< ဧ​သ​တာ 2 >

1 တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။
တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ၊ ဝါရှိတိကို၎င်း၊ သူပြုသောအမှုနှင့် သူ့တဘက် ၌စီရင်သော အမှုကို၎င်း အောက်မေ့တော်မူ၏။
2 အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။
အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။
3 အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှါ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
4 နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။
နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။
5 ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။
ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။
6 ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
7 ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။
ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
8 ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။
ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သော အခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုး ဟေဂဲ၌အပ်ရာတွင်၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။
9 ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာ ရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက် လေ၏။
10 ၁၀ ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။
၁၀ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ၏။
11 ၁၁ ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။
၁၁ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။
12 ၁၂ ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။
၁၂ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။
13 ၁၃ ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။
၁၃ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။
14 ၁၄ ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။
၁၄ညဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော် မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ။
15 ၁၅ မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။
၁၅မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။
16 ၁၆ ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊
၁၆ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊
17 ၁၇ အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။
၁၇အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။
18 ၁၈ ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။
၁၈ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။
19 ၁၉ သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။
၁၉သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။
20 ၂၀ ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။
၂၀ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။
21 ၂၁ ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။
၂၁ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။
22 ၂၂ ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။
၂၂ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။
23 ၂၃ ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
၂၃ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။

< ဧ​သ​တာ 2 >