< ထွက်မြောက်ရာ 9 >

1 ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။
2 မလွှတ်ဘူးဟုငြင်း ၍ ဆီးတား သေး လျှင် ၊
မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊
3 ထာဝရဘုရား ၏လက် တော်သည် လယ်ပြင် ၌ ရှိသောတိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ် ၌ ရောက် ၍ အလွန် ပြင်းစွာ သော ရောဂါ စွဲလိမ့်မည်။
ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။
4 ထာဝရဘုရား သည်၊ ဣသရေလ လူတို့၏ တိရစ္ဆာန် နှင့် အဲဂုတ္တု လူတို့၏ တိရစ္ဆာန် ကို ခြားနား စေသဖြင့် ၊ ဣသရေလ အမျိုးသား ပိုင်သော တိရစ္ဆာန် တကောင် မျှမ သေ ရ။
ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။
5 နက်ဖြန် နေ့၊ အဲဂုတ္တုပြည် ၌ ထို အမှု ကို ထာဝရဘုရား ပြု တော်မူမည်ဟု မှန်သောအချိန် ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကိုပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
6 နက်ဖြန် နေ့၌ ထို အမှု ကိုပြု တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ တိရစ္ဆာန် အမျိုးမျိုး သေ ကြ၏။ ဣသရေလ လူ တို့၏ တိရစ္ဆာန် တကောင် မျှမ သေ။
နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသ ရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။
7 ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
8 ထာဝရဘုရား ကလည်း ၊ မီးဖို ထဲကပြာ ကို လက် နှင့်ယူ ၍ မောရှေ သည် ဖါရော ဘုရင်ရှေ့ ၌ မိုဃ်းကောင်းကင် သို့ ပစ် လွှင့်စေ။
ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ။
9 ထိုပြာသည် အဲဂုတ္တု ပြည် တရှောက်လုံး ၌ နှံ့ပြားသော အမှုန့် ဖြစ် ၍ ၊ ပြည် တရှောက်လုံး တွင် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လိမ့်မည် ဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်အတိုင်း၊
ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊
10 ၁၀ သူတို့သည် မီးဖို ထဲကပြာ ကိုယူ ၍ ၊ ဖါရော ဘုရင် ရှေ့ မှာရပ် လျက် ၊ မောရှေ သည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လေ၏။
၁၀သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။
11 ၁၁ ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
၁၁ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့်၊ မောရှေ ရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း စွဲသတည်း။
12 ၁၂ ထာဝရဘုရား သည် ဖါရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသည်ဖြစ်၍ ၊ မောရှေ အား မိန့် တော်မူသည် အတိုင်း ၊ သူ တို့စကားကို နား မ ထောင်ဘဲ နေလေ၏။
၁၂ထာဝရဘုရားသည် ဖါရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။
13 ၁၃ တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
၁၃တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရား သခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
14 ၁၄ သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။
၁၄သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။
15 ၁၅ ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
၁၅ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။
16 ၁၆ အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
၁၆အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ၎င်း၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ။
17 ၁၇ သင် သည် ငါ ၏လူ တို့ကိုမ လွှတ် ဘဲ၊ သူ တို့ကို စော်ကား သေး သလော။
၁၇သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။
18 ၁၈ ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
၁၈ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။
19 ၁၉ ထိုကြောင့် ယခု စေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသောတိရစ္ဆာန် များနှင့် ရှိလေသမျှ တို့ကို သိမ်း ယူလော့။ အိမ် သို့ မ ဆောင် လျင်၊ လယ်ပြင် ၌ တွေ့ သမျှ သောလူ နှင့် တိရစ္ဆာန် တို့အပေါ် မှာ မိုဃ်းသီး ကျ ၍ ၊ သူတို့သည် သေ ကြလိမ့်မည်အကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
၁၉ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။
20 ၂၀ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြောက်ရွံ့ သော ဖာရော ဘုရင်၏ ကျွန် တို့သည်၊ မိမိ ကျွန် နှင့် မိမိ တိရစ္ဆာန် တို့ကို အိမ် သို့ ပြေး စေကြ၏။
၂၀ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။
21 ၂၁ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။
၂၁ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။
22 ၂၂ ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။
၂၂ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသော အပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။
23 ၂၃ မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
၂၃မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊
24 ၂၄ အဲဂုတ္တု ပြည် တည်ထောင် သည်ကာလမှစ၍ တခါမျှ မဖြစ် ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန် စွာသော မိုဃ်းသီး ဖြစ် လေ၏။
၂၄အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။
25 ၂၅ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ၊ လယ်ပြင် မှာ ရှိသမျှ သော လူ နှင့် တိရစ္ဆာန် များ၊ မြက်ပင် များ၊ သစ်ပင် များ တို့ကို မိုဃ်းသီး ထိ လေ၏။
၂၅အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။
26 ၂၆ သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
၂၆သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။
27 ၂၇ ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
၂၇ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။
28 ၂၈ တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။
၂၈တန်ပါပြီ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။
29 ၂၉ မောရှေ ကလည်း ၊ မြို့ ထဲက ကျွန်ုပ် ထွက် သွားသောအခါ ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ် လက်ဝါး တို့ကို ဖြန့် ပါမည်။ ထာဝရဘုရား သည် မြေကြီး ကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုး စဲ လိမ့်မည်။ မိုဃ်းသီး လည်း မ ကျ မရွာရ။
၂၉မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။
30 ၃၀ သို့သော်လည်း ကိုယ်တော် နှင့် ကိုယ်တော် ၏ကျွန် တို့သည်၊ ထာဝရ အရှင်ဘုရား သခင်ကို မ ကြောက် သေး ကြောင်းကို အကျွန်ုပ်သိ ပါသည်ဟု လျှောက်ဆို ၏။
၃၀သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။
31 ၃၁ ပိုက်ဆန် ပင်၊ မုယော ပင်ကို မိုဃ်းသီးထိ ၏။ မုယော ပင်သည် အသီး အနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန် ပင်လည်း အသီးမှည့် ပြီ။
၃၁ပိုက်ဆန်ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။
32 ၃၂ ဂ ျုံ စပါး၊ ကောက် စပါးပင်ကိုကား မ ထိ။ ထို အပင်တို့သည် မ ပေါက်ကြသေး။
၃၂ဂျုံစပါး၊ ကောက်စပါးပင်ကိုကား မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
33 ၃၃ မောရှေ သည် ဖာရော ဘုရင်ထံမှ ထွက် ၍ မြို့ ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါး တို့ကို ဖြန့် သဖြင့် ၊ မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲ လေ၏။ မြေ ပေါ်၌ လည်း မိုဃ်း မ ရွာ။
၃၃မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။
34 ၃၄ ထိုသို့ မိုဃ်း မရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုး စဲ သည်ကို ဖာရော ဘုရင်မြင် လျှင် ၊ တဖန် ပြစ်မှား ၍ ၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာ လျက်နေ၏။
၃၄ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။
35 ၃၅ ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။
၃၅ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။

< ထွက်မြောက်ရာ 9 >