< ထွက်မြောက်ရာ 11 >

1 ထိုအခါ ထာဝရဘုရား က၊ ဖာရော ဘုရင်နှင့် အဲဂုတ္တု ပြည်အပေါ် မှာ ဘေး တပါး ကို ငါရောက် စေဦး မည်။ ထိုနောက် သင် တို့ကို လွှတ် လိမ့်မည်။ လွှတ် သောအခါ ၌လည်း၊ အကယ်၍သင် တို့ကို တပြိုင်နက် နှင် လိမ့်မည်။
ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည်။
2 ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်း ယောက်ျား ၌ ၎င်း၊ မိန်းမသည် အိမ်နီးချင်း မိန်းမ ၌ ၎င်း ၊ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ်တန်ဆာတို့ကို တောင်း စေခြင်းငှာ ၊ လူ များတို့အား ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌၎င်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌၎င်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အား ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
3 သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တု လူတို့သည် ပေးချင်သောစေတနာ စိတ်ကို ထာဝရဘုရား ဖြစ် စေ တော်မူ၏။ မောရှေ သည်လည်း ၊ အဲဂုတ္တု ပြည် တွင် ဖာရော ဘုရင်၏ ကျွန် များ၊ လူ များရှေ့ ၌ ကြီးစွာ သော အသရေ ရှိလေ၏။
သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေ တော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ ကျွန်များ၊ လူများရှေ့၌ ကြီးစွာသော အသရေရှိလေ၏။
4 ထိုအခါ မောရှေ က၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန်းခေါင် အချိန်၌ အဲဂုတ္တု ပြည်အလယ် သို့ ငါ ထွက်သွား မည်။
ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည်။
5 နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ၊ ကြိတ်ဆုံ နောက်၌ ထိုင်သော ကျွန်မ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ ရှိသမျှ သော သားဦး တို့နှင့် တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ တို့သည် သေ ကြလိမ့်မည်။
နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦး တိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။
6 အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ရှေးကာလ၌ မ ဖြစ် စဖူး၊ နောင်ကာလ၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် ရလိမ့်မည်။
အဲဂုတ္တုပြည်တရှောက်လုံးတွင်၊ ရှေးကာလ၌ မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည်။
7 သို့ရာတွင် ထာဝရဘုရား သည်၊ အဲဂုတ္တု လူတို့နှင့် ဣသရေလ လူတို့ကို ခြားနား စေတော်မူကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ ဣသရေလ လူ တစုံတယောက်ကို ခွေး တကောင်မျှ မ ဟိန်း ရဟု မိန့် တော်မူ၏။
သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။
8 ကိုယ်တော် ၏ ကျွန် ဖြစ်သော ဤ လူအပေါင်း တို့သည်လည်း ကျွန်ုပ် ထံ သို့လာ ၍ ပြပ်ဝပ် လျက် ထွက်သွားပါ။ ကိုယ်တော် နှင့် ကိုယ်တော် နောက် ၌ လိုက်သော လူ အပေါင်း တို့ ထွက်သွား ကြပါဟု ပြောဆို ပြီးမှ ကျွန်ုပ်ထွက်သွား ပါမည်ဟု လျှောက်ဆိုသဖြင့် ၊ အမျက် ထွက်၍ ဖာရော ဘုရင်ထံမှ ထွက်သွား လေ၏။
ကိုယ်တော်၏ ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့ လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
9 ထာဝရဘုရား ကလည်း ၊ အံ့ဘွယ် သော အမှုတော်တို့သည် အဲဂုတ္တု ပြည် ၌ များပြား မည်အကြောင်း ၊ ဖာရော ဘုရင်သည် သင် တို့၏စကားကို နား မ ထောင်ဘဲနေလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
ထာဝရဘုရားကလည်း၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
10 ၁၀ မောရှေ နှင့် အာရုန် တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤ အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ပြု သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့် ကို မ ပေးဘဲ နေသတည်း။
၁၀မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း။

< ထွက်မြောက်ရာ 11 >