< ထွက်မြောက်ရာ 15 >

1 ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။
2 ထာဝရ ဘုရားသည် ငါ့ အစွမ်း သတ္တိ၊ ငါသီချင်း ဆိုကြောင်း၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ် တော်မူ၏။ ထို ဘုရား သည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာ ပြုပါမည်။ ငါ့ ဘိုးဘေး တို့၏ ဘုရား သခင်ဖြစ်တော်မူ၍ ၊ ငါချီးမြှောက် ပါမည်။
ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။
3 ထာဝရဘုရား သည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်းဟူသောနာမ တော်ရှိတော်မူ၏။
ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။
4 ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။
5 နက် စွာသောအရပ်၌ လွှမ်းမိုး လျက်ရှိကြ၏။ ကျောက် ကဲ့သို့ အောက် သို့ ဆင်း ကြ၏။
နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။
6 အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် တန်ခိုး အားဖြင့် ဘုန်းကြီး တော်မူ၏။ အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် ရန်သူ တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏။
အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
7 ကိုယ်တော် တဘက်၌ ထ သောသူတို့ကို၊ ဘုန်း တန်ခိုးအာနုဘော်တော်တို့နှင့် လှဲ တော်မူ၏။ အမျက် တော်ကို လွှတ် ၍၊ သူ တို့ကို အမှိုက် ကဲ့သို့ မီးလောင် စေတော်မူ၏။
ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
8 နှာခေါင်း တော်လေ အားဖြင့် ရေ သည် စုဝေး ၍ ၊ စီး သောရေသည် ပုံ့ပုံ့ကြွ ၍၊ ပင်လယ် ၏အထဲ ၌ ပင် နက် သောရေသည် တောင့်မာ လျက်နေရ၏။
နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။
9 ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။
10 ၁၀ ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
၁၀ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။
11 ၁၁ အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
၁၁အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
12 ၁၂ လက်ျာ လက်တော်ကို ဆန့် တော်မူသဖြင့်၊ သူ တို့ကို မြေ မြှုပ် လေ၏။
၁၂လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။
13 ၁၃ ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
၁၃ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
14 ၁၄ လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။
၁၄လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
15 ၁၅ ဧဒုံ ဗိုလ် တို့သည် မိန်းမော တွေဝေခြင်း၊ မောဘ သူရဲ တို့သည် တုန်လှုပ် ခြင်း၊ ခါနာန် ပြည်သား အပေါင်း တို့ သည် စိတ်ပျက် ခြင်းသို့ ရောက် ကြလိမ့်မည်။
၁၅ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
16 ၁၆ အို ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့သည် လွန် သွားသောအခါ ၊ ရွေး တော်မူသော ကိုယ်တော်၏လူ တို့ သည် လွန်သွား သောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံး တော်တန်ခိုး ကြောင့် ၊ သူတို့သည် ကျောက် ကဲ့သို့ ငြိမ်ငြိမ် နေကြလိမ့်မည်။
၁၆အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
17 ၁၇ အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
၁၇အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18 ၁၈ ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
၁၈ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
19 ၁၉ အကြောင်းမူကား၊ ဖာရော ဘုရင်၏ မြင်း များ၊ ရထား များ၊ မြင်းစီးသူရဲ များတို့သည် ပင်လယ် ထဲသို့ ဝင် ၍ ၊ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ပင်လယ် ရေ ကို လွှမ်းမိုး စေတော်မူ၏။ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၏။
၁၉အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။
20 ၂၀ အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
၂၀အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။
21 ၂၁ မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
၂၁မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။
22 ၂၂ ထိုနောက် မောရှေ သည် ဣသရေလ လူတို့ကို၊ ဧဒုံ ပင်လယ် မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရ တော သို့ ရောက် ကြ၏။ ထိုတော ၌ သုံး ရက် ခရီးသွား ၍ ရေ ကို မ တွေ့ မရကြ။
၂၂ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။
23 ၂၃ မာရ အရပ်သို့ ရောက် သောအခါ ၊ မာရ ရေ သည် ခါး သောကြောင့် မ သောက် နိုင် ကြ။ ထိုကြောင့် ထိုအရပ်ကို မာရ ဟု သမုတ် ကြသတည်း။
၂၃မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။
24 ၂၄ လူ များတို့သည် မောရှေ ကို အပြစ်တင် ၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက် ရပါမည်နည်းဟု ဆို ကြ၏။
၂၄လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
25 ၂၅ မောရှေသည် ထာဝရဘုရား အား အော်ဟစ် ၍ ထာဝရဘုရား သည် သစ်ပင် တပင်ကို ပြ တော်မူ၏။ ထိုအပင်ကို ရေ ထဲသို့ ချ ပြီးလျှင် ၊ ရေ သည် ချို လေ၏။ ထို အရပ်၌ သူ တို့ကို စုံစမ်း ၍ စီရင် ထုံးဖွဲ့ တော်မူသည်ကား၊
၂၅မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
26 ၂၆ သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
၂၆သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
27 ၂၇ ထိုနောက်မှ ရေတွင်း ဆယ် နှစ် တွင်း၊ စွန်ပလွံ ပင် ခုနစ်ဆယ် နှင့် ပြည့်စုံရာ ဧလိမ် ရွာသို့ ရောက် ၍ ၊ ထို အရပ်တွင် ရေ ရှိရာအနား မှာ တပ်ချ ကြ၏။
၂၇ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။

< ထွက်မြောက်ရာ 15 >