ့ ဒေါသ စိတ်ကို ငါဖြေ မည်။ သင့် ကိုမယုံ။ အလွန် ပူပန်သောစိတ် ငြိမ်း ၍ ၊ ငါသည်အမျက် မ ထွက်ဘဲ ငြိမ်သက် စွာ နေမည်။
၄၂ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။
43 ၄၃ သင် သည် အသက် ငယ်သော ကာလ ကို မ အောက်မေ့ ၊ အရာရာ ၌ ငါ့ စိတ်ကို နှောင့်ရှက် သောကြောင့် ၊ သင့် အပြစ် ကို သင့်ခေါင်း ပေါ် သို့ ငါသက်ရောက် စေမည်။ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုရှိသမျှ တို့အပေါ် မှာ ဆိုးညစ် သောအကြံကိုထပ် ၍ ထို အကြံအတိုင်း မ ပြုရ။
၄၃သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။
44 ၄၄ စကားပုံ ကိုသုံးတတ်သော သူအပေါင်း တို့က၊ အမိ ကဲ့သို့ သမီး ဖြစ်၏ဟု သင့် ကိုရည်မှတ် ၍ စကားပုံ ကို ပြောကြလိမ့်မည်။
၄၄စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။
45 ၄၅ သင် သည်လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ သမီး ဖြစ်၏။ လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ ၏ ညီမ လည်း ဖြစ်၏။ သင့် အမိ သည် ဟိတ္တိ အမျိုး၊ သင့် အဘ သည် အာမောရိ လူဖြစ်၏။
၄၅သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ သမီးဖြစ်၏။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘ သည် အာမောရိလူဖြစ်၏။
46 ၄၆ သင့် အစ်မ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ဝဲ ဘက် ၌နေ သောရှမာရိ မြို့ဖြစ်၏။ သင့် ထက် အသက် ငယ်သောသင် ၏ ညီမ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ျာ ဘက် ၌နေ သောသောဒုံ မြို့ ဖြစ်၏။
၄၆သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ ဖြစ်၏။
47 ၄၇ သို့ရာတွင်၊ သင်သည် သူ တို့ထုံးစံ ကို မ လိုက် ၊ သူ တို့ပြုသောရွံရှာဘွယ် အမှုမျှသာပြု သည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင် သည် အရာရာ ၌ သူ တို့ထက် သာ၍ဆိုးညစ် ပေ၏။
၄၇သို့ရာတွင်၊ သင်သည် သူတို့ထုံးစုံကိုမလိုက်၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ် သဖြင့်၊ သင်သည် အရာရာ၌သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။
48 ၄၈ ငါ အသက်ရှင် သည်အတိုင်း၊ သင် သည် ကိုယ့် သမီး တို့နှင့်တကွ ပြု သကဲ့သို့ ၊ ညီမ သောဒုံ နှင့် သူ ၏သမီး တို့ သည် မ ပြု ကြ။
၄၈ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့ သည် မပြုကြ။
49 ၄၉ သင့် ညီမ သောဒုံ ၏ အပြစ် ဟူမူကား ၊ သူ နှင့် သူ့ သမီး တို့သည် မာန ကြီးခြင်း၊ ဝ စွာစားသောက်ခြင်း၊ ငြိမ်ဝပ် စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲ ငတ်မွတ် သောသူတို့ ကို မ ထောက်ပံ့ ဘဲ နေကြ၏။
၄၉သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။
50 ၅၀ မာန ထောင်လွှား၍ ငါ့ ရှေ့ မှာ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုပြု ကြ၏။ ထိုကြောင့် ၊ သင်မြင် သည် အတိုင်း သူ တို့ကို ငါပယ်ရှင်း ပြီ။
၅၀မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာ ဘွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။
51 ၅၁ ရှမာရိ သည်လည်း ၊ သင် ပြုမိသော ဒုစရိုက် တဝက် ကိုမျှ မ ပြု မိ။ သင်မူကား၊ ညီအစ်မ တို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို သူ တို့ထက်မက များပြား စွာပြုလေပြီတကား။
၅၁ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
52 ၅၂ သင် သည်ညီအစ်မ တို့ကို အပြစ်တင်၍ စီရင် လျက်ပင်၊ သူ တို့ ပြုသည်ထက် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲ ခြင်းကိုခံ လော့။ သူတို့သည် သင့် ထက် သာ၍အပြစ်နည်း ကြ၏။ သင် မူကား ၊ ညီအစ်မ တို့၏အပြစ် ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့်စိတ်ပျက် ၍ အရှက်ကွဲ ခြင်းကို ခံ လော့။
၅၂သင်သည်ညီအစ်တို့ကို အပြစ်တင်၍ စီရင် လျက်ပင်၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင် မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံရလော့။
53 ၅၃ သိမ်းသွား ခြင်းကိုခံရသောသောဒုံ နှင့် သူ ၏ သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များကို တဖန်ငါဆောင်ခဲ့သောအခါ ၊ သိမ်းသွား ခြင်းကို ခံရသောသင် ၏လူ တို့ကို သူ တို့နှင့်အတူ ငါဆောင် ခဲ့မည်။
၅၃သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တဖန်ငါဆောင်ခဲ့ သော အခါ၊သိမ်းသွားခြင်းကို ခံရသော သင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။
54 ၅၄ သို့ဖြစ်၍ ၊ သင် သည် သူ တို့ကိုနှစ်သိမ့် စေ၍ ၊ ပြု လေသမျှ တို့ကြောင့် စိတ်ပျက် လျက် အရှက်ကွဲ ခြင်းကိုခံရ လိမ့်မည်။
၅၄သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။
55 ၅၅ သင် ၏ညီအစ်မ သောဒုံ နှင့် သူ ၏သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များတို့သည် အရင် နေရာသို့ ပြန် ရောက်သောအခါ ၊ သင် သည်လည်း သင် ၏ သမီး တို့ နှင့်တကွ အရင် နေရာသို့ ပြန် ရောက်ရလိမ့်မည်။
၅၅သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏ သမီးတို့ နှင့်တကွ အရင်နေရာသို့ပြန်ရောက်ရလိမ့်မည်။
56 ၅၆ ရှုရိ သမီး များနှင့် သူ တို့ပတ်လည် ၌ နေသောသူအပေါင်း တို့သည် သင့် ကိုကဲ့ရဲ့ ၍၊ သင့်ပတ်လည် ၌ နေသောဖိလိတ္တိ သမီး များတို့သည် မထီမဲ့မြင် ပြုကြသဖြင့် ၊
၅၆ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည်မာန ထောင်လွှားစဉ်ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။
57 ၅၇ သင် ပြုသောဒုစရိုက် အပြစ်မ ထင်ရှား မှီ သင် သည်မာန ထောင်လွှားစဉ် ကာလတွင်၊ သင့် ညီမ သောဒုံ ၏နာမ ကို အလျှင်း နှုတ် မ မြွက်။
၅၇
58 ၅၈ ယခုမူကား၊ သင် သည် ကိုယ် ဆိုးညစ် သောအမှု နှင့် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကိုခံရ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၅၈ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှု နှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
59 ၅၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဝန်ခံခြင်းပဋိညာဉ် ကို ဖျက် လိုသောငှါ ၊ သစ္စာ ဂတိကို မ ရိုမသေပြုသည်နှင့်အညီ သင် ၌ငါပြု မည်။
၅၉အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ၊ သစ္စာ ဂတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။
60 ၆၀ သို့သော်လည်း ၊ ငါ သည်သင့် အသက် ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ် ကို အောက်မေ့ ၍ ၊ တဖန် ထာဝရ ပဋိညာဉ် ကို သင် နှင့် ဖွဲ့ ဦးမည်။
၆၀သို့သော်လည်း၊ ငါသည်သင့်အသက်ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍၊ တဖန်ထာဝရ ပဋိညာဉ် သင်နှင့်ဖွဲ့ဦးမည်။
61 ၆၁ သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။
၆၁သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရ သော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဘို့ရာငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက်ရလိမ့်မည်။
62 ၆၂ ထိုအခါ ငါ ၏ ပဋိညာဉ် ကိုသင် နှင့် ငါ ဖွဲ့ မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။
၆၂ထိုအခါငါ၏ ပဋိညာဉ်ကိုသင်နှင့်ငါဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
63 ၆၃ သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
၆၃သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည် အောက်မေ့၍ ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကို မဖွင့်ဘဲရေလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

< ယေဇကျေလ 16 >