< တရားဟောရာ 8 >

1 သင်သည် အသက်ရှင် ၍ များပြား မည်အကြောင်း ၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ၍ ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။
כָּל־הַמִּצְוָ֗ה אֲשֶׁ֨ר אָנֹכִ֧י מְצַוְּךָ֛ הַיֹּ֖ום תִּשְׁמְר֣וּן לַעֲשֹׂ֑ות לְמַ֨עַן תִּֽחְי֜וּן וּרְבִיתֶ֗ם וּבָאתֶם֙ וִֽירִשְׁתֶּ֣ם אֶת־הָאָ֔רֶץ אֲשֶׁר־נִשְׁבַּ֥ע יְהוָ֖ה לַאֲבֹתֵיכֶֽם׃
2 သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
וְזָכַרְתָּ֣ אֶת־כָּל־הַדֶּ֗רֶךְ אֲשֶׁ֨ר הֹלִֽיכֲךָ֜ יְהוָ֧ה אֱלֹהֶ֛יךָ זֶ֛ה אַרְבָּעִ֥ים שָׁנָ֖ה בַּמִּדְבָּ֑ר לְמַ֨עַן עַנֹּֽתְךָ֜ לְנַסֹּֽתְךָ֗ לָדַ֜עַת אֶת־אֲשֶׁ֧ר בִּֽלְבָבְךָ֛ הֲתִשְׁמֹ֥ר מִצְוֹתֹו (מִצְוֹתָ֖יו) אִם־לֹֽא׃
3 ထိုသို့ သင့် ကိုနှိမ့်ချ ၍ အငတ် အမွတ်ခံစေတော်မူ သောအခါ ၊ သင် သည် ကိုယ်တိုင်မ သိ ၊ သင် ၏ဘိုးဘေး မ သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့် ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။
וַֽיְעַנְּךָ֮ וַיַּרְעִבֶךָ֒ וַיַּֽאֲכִֽלְךָ֤ אֶת־הַמָּן֙ אֲשֶׁ֣ר לֹא־יָדַ֔עְתָּ וְלֹ֥א יָדְע֖וּן אֲבֹתֶ֑יךָ לְמַ֣עַן הֹודִֽעֲךָ֗ כִּ֠י לֹ֣א עַל־הַלֶּ֤חֶם לְבַדֹּו֙ יִחְיֶ֣ה הָֽאָדָ֔ם כִּ֛י עַל־כָּל־מֹוצָ֥א פִֽי־יְהוָ֖ה יִחְיֶ֥ה הָאָדָֽם׃
4 လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် မ ဟောင်း မနွမ်း၊ သင့် ခြေ လည်း မ ပွန်း မရောင်။
שִׂמְלָ֨תְךָ֜ לֹ֤א בָֽלְתָה֙ מֵֽעָלֶ֔יךָ וְרַגְלְךָ֖ לֹ֣א בָצֵ֑קָה זֶ֖ה אַרְבָּעִ֥ים שָׁנָֽה׃
5 အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
וְיָדַעְתָּ֖ עִם־לְבָבֶ֑ךָ כִּ֗י כַּאֲשֶׁ֨ר יְיַסֵּ֥ר אִישׁ֙ אֶת־בְּנֹ֔ו יְהוָ֥ה אֱלֹהֶ֖יךָ מְיַסְּרֶֽךָּ׃
6 သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။
וְשָׁ֣מַרְתָּ֔ אֶת־מִצְוֹ֖ת יְהוָ֣ה אֱלֹהֶ֑יךָ לָלֶ֥כֶת בִּדְרָכָ֖יו וּלְיִרְאָ֥ה אֹתֹֽו׃
7 အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
כִּ֚י יְהוָ֣ה אֱלֹהֶ֔יךָ מְבִֽיאֲךָ֖ אֶל־אֶ֣רֶץ טֹובָ֑ה אֶ֚רֶץ נַ֣חֲלֵי מָ֔יִם עֲיָנֹת֙ וּתְהֹמֹ֔ת יֹצְאִ֥ים בַּבִּקְעָ֖ה וּבָהָֽר׃
8 ဂျုံ ၊ မုယော ၊ စပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင် ဆီ ၊ ပျားရည် နှင့် ပြည့်စုံသောပြည်၊
אֶ֤רֶץ חִטָּה֙ וּשְׂעֹרָ֔ה וְגֶ֥פֶן וּתְאֵנָ֖ה וְרִמֹּ֑ון אֶֽרֶץ־זֵ֥ית שֶׁ֖מֶן וּדְבָֽשׁ׃
9 ဘာမျှ မ လို ဘဲဝစွာ စား ရသောပြည် ၊ သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။
אֶ֗רֶץ אֲשֶׁ֨ר לֹ֤א בְמִסְכֵּנֻת֙ תֹּֽאכַל־בָּ֣הּ לֶ֔חֶם לֹֽא־תֶחְסַ֥ר כֹּ֖ל בָּ֑הּ אֶ֚רֶץ אֲשֶׁ֣ר אֲבָנֶ֣יהָ בַרְזֶ֔ל וּמֵהֲרָרֶ֖יהָ תַּחְצֹ֥ב נְחֹֽשֶׁת׃
10 ၁၀ ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
וְאָכַלְתָּ֖ וְשָׂבָ֑עְתָּ וּבֵֽרַכְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ עַל־הָאָ֥רֶץ הַטֹּבָ֖ה אֲשֶׁ֥ר נָֽתַן־לָֽךְ׃
11 ၁၁ ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
הִשָּׁ֣מֶר לְךָ֔ פֶּן־תִּשְׁכַּ֖ח אֶת־יְהוָ֣ה אֱלֹהֶ֑יךָ לְבִלְתִּ֨י שְׁמֹ֤ר מִצְוֹתָיו֙ וּמִשְׁפָּטָ֣יו וְחֻקֹּתָ֔יו אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיֹּֽום׃
12 ၁၂ သင်သည် ဝ စွာစား ၍ ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊
פֶּן־תֹּאכַ֖ל וְשָׂבָ֑עְתָּ וּבָתִּ֥ים טֹובִ֛ים תִּבְנֶ֖ה וְיָשָֽׁבְתָּ׃
13 ၁၃ သင် ၏ သိုး နွား ၊ ရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊
וּבְקָֽרְךָ֤ וְצֹֽאנְךָ֙ יִרְבְּיֻ֔ן וְכֶ֥סֶף וְזָהָ֖ב יִרְבֶּה־לָּ֑ךְ וְכֹ֥ל אֲשֶׁר־לְךָ֖ יִרְבֶּֽה׃
14 ၁၄ သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
וְרָ֖ם לְבָבֶ֑ךָ וְשָֽׁכַחְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ הַמֹּוצִיאֲךָ֛ מֵאֶ֥רֶץ מִצְרַ֖יִם מִבֵּ֥ית עֲבָדִֽים׃
15 ၁၅ မီး မြွေ ၊ ကင်းမြီးကောက် များ၍ ၊ ရေ မ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် ၍ မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊
הַמֹּולִ֨יכֲךָ֜ בַּמִּדְבָּ֣ר ׀ הַגָּדֹ֣ל וְהַנֹּורָ֗א נָחָ֤שׁ ׀ שָׂרָף֙ וְעַקְרָ֔ב וְצִמָּאֹ֖ון אֲשֶׁ֣ר אֵֽין־מָ֑יִם הַמֹּוצִ֤יא לְךָ֙ מַ֔יִם מִצּ֖וּר הֽ͏ַחַלָּמִֽישׁ׃
16 ၁၆ သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊
הַמּֽ͏ַאֲכִ֨לְךָ֥ מָן֙ בַּמִּדְבָּ֔ר אֲשֶׁ֥ר לֹא־יָדְע֖וּן אֲבֹתֶ֑יךָ לְמַ֣עַן עַנֹּֽתְךָ֗ וּלְמַ֙עַן֙ נַסֹּתֶ֔ךָ לְהֵיטִֽבְךָ֖ בְּאַחֲרִיתֶֽךָ׃
17 ၁၇ ငါ့ တန်ခိုး ၊ ငါ့ လက် သတ္တိ အားဖြင့် ဤ စည်းစိမ် ကို ငါ ရ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
וְאָמַרְתָּ֖ בִּלְבָבֶ֑ךָ כֹּחִי֙ וְעֹ֣צֶם יָדִ֔י עָ֥שָׂה לִ֖י אֶת־הַחַ֥יִל הַזֶּֽה׃
18 ၁၈ သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
וְזָֽכַרְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ כִּ֣י ה֗וּא הַנֹּתֵ֥ן לְךָ֛ כֹּ֖חַ לַעֲשֹׂ֣ות חָ֑יִל לְמַ֨עַן הָקִ֧ים אֶת־בְּרִיתֹ֛ו אֲשֶׁר־נִשְׁבַּ֥ע לַאֲבֹתֶ֖יךָ כַּיֹּ֥ום הַזֶּֽה׃ פ
19 ၁၉ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့် ၊ အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ၍ ဝတ်ပြု ကိုးကွယ် လျှင် ၊ ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။
וְהָיָ֗ה אִם־שָׁכֹ֤חַ תִּשְׁכַּח֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ וְהָֽלַכְתָּ֗ אַחֲרֵי֙ אֱלֹהִ֣ים אֲחֵרִ֔ים וַעֲבַדְתָּ֖ם וְהִשְׁתַּחֲוִ֣יתָ לָהֶ֑ם הַעִדֹ֤תִי בָכֶם֙ הַיֹּ֔ום כִּ֥י אָבֹ֖ד תֹּאבֵדֽוּן׃
20 ၂၀ သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။
כַּגֹּויִ֗ם אֲשֶׁ֤ר יְהוָה֙ מַאֲבִ֣יד מִפְּנֵיכֶ֔ם כֵּ֖ן תֹאבֵד֑וּן עֵ֚קֶב לֹ֣א תִשְׁמְע֔וּן בְּקֹ֖ול יְהוָ֥ה אֱלֹהֵיכֶֽם׃ פ

< တရားဟောရာ 8 >