< ထွက်မြောက်ရာ 21 >

1 ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင် ရသော ဓမ္မသတ် ဟူမူကား၊
ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊
2 ဟေဗြဲ အမျိုးဖြစ်သောကျွန် ကို ဝယ် လျှင် ၊ ခြောက် နှစ် သာ အစေ ကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက် သော်၊ ကိုယ်ဘိုးကို မ တောင်းဘဲ လွှတ် ရမည်။
ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင်၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက် သော်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။
3 ကျွန်ခံစက တယောက် တည်းခံလျှင် ၊ တယောက် တည်းထွက် ရမည်။ လင် မယား နှစ်ယောက်ခံလျှင် ၊ မယား နှင့်တကွ ထွက် စေရမည်။
ကျွန်ခံစက တယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွ ထွက်စေရမည်။
4 သို့မဟုတ်သခင် ပေးစား သောမယား ရှိ၍ ထိုမယားသည် သား သမီး ကို ဘွားမြင် လျှင် ၊ မယား နှင့် သားသမီး တို့ကို သခင် ပိုင် ရမည်။ ကျွန်မူကား၊ တ ယောက်တည်းထွက် ရမည်။
သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။
5 သို့မဟုတ် ကျွန် က၊ ကျွန်တော် သခင် နှင့် မယား သားသမီး တို့ကို ကျွန်တော်ချစ် ပါ၏။ မ ထွက် မသွားလိုပါ ဟု အတည့်အလင်းပြောဆို လျှင် ၊
သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင်၊
6 သခင် သည် ဘုရား သခင်ရှေ့ တော်သို့၎င်း၊ အိမ်တံခါး တိုင် သို့ ၎င်း ဆောင် ယူ၍ ၊ နားရွက် ကို စူး ဖြင့် ဖောက် ပြီးမှ ၊ ထိုကျွန်သည် အစဉ် အမြဲကျွန် ခံရမည်။
သခင်သည် ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည်။
7 အဘ သည် သမီး ကို ကျွန် ခံစေခြင်းငှာ ရောင်း လျှင် ထိုမိန်းမသည် ကျွန် ယောက်ျားကဲ့သို့ လွတ် ရသည် မဟုတ်။
အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်။
8 သခင် သည် ထိုမိန်းမ ကို သိမ်းယူ၍ မကြိုက် လျှင် ၊ ရွေး စေခြင်းငှာ အခွင့်ပေးရမည်။ သူ့ ကို လှည့်ဖြား မိ သောကြောင့် ၊ တပါးအမျိုးသား တို့သို့ ရောင်း ချပိုင်သောအခွင့် မရှိ။
သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိ သောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။
9 မိမိ သား ၌ ပေးစား လျှင် မူကား ၊ သမီး ကဲ့သို့ ပြုစု ရမည်။
မိမိသား၌ ပေးစားလျှင်မူကား၊ သမီးကဲ့သို့ ပြုစုရမည်။
10 ၁၀ အခြား မိန်းမကို သိမ်း ပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ် အစား နှင့် မယား ဝတ်ကို မ လျှော့ ရ။
၁၀အခြားမိန်းမကို သိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ။
11 ၁၁ ထို သုံး ပါးကို မ ပြု လျှင် ၊ ကိုယ်ဘိုး ကို မ တောင်းဘဲ လွှတ် ရမည်။
၁၁ထိုသုံးပါးကို မပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။
12 ၁၂ လူ ကို အသေ သတ် သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
၁၂လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
13 ၁၃ အသေသတ်မည် အကြံ မ ရှိဘဲ၊ သူ ၏လက် ၌ လူအသက်ကို ဘုရား သခင်အပ် တော်မူလျှင်၊ ပြေး ရသောအရပ် ကို ငါခန့် ထားမည်။
၁၃အသေသတ်မည် အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသော အရပ်ကို ငါခန့်ထားမည်။
14 ၁၄ အိမ်နီးချင်း ကိုသတ် မည် အကြံ ရှိ၍ အနိုင်တိုက်သောသူ ကိုကား ၊ ငါ့ ယဇ် ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ ၍ သတ် ရမည်။
၁၄အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍ သတ်ရမည်။
15 ၁၅ မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
၁၅မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
16 ၁၆ လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
၁၆လူကို ခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။
17 ၁၇ မိ ဘ ကို ကျိန်ဆဲ သောသူသည် အသေသတ် ခြင်းကို အမှန်ခံရမည်။
၁၇မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
18 ၁၈ လူ ချင်းခိုက်ရန် ပြု၍ တယောက် သည် ကျောက်ခဲ နှင့် ထု သည်ဖြစ်စေ၊ လက်သီး နှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မ သေ သော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေ ရလျှင်၎င်း၊
၁၈လူချင်းခိုက်ရန် ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊
19 ၁၉ တဖန်ထ ၍ တောင်ဝေး နှင့် သွား လျှင် ၎င်း၊ ရိုက်သောသူကို အပြစ် လွှတ် ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာ ပျောက်စေခြင်းငှါ ကုသ ရသည်အတွက်၊ ငွေကို လျော် ရမည်။
၁၉တဖန်ထ၍ တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကို လျော်ရမည်။
20 ၂၀ သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။
၂၀သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ထိုကျွန်သေလျှင်၊ သခင်သည် လေးသော ဒဏ်ကို ခံရမည်။
21 ၂၁ သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။
၂၁သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည်။
22 ၂၂ လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။
၂၂လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသော အနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။
23 ၂၃ အခြားသော အနာ ဖြစ်လျှင် ၊ အသက် အတွက် အသက် ကို၎င်း၊
၂၃အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊
24 ၂၄ မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း၊
၂၄မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊
25 ၂၅ မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။
၂၅မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။
26 ၂၆ သခင် သည် ကျွန် ယောက်ျား ကျွန် မိန်းမ၏ မျက်စိ ကို ပျက် အောင်ရိုက် လျှင် ၊ မျက်စိ ပျက်သည်အတွက် လွှတ် ရမည်။
၂၆သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။
27 ၂၇ ထိုအတူ ကျွန် ယောက်ျား ကျွန် မိန်းမ၏ သွား ကို ကျိုး အောင်ရိုက်လျှင်၊ သွား ကျိုးသည်အတွက် လွှတ် ရမည်။
၂၇ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏ သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။
28 ၂၈ နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။
၂၈နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။
29 ၂၉ ၎င်းနည်း နွား သည် အထက် က ခွေ့ ဘူး၍ ၊ ခွေ့ကြောင်းကို နွားရှင် ကြား သိလျက် မ ချည် မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျား မိန်းမ ကို သတ် မိလျှင် ၊ ထိုနွား ကို ကျောက်ခဲနှင့် ပစ် သတ်ရမည်။ နွား ရှင် ကိုလည်း အသေ သတ်ရမည်။
၂၉၎င်းနည်းနွားသည် အထက်က ခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကို လည်း အသေသတ်ရမည်။
30 ၃၀ သို့မဟုတ်ငွေ လျော်စေဟု စီရင် လျှင် ၊ စီရင် သည်အတိုင်း မိမိ အသက် ရွေး ရန် အဘိုးကို လျော် ရမည်။
၃၀သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည်။
31 ၃၁ သူတပါး၏ သား သမီး ကို ခွေ့ လျှင် ၊ စီရင် သည်အတိုင်း ခံ ရမည်။
၃၁သူတပါး၏ သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။
32 ၃၂ ကျွန် ယောက်ျားကျွန် မိန်းမကို ခွေ့ လျှင် မူကား၊ နွားရှင်သည် ကျွန် ရှင် အား ငွေ အကျပ် သုံးဆယ် ကို လျော် ရမည်။ နွား ကိုလည်း ကျောက်ခဲနှင့် ပစ် သတ်ရမည်။
၃၂ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။
33 ၃၃ လူ သည် တွင်း ကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်း ကိုတူး ၍ မ ပိတ် ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း ၊ နွား သည် ထို တွင်း၌ ကျ လျှင်၊
၃၃လူသည် တွင်းကို ဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
34 ၃၄ တွင်း ရှင် သည် မြင်း၊ နွားအဘိုး ကို လျော် ၍ အသေ ကောင်ကို ယူ ရမည်။
၃၄တွင်းရှင်သည် မြင်း၊ နွားအဘိုးကို လျော်၍ အသေကောင်ကို ယူရမည်။
35 ၃၅ အကြင် သူ၏ နွား သည်၊ သူတပါး ၏ နွား ကို အသေ ခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင် သော နွား ကို ရောင်း ၍ အဘိုး ကို ဝေ ယူရမည်။ သေ သောနွားကိုလည်း ဝေ ယူရမည်။
၃၅အကြင်သူ၏ နွားသည်၊ သူတပါး၏ နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကို ရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။
36 ၃၆ ၎င်း နည်းနွားသည် အထက် က ခွေ့ ဘူးကြောင်းကို ၊ နွား ရှင် သိ လျက်နှင့် မ ချည် မနှောင် အလွတ် ထားလျှင်၊ နွားသေ ကောင်ကို ကိုယ်တိုင် ယူ ရမည်။ ထိုနွား တကောင်အတွက် တ ကောင်ကို အမှန်လျော် ရမည်။
၃၆၎င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည်။

< ထွက်မြောက်ရာ 21 >