< ထွက်မြောက်ရာ 35 >

1 မောရှေ သည်၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို စည်းဝေး စေ၍ ၊ ထာဝရဘုရား မိန့် တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ၍၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
2 ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ ၌ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည်။
3 သင် တို့နေရာ အရပ်၌ ဥပုသ် နေ့ မှာ မီး ကို မ မွေး ရဟု ဆင့်ဆို ၏။
သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို၏။
4 တဖန် မောရှေ သည်၊ ဣသရေလ အမျိုးသား ပရိသတ် အလယ်၌ ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို သည်ကား၊
တဖန် မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်ကား၊
5 သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေ ၊ ငွေ ၊ ကြေးဝါ၊
သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
6 ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊
ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊
7 အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ် သား၊
အနီဆုံးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊
8 လိမ်း ရန် ဆီ ဘော်ဘို့ ၊ မီးရှို့ရာနံ့သာ ပေါင်း မွှေး ဘော်ဘို့ ရာနံ့သာ မျိုး၊ မီး ထွန်းစရာဆီ ၊
လိမ်းရန် ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
9 ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် မြတ်တည်းဟူသောထာဝရဘုရား အား လှူ သောအလှူကို ဆောင် ခဲ့ကြလော့။
ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။
10 ၁၀ သင် တို့တွင် လိမ္မာ သောသူ ရှိသမျှ တို့သည်လာ ၍ ၊
၁၀သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ၍၊
11 ၁၁ တဲ တော်နှင့် အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တို့ကို၎င်း၊
၁၁တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊
12 ၁၂ သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာ ရသော ကုလားကာ ကို၎င်း၊
၁၂သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊
13 ၁၃ စားပွဲ နှင့် သူ ၏ထမ်းဘိုး ၊ သူ ၏တန်ဆာ ရှိသမျှ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
၁၃စားပွဲနှင့် သူ၏ထမင်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊
14 ၁၄ မီး ထွန်းစရာဘို့ မီးခုံ နှင့် သူ ၏တန်ဆာ ၊ မီးခွက် များ၊ မီး ထွန်းစရာဆီ ကို၎င်း ၊
၁၄မီးထွန်းစရာဘို့ မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊
15 ၁၅ နံ့သာ ပေါင်းရှို့သော ပလ္လင် နှင့် သူ ၏ထမ်းဘိုး ၊ လိမ်း ရန်ဆီ ၊ မွှေး သော နံ့သာ ပေါင်း၊ တဲ တော်တံခါး ဝ ကာရန် ကုလားကာ ကို၎င်း၊
၁၅နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို၎င်း၊
16 ၁၆ မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် နှင့် ကြေးဝါ ဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာ ရှိသမျှ ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း၊
၁၆မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊
17 ၁၇ တဲတော်ဝင်း ကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါးဝ ကာစရာ ကုလားကာ ကို၎င်း၊
၁၇တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊
18 ၁၈ တဲ တော်တံသင် ၊ ဝင်း တံသင် ကြိုး များကို၎င်း၊
၁၈တဲတော်တံသင်၊ ဝင်းတံသင် ကြိုးများကို၎င်း၊
19 ၁၉ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ထမ်း စရာအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ်၍ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း လုပ် ရကြမည်ဟု ဆင့်ဆို ၏။
၁၉သန့်ရှင်းရာဌာန၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ၏သား ဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို၏။
20 ၂၀ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ မောရှေ ထံ မှ ထွက်သွား ကြ၍ ၊
၂၀ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှ ထွက်သွားကြ၍၊
21 ၂၁ မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။
၂၁မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ၏။
22 ၂၂ ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့် ၊ လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။
၂၂ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအား ရွှေကို လှူကြ၏။
23 ၂၃ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ရှိ သော သူ တိုင်း ဆောင် ခဲ့၏။
၂၃ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့၏။
24 ၂၄ ငွေ နှင့် ကြေးဝါ ကို လှူ သောသူတိုင်း ထာဝရဘုရား အား လှူ လေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ် လုပ်စရာဘို့ အကာရှ သစ် သားရှိ သော သူတိုင်း လည်း ဆောင် ခဲ့လေ၏။
၂၄ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ၏။
25 ၂၅ ရက်ကန်းတတ် သော မိန်းမ အပေါင်း တို့လည်း ၊ ကိုယ် လက် နှင့် ရက် ၍ ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ရက် သမျှကို ဆောင် ခဲ့ကြ၏။
၂၅ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။
26 ၂၆ မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။
၂၆မိမိဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။
27 ၂၇ သူကြီး တို့သည်လည်း ၊ ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် ကို၎င်း၊
၂၇သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊
28 ၂၈ မီး ထွန်းစရာဘို့ လိမ်း ရန် ဆီ ဘော်ဘို့ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ ရာနံ့သာ မျိုးနှင့် ဆီ ကို၎င်း ဆောင်ခဲ့ကြ၏။
၂၈မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်း ဆောင်ခဲ့ကြ၏။
29 ၂၉ ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။
၂၉ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ၏။
30 ၃၀ တဖန် မောရှေ က၊ နားထောင် ကြလော့။ ထာဝရဘုရား သည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထားတော်မူပြီ။
၃၀တဖန် မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။
31 ၃၁ သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။
၃၁သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်။
32 ၃၂
၃၂ကျောက်ကို သွေး၍ စီသော အတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
33 ၃၃
၃၃ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။
34 ၃၄ သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်း ၊ ဉာဏ် ကိုပေး တော်မူပြီ။
၃၄သူနှင့် ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း၊ ဥာဏ်ကို ပေးတော်မူပြီ။
35 ၃၅ ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ် ၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်း ၊ ဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။
၃၅ထိုသူတို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။

< ထွက်မြောက်ရာ 35 >