< ထွက်မြောက်ရာ 2 >

1 ထို ကာလ၌ လေဝိ အမျိုးသား တယောက်သည်၊ လေဝိ အမျိုးသမီး နှင့် အိမ်ထောင် ဘက်ပြု၍၊
ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊
2 မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။
3 နောက်တဖန် ဖွက် ၍မ ထား နိုင်သောအခါ ၊ ဂမာကိုင်း ပင်ဖြင့် ရက်သောပုခက် ကိုယူ ၍ ရေညှိ နှင့် သစ်စေး ဖြင့် လူး ပြီးလျှင် ၊ ပုခက် ထဲတွင် သူငယ် ကိုထည့် ၍ မြစ် ကမ်း နား ကိုင်း တော၌ ထား လေ၏။
နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။
4 သူငယ် အစ်မ လည်း အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ အဝေး ၌ ရပ် နေလေ၏။
သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။
5 ဖာရော ဘုရင်၏သမီး တော်သည် ရေချိုး ခြင်းငှါ ဆင်း လာ၍ ၊ ကျွန်မ တို့နှင့် မြစ် ကမ်းနား ၌ လှည့်လည် စဉ်၊ ကိုင်း တော၌ ပုခက် ကိုမြင် ၍ ဆောင်ယူ စေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ် လေ၏။
ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။
6 ပုခက်ဖုံးကို ဖွင့် သောအခါ ၊ ငို လျက်နေသောသူငယ် ကိုမြင် ၍ ၊ သနား သောစိတ်ရှိလျှင် ၊ ဤ သူငယ်သည် ဟေဗြဲ အမျိုး ဖြစ်လိမ့်မည်ဟု ဆို ပြီး သော်၊
ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊
7 သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊
8 မင်းသမီး ကသွား လော့ဟု အခွင့်ပေး လျှင် ၊ မိန်းမ ငယ်သွား၍ သူငယ် ၏အမိ ကိုခေါ် လေ၏။
မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
9 ဖာရော ဘုရင်၏သမီး တော်က၊ ဤ သူငယ် ကို ယူသွား ၍ ငါ့ ဘို့ ထိန်း လော။ အခ ကို ငါ ပေး မည်ဟု မှာ ထားသည်အတိုင်း၊ ထိုမိန်းမ သည် သူငယ် ကို ယူသွား ၍ ထိန်း လေ၏။
ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ ထိန်းလော။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။
10 ၁၀ သူငယ် ကြီးပွား သောအခါ ၊ ဖာရော ဘုရင်၏ သမီး တော်ထံသို့ ပို့ဆောင် ၍ မင်းသမီး သည် သား အရာ၌ ခန့်ထား လျက် ၊ မောရှေ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ရေ ထဲက ငါနှုတ်ယူ သည်ဟု ဆို သတည်း။
၁၀သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။
11 ၁၁ မောရှေ သည် ကြီး သောအခါ ၊ မိမိ အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ သူ တို့အမှုထမ်း ရသောအခြင်း အရာတို့ကို ကြည့်ရှု လေ၏။ မိမိ အမျိုးသား ဟေဗြဲ လူ တယောက်ကို၊ အဲဂုတ္တု လူ ရိုက် သည်ကိုမြင် လျှင်၊
၁၁မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
12 ၁၂ ပတ်လည်ကြည့်ရှု ၍ အဘယ်သူ မျှမရှိ သည်ကို သိ သောအခါ၊ အဲဂုတ္တု လူကိုသတ် ၍ သဲ ထဲ ၌ မြှုပ် ထားလေ ၏။
၁၂ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။
13 ၁၃ နက်ဖြန် နေ့ ၌ ထွက် ပြန်သော် ၊ ဟေဗြဲ လူ နှစ် ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင် လျှင် ၊ သင်သည် သင် ၏အပေါင်းအဘော် ကို အဘယ်ကြောင့် ရိုက် သနည်းဟု ညှဉ်းဆဲ သောသူအား မေး သည်ရှိသော်၊
၁၃နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊
14 ၁၄ ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
၁၄ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။
15 ၁၅ ထို သိတင်း ကို ဖါရော ဘုရင်ကြား သောအခါ ၊ မောရှေ ကို သတ် ခြင်းငှါ ရှာကြံ လေ၏။ မောရှေ သည် ဖါရော ဘုရင်ထံမှ ထွက်ပြေး ၍၊ မိဒျန် ပြည် သို့ ရောက် လျှင် ၊ ရေတွင်း နား မှာ ထိုင် ၍နားနေလေ၏။
၁၅ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။
16 ၁၆ ထိုအခါ မိဒျန် ယဇ်ပုရောဟိတ် ၏ သမီး ညီအစ်မခုနစ် ယောက်တို့သည်၊ မိမိ တို့အဘ ၏ သိုး ဆိတ်များကို ရေတိုက် ခြင်းငှါ လာ ၍ ရေခပ် ပြီးလျှင် ၊ ရေသောက်ခွက်တို့၌ လောင်း ကြ၏။
၁၆ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
17 ၁၇ သိုးထိန်း အချို့တို့လည်း လာ ၍ သိုး ဆိတ်များကို မောင်း ကြ၏။ ထိုအခါ မောရှေ သည်ထ ၍ ထို မိန်းမတို့ဘက်၌နေလျက်၊ သိုး ဆိတ်များကို ရေတိုက် လေ၏။
၁၇သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။
18 ၁၈ ထိုမိန်းမတို့သည် အဘ ရွေလ ထံသို့ ရောက် ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက် လာရကြသနည်းဟုမေး လေ၏။
၁၈ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။
19 ၁၉ သူတို့ကလည်း၊ အဲဂုတ္တု လူ တယောက်သည် အကျွန်ုပ် တို့ကို သိုးထိန်း တို့လက် မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ် သဖြင့် ၊ သိုး ဆိတ်များကို ရေတိုက် ပါသည်ဟု ပြန်ပြော ၏။
၁၉သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။
20 ၂၀ အဘကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိသနည်း။ အဘယ်ကြောင့် သူ့ ကိုပစ် ထားခဲ့သနည်း။ အစာ စား စေခြင်းငှါ သူ့ ကို ခေါ် ချေကြဟု ဆို လေ၏။
၂၀အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
21 ၂၁ မောရှေ သည် ထိုသူထံမှာ နေ ၍ ပျော်မွေ့ သဖြင့် ၊ သမီး ဇိပေါရ ကို မောရှေ အား ထိမ်းမြားပေးစား လေ၏။
၂၁မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
22 ၂၂ ထိုမိန်းမဘွား သောသား ကို ဂေရရှုံ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟုဆို သတည်း။
၂၂ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
23 ၂၃ ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
၂၃ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။
24 ၂၄ သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
၂၄သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
25 ၂၅ ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။
၂၅ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။

< ထွက်မြောက်ရာ 2 >