< ထွက်မြောက်ရာ 24 >

1 တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။
2 သင်တ ယောက်တည်းသာ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ရမည်။ အခြားသောသူ မချဉ်း မ ကပ်ရ။ လူ များတို့သည် သင် နှင့်အတူ မ တက် ရကြဟု မောရှေ အား မိန့် တော်မူ၏။
သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။
3 မောရှေ သည်လည်း လူ များတို့ရှိရာသို့ လာ ၍ ၊ ထာဝရဘုရား ၏ စကား တော်အလုံးစုံ ကို၎င်း၊ စီရင် တော်မူချက်အလုံးစုံ ကို၎င်း ပြန်ကြား ၍၊ လူ များအပေါင်း ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ ပြု ပါမည်ဟု တ သံ တည်းပြန် ပြောကြ၏။
မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
4 မောရှေ သည်ထာဝရဘုရား ၏ စကား တော်အလုံးစုံ တို့ကို ရေးထား ပြီးမှ ၊ နံနက် စောစောထ ၍ ၊ တောင် ခြေရင်း ၌ ယဇ် ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးနှင့်အမျှ ကျောက် တိုင်တဆယ် နှစ် တိုင်ကို၎င်း တည် လေ၏။
မောရှေသည် ထာဝရဘုရား၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎င်း တည်လေ၏။
5 ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။
6 မောရှေ သည်လည်း ၊ အသွေး တဝက် ကို အင်တုံ ၌ ထည့် ၍ ၊ တဝက် ကို ယဇ်ပလ္လင် ပေါ် မှာ ဖြန်း လေ၏။
မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
7 ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။
8 မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
9 ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် တို့ သည် တက် ၍ ၊
ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက်၍၊
10 ၁၀ ဣသရေလ အမျိုး၏ ဘုရား သခင်ကို မြင် ကြ၏။ ခြေ တော်အောက် ၌ နီလာ ကျောက် ဖြင့်ပြီးသောကျောက် ခင်းကဲ့သို့ ၎င်း၊ ကြည်လင် သော ကောင်းကင် မျက်နှာကဲ့သို့ ၎င်း ထင်လေ၏။
၁၀ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။
11 ၁၁ ဣသရေလ အမျိုးသား မှူးမတ် တို့ကို အပြစ် ပေးတော်မ မူ။ သူတို့သည် ဘုရား သခင်ကို မြင် ရသော်လည်း ၊ စား သောက် လျက် နေကြ၏။
၁၁ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း၊ စားသောက်လျက်နေကြ၏။
12 ၁၂ ထာဝရဘုရား ကလည်း ၊ ငါ ရှိရာတောင် ပေါ် သို့ တက် ၍ နေ လော့။ လူ များတို့အား သွန်သင် ဘို့ရာ ကျောက် ပြား ပေါ်မှာ ငါရေး ထားသော ပညတ် တရား များကို သင် ၌ ငါအပ် ပေးမည်ဟု မောရှေ အား မိန့် တော်မူလျှင်၊
၁၂ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊
13 ၁၃ မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။
၁၃မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။
14 ၁၄ အသက်ကြီး သူတို့အား လည်း ၊ ငါတို့မ လာ မှီတိုင်အောင်ဤ အရပ်၌ ငံ့ နေကြလော့။ အာရုန် နှင့် ဟုရ သည် သင် တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်း ရှိလျှင်၊ သူ တို့ထံသို့ သွား စေဟု မှာ ထားလေ၏။
၁၄အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေဟု မှာထားလေ၏။
15 ၁၅ မောရှေ သည် တောင် တော်ပေါ် သို့တက် ၍ ၊ မိုဃ်းတိမ် သည် တောင် တော်ကို လွှမ်းမိုး ၏။
၁၅မောရှေသည် တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။
16 ၁၆ ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
၁၆ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။
17 ၁၇ ထာဝရဘုရား ၏ ဘုန်း တော်သည် တောင် ထိပ် ပေါ် မှာလောင် သော မီး ကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသား တို့သည် မြင် ရကြ၏။
၁၇ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။
18 ၁၈ မောရှေ သည် မိုဃ်းတိမ် အထဲသို့ ဝင် သဖြင့် တောင် ပေါ် သို့ရောက် ၍ အရက် လေးဆယ် ပတ်လုံးတောင် ပေါ် မှာ နေ လေ၏။
၁၈မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။

< ထွက်မြောက်ရာ 24 >