< ထွက်မြောက်ရာ 32 >

1 မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
2 အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊
3 လူ အပေါင်း တို့သည် မိမိ တို့နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ အာရုန် ထံသို့ ဆောင် ခဲ့ကြ၏။
လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။
4 အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
5 အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။
6 နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
နက်ဖြန်နံနက်စောစော လူတို့သည် ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏။
7 ထာဝရဘုရား က၊ သင်သည် ဆင်း သွား လော့။ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော သင် ၏ လူ တို့သည် ဖေါက်ပြန် ကြပြီ။
ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။
8 ငါမှာ ထားသော လမ်း မှ အလျင်အမြန် လွှဲ သွား၍၊ နွားသငယ် ရုပ် ကို သွန်း ပြီးလျှင် ၊ အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပူဇော် ကိုးကွယ် ကြပြီဟူ၍၎င်း၊
ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊
9 ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
10 ၁၀ သို့ဖြစ်၍ ငါ့ ကို ရှိ စေတော့။ ငါသည် အမျက် ပြင်းစွာထွက်၍ သူ တို့ကို ဖျက်ဆီး မည်။ သင့် ကိုကား ကြီး သော အမျိုး ဖြစ် စေမည်ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
၁၀သို့ဖြစ်၍ ငါ့ကို ရှိစေတော့။ ငါသည် အမျက်ပြင်းစွာ ထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။
11 ၁၁ မောရှေ ကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုး အားကြီး သော လက် နှင့် အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ကိုယ်တော် ၏ လူ တို့ကို ၊ အဘယ် ကြောင့်အမျက် ပြင်းစွာထွက်တော်မူသနည်း။
၁၁မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
12 ၁၂ အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
၁၂အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
13 ၁၃ ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
၁၃ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
14 ၁၄ ထာဝရဘုရား သည် မိမိ လူ တို့အား အပြစ် ပေးမည်အကြံကို နောင်တရ တော်မူ၏။
၁၄ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
15 ၁၅ မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် ယူလျက်၊ လှည့် ၍ တောင် ပေါ်က ဆင်း သွားလေ၏။ ထို ကျောက်ပြားနှစ် မျက်နှာ ၌ အက္ခရာတင် လျက် ရှိ၏။
၁၅မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။
16 ၁၆ ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်း တော်မူသောကျောက် ပြား၊ စာ သည်လည်း ဘုရား သခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
၁၆ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။
17 ၁၇ လူ များ ကြွေးကြော် သံ ကို ယောရှု သည်ကြား လျှင် ၊ တပ် ၌ စစ်တိုက် သံ ကို ကြားပါသည်ဟု မောရှေ အား ဆို ၏။
၁၇လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။
18 ၁၈ မောရှေကလည်း၊ ငါ ကြား သော အသံသည် အောင် ၍ ကြွေးကြော် သံ မဟုတ် ၊ ရှုံး ၍ ငိုကြွေး သံ လည်း မဟုတ် ၊ သီချင်းဆို သံ ဖြစ်သတည်းဟု ပြန်ပြော ၏။
၁၈မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။
19 ၁၉ တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
၁၉တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
20 ၂၀ သူတို့လုပ် သော နွား သငယ်ကိုလည်း ယူ ၍ အရည်ကျို ၏။ ညက်ညက်ခြေ ပြီးမှ ရေ ပေါ် မှာ ဖြူး ၍ ဣသရေလ အမျိုးသား တို့ကို သောက် စေ၏။
၂၀သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။
21 ၂၁ အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
၂၁အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊
22 ၂၂ အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
၂၂အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။
23 ၂၃ သူတို့ကလည်း ၊ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သောသူ ၊ ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု အကျွန်ုပ် အား ပြော ဆိုကြလျှင်၊
၂၃သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
24 ၂၄ အကျွန်ုပ်က၊ ရွှေ ရှိသောသူ သည် ချွတ် စေဟုဆို သည်နှင့် အညီ၊ သူတို့ပေးသော ရွှေ ကို အကျွန်ုပ်သည် မီး ထဲ၌ ထည့် လျှင် ၊ ဤ နွား သငယ်ထွက် လာပါသည်ဟု ပြန်ပြော ၏။
၂၄အကျွန်ုပ်က၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော၏။
25 ၂၅ ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
၂၅ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊
26 ၂၆ တပ် တံခါးဝ မှာ ရပ် လျက် ၊ ထာဝရဘုရား ဘက် ၌ အဘယ်သူ နေသနည်း။ ငါ့ ထံသို့ လာစေဟုဆို လျှင် ၊ လေဝိ အမျိုးသား အပေါင်း တို့သည် သူ့ ထံ ၌ စည်းဝေး ကြ၏။
၂၆တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။
27 ၂၇ မောရှေကလည်း၊ လူတိုင်း ထား လွယ် လျက် တပ် တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင်ထုတ်ချင်းခပ်သွား ၍ ၊ အသီးအသီး မိမိ ညီအစ်ကို ၊ မိမိ အပေါင်း အဘော်၊ မိမိ အိမ်နီးချင်း ကိုသတ် စေဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု၊
၂၇မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊
28 ၂၈ မောရှေ စီရင် သည်အတိုင်း ၊ လေဝိ အမျိုးသား တို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူ သုံး ထောင် လောက် သေ ကြ၏။
၂၈မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။
29 ၂၉ တဖန် မောရှေ က၊ ထာဝရဘုရား သည် ယနေ့ ကောင်းကြီး ပေး တော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ် ညီအစ်ကို ကို ထိခိုက်သောအားဖြင့်၊ သင်တို့ သည် ယနေ့ ကိုယ်ကို ချီးမြှောက် ကြ ပြီးဟု ဆို လေ၏။
၂၉တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။
30 ၃၀ နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
၃၀နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
31 ၃၁ ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
၃၁ထာဝရဘုရားအထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ။
32 ၃၂ သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
၃၂သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ လျှောက်လျှင်၊
33 ၃၃ ထာဝရဘုရား က၊ အကြင်သူ သည် ငါ့ ကို ပြစ်မှား ၏၊ ထိုသူ ၏ နာမကို ငါ့ စာရင်း ၌ ငါချေ မည်။
၃၃ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏၊ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။
34 ၃၄ သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
၃၄သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ၏။
35 ၃၅ အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။
၃၅အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။

< ထွက်မြောက်ရာ 32 >