< ထွက်မြောက်ရာ 13 >

1 မောရှေ ကို ခေါ်၍ ဣသရေလ အမျိုးသား တို့တွင် အဦးဘွားသောသူ၊
မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊
2 လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ သားဦး အပေါင်း တို့ကို ငါ့ အဘို့ သန့်ရှင်း စေလော့။ ငါ့ ဥစ္စာဖြစ်ကြသည်ဟု မိန့် တော်မူ၏။
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။
3 မောရှေ ကလည်း ၊ သင်တို့သည် ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ထွက် သွားသော ဤ နေ့ ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် သင် တို့ကို ထို ပြည်မှ နှုတ် ဆောင်တော်မူပြီ။ တဆေး ပါသောမုန့်ကို မ စား ရ။
မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။
4 အဗိဗ လ ၊ ယနေ့ ၌ ပင် သင် တို့သည် ထွက် လာကြပြီ။
အဗိဗလ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။
5 သင် တို့အား ပေး ခြင်းငှာ ဘိုးဘေး များ၌ ထာဝရဘုရားကျိန်ဆို တော်မူသော ပြည်၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် သို့ ပို့ဆောင် တော်မူပြီးမှ ၊ ယခု လ တွင် သင်တို့သည် ဤ ဝတ် ကိုပြု ရကြမည်။
သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။
6 ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ပြီးမှ ၊ ခုနစ် ရက်မြောက်သောနေ့ တွင် ၊ ထာဝရဘုရား အဘို့ ပွဲ ခံရကြမည်။
ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။
7 တဆေး မပါသောမုန့်ကို စား ရသောခုနစ် ရက် ပတ်လုံးသင် တို့၌ တဆေး ကို မ တွေ့ မမြင်ရ။ သင် တို့နေ သောအရပ်ရပ် တို့၌ လည်း မ တွေ့ မမြင်ရ။
တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။
8 ငါ တို့သည် အဲဂုတ္တု ပြည်မှ ထွက် သောကာလ ၊ ထာဝရဘုရား ပြု တော်မူသောကျေးဇူး တော်ကြောင့် ဤသို့ပြုရ၏ဟု ထို နေ့ ၌ သား မြေးတို့အား ကြား ပြောရမည်။
ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။
9 ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။
ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။
10 ၁၀ ထို့ကြောင့် စီရင်တော်မူသောဤ ထုံးစံ ကို၊ မိမိ အချိန် ၌ နှစ် စဉ်အတိုင်း စောင့် ရကြမည်။
၁၀ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
11 ၁၁ သင် တို့၌ ၎င်း ၊ ဘိုးဘေး ၌ ၎င်း၊ ကျိန်ဆို တော်မူသည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့ကို ပို့ဆောင် ၍ ၊ ထိုပြည်ကိုပေး သနားတော်မူသောအခါ၊
၁၁သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊
12 ၁၂ သင်တို့၌ အဦး ဘွား သောသားအပေါင်း တို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန် တို့၏ သားဦး အပေါင်း တို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲ ထားရကြမည်။ အထီး ရှိသမျှတို့သည်၊ ထာဝရဘုရား ၏ ဥစ္စာဖြစ် ရကြမည်။
၁၂သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။
13 ၁၃ မြည်း မ၌ အဦး ဘွားသော မြည်းသငယ်ကို၊ သိုးသငယ် နှင့် ရွေး ရမည်။ မ ရွေး လိုလျှင် ၊ မြည်း သငယ် လည်ပင်း ကို ချိုးရမည်။ လူသား တို့တွင် သားဦး အပေါင်း ကို ရွေး ရမည်။
၁၃မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။
14 ၁၄ နောင်ကာလ၌ သင် ၏သား ကလည်း၊ အဘယ်သို့ နည်းဟု မေးမြန်း လျှင်၊ သင်ကလည်း ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ၊ ထာဝရဘုရား သည် အားကြီး သော လက် တော်ဖြင့် ငါ တို့ကို နှုတ်ဆောင် တော်မူ၏။
၁၄နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။
15 ၁၅ ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။
၁၅ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။
16 ၁၆ ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။
၁၆ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။
17 ၁၇ ဣသရေလလူ တို့ကို ဖာရော ဘုရင်လွှတ် သောနောက် ၊ ဖိလိတ္တိ ပြည် ကို ရှောက်သောလမ်း သည် ဖြောင့် သော်လည်း ၊ ထို လမ်းဖြင့် ဘုရား သခင်ဆောင် တော်မ မူ။ အကြောင်းမူကား ၊ သူ တို့သည် စစ်မှု ကို တွေ့မြင် သောအခါ စိတ်ပျက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန်ကောင်းပြန် ကြလိမ့်မည်ဟု သိ တော်မူ၏။
၁၇ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။
18 ၁၈ ထိုကြောင့် ဘုရား သခင်သည်၊ သူ တို့ကို ဧဒုံ ပင်လယ် နားတော လမ်း ဖြင့် ဝိုင်း၍ ဆောင် တော်မူ၏။ ဣသရေလ အမျိုးသား တို့သည်၊ ခင်းကျင်းသော တပ် အစဉ်အတိုင်းအဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။
၁၈ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
19 ၁၉ အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရား သခင်သည် သင် တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျပ်ကျပ်ကျိန်ဆို စေသောကြောင့် ၊ သူ ၏အရိုး တို့ကို မောရှေ သည် မိမိ ၌ ယူဆောင် လေ၏။
၁၉အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။
20 ၂၀ တဖန် သူတို့သည် သုကုတ် အရပ်မှ ထွက် သွား၍ တော အနား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
၂၀တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။
21 ၂၁ သူ တို့သည် နေ့ ည သွား နိုင် အောင် ထာဝရဘုရား သည် နေ့ ၌ကား၊ လမ်း ပြ ဘို့ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် ၌ကား၊ အလင်း ပေးဘို့ မီး တိုင် အားဖြင့် ၎င်း၊ သူ တို့ရှေ့ က ကြွ တော်မူ၏။
၂၁သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။
22 ၂၂ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ကို သူ တို့ရှေ့ မှ ရုပ်သိမ်း တော်မ မူ။
၂၂နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

< ထွက်မြောက်ရာ 13 >