< တရားဟောရာ 19 >

1 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ နေသောလူမျိုး တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ် တော်မူသဖြင့် ၊ သင်သည် သူ တို့ အရာ၌ ဝင်စား ၍ ၊ သူ တို့မြို့ ၊ သူ တို့အိမ် ၌ နေ သောအခါ၊
When the LORD your God has cut off the nations, whose land the LORD your God gives you, and you succeed them, and dwell in their cities, and in their houses;
2 သင် ၏ဘုရားသခင် ထာဝရဘုရား သည် အပိုင် ပေး တော်မူသော ထိုပြည် အတွင်း ၌ မြို့ သုံး မြို့တို့ကို ခွဲ ထား ရမည်။
You shall separate three cities for you in the midst of your land, which the LORD your God gives you to possess it.
3 လူအသက်ကိုသတ် မိသောသူအပေါင်း တို့သည် ထို မြို့သို့ ပြေး နိုင် မည်အကြောင်း ၊ သင့် အမွေခံစရာဘို့ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သုံးပိုင်း ပိုင်း၍ လမ်း ခရီးကိုလည်း ပြင်ဆင် ရမည်။
You shall prepare you a way, and divide the coasts of your land, which the LORD your God gives you to inherit, into three parts, that every slayer may flee thither.
4 လူအသက်ကိုသတ် မိ၍ ၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ ၊ ထို မြို့သို့ ပြေး ရသောသူ ၏အမှု ဟူမူကား ၊ လူသည် ထင်း ခုတ် ခြင်းငှာ အဘော် နှင့် တော သို့ သွား ၍ သစ်ပင် ကိုခုတ်လှဲ စဉ်အခါ ၊ ပုဆိန် သည် အရိုးကျွတ်၍အဘော် ကိုထိ သောကြောင့်၊ မိမိအဘော်သေအောင်ပြုမိသောသူနှင့်တူ၍၊
And this is the case of the slayer, which shall flee thither, that he may live: Whoso kills his neighbour ignorantly, whom he hated not in time past;
5 ရန်ငြိုးဖွဲ့ ခြင်းမ ရှိဘဲမိမိ အဘော် ကိုအမှတ်တမဲ့ သတ်မိ သောသူသည်၊ ထို မြို့ တစုံတမြို့ သို့ ပြေး ၍ အသက် ချမ်းသာရလိမ့်မည်။
As when a man goes into the wood with his neighbour to hew wood, and his hand fetches a stroke with the axe to cut down the tree, and the head slips from the wooden handle, and lights upon his neighbour, that he die; he shall flee unto one of those cities, and live:
6 သို့မဟုတ် သေ စားသေစေသောသူသည် စိတ် မာန် ထစဉ်အခါ၊ လူ သတ်ကို လိုက် လျက် ခရီး ဝေး သောကြောင့် မှီ ၍ သတ် လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုး ဖွဲ့ ခြင်း မ ရှိသောကြောင့် အသေ သတ်ခြင်းကို မ ခံထိုက်။
Lest the avenger of the blood pursue the slayer, while his heart is hot, and overtake him, because the way is long, and slay him; whereas he was not worthy of death, inasmuch as he hated him not in time past.
7 ထိုကြောင့် မြို့ သုံး မြို့ကို ခွဲ ထားရမည်ဟု ငါ မှာ ထား၏။
Wherefore I command you, saying, You shall separate three cities for you.
8 ယနေ့ ငါ မှာထား သမျှ သော ဤ ပညတ် တော်တို့ကိုကျင့်စောင့် ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ် သောစိတ်နှင့် အစဉ်အမြဲ လမ်း တော်သို့ လိုက် လျှင်၎င်း၊
And if the LORD your God enlarge your coast, as he has sworn unto your fathers, and give you all the land which he promised to give unto your fathers;
9 သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ဘိုးဘေး တို့အား ပေး ခြင်းငှာ ဂတိထား သော ပြည် ရှိသမျှ ကို သင့် အား ပေး တော်မူ၍ ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို သည်အတိုင်း ၊ သင့် နေရာပြည် ကို ကျယ်ဝန်း စေတော်မူလျှင် ၎င်း၊
If you shall keep all these commandments to do them, which I command you this day, to love the LORD your God, and to walk ever in his ways; then shall you add three cities more for you, beside these three:
10 ၁၀ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံစရာ ဘို့ပေး တော်မူသော ပြည် ၌ အသေမခံထိုက်သောသူသည်အသေခံ၍ လူ့အသက်ကိုသတ်သောအပြစ်သည် သင့် အပေါ်မှာ မ ရောက်မည် အကြောင်း၊ ယခု ဆိုခဲ့ပြီးသောမြို့သုံး မြို့မှတပါး၊ အခြား သောမြို့ သုံး မြို့ကိုထပ်၍ ခွဲထားရမည်။
That innocent blood be not shed in your land, which the LORD your God gives you for an inheritance, and so blood be upon you.
11 ၁၁ တနည်းကား၊ မိမိ အဘော် ကို ရန်ငြိုး ဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
But if any man hate his neighbour, and lie in wait for him, and rise up against him, and strike him mortally that he die, and flees into one of these cities:
12 ၁၂ သူ့ နေရာမြို့ ၌ အသက်ကြီး သူတို့သည် လူကို စေလွှတ် ၍ ထိုသူ ကို ဆောင် ခဲ့သဖြင့် ၊ သေ စေခြင်းငှာ သေစား သေစေသောသူ၏ လက် ၌ အပ် လိုက်ရကြမည်။
Then the elders of his city shall send and fetch him thence, and deliver him into the hand of the avenger of blood, that he may die.
13 ၁၃ သင်၏မျက်စိ သည် သူ့ ကို မ သနား ရ၊ သင် သည် ချမ်းသာ ရမည်အကြောင်း ၊ လူ့ အသက်သတ်ခြင်းအပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။
your eye shall not pity him, but you shall put away the guilt of innocent blood from Israel, that it may go well with you.
14 ၁၄ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အား အပိုင် ပေး တော်မူသော ပြည် မှာ အမွေခံ ရာ မြေ၌ ရှေး လူဟောင်းတို့သည် စိုက် ထားနှင့်သော အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို မ ရွှေ့ ရ။
You shall not remove your neighbour's landmark, which they of old time have set in your inheritance, which you shall inherit in the land that the LORD your God gives you to possess it.
15 ၁၅ လူ သည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံ တဦး တည်း ရှိလျှင် သူ၏စကားမ တည် ရ။ သက်သေခံ နှစ် ဦး၊ သုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။
One witness shall not rise up against a man for any iniquity, or for any sin, in any sin that he sins: at the mouth of two witnesses, or at the mouth of three witnesses, shall the matter be established.
16 ၁၆ မမှန်သော သက်သေခံတယောက်သည်၊ သူတပါး တဘက် ၌ မ မှန်သောသက်သေ ကို ခံ လျှင်၊
If a false witness rise up against any man to testify against him that which is wrong;
17 ၁၇ တရား တွေ့သောသူနှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်သို့၎င်း ၊ ထို ကာလ ၌ ရှိသောယဇ် ပုရောဟိတ်၊ တရားသူကြီး ရှေ့ သို့၎င်း လာ သဖြင့်၊
Then both the men, between whom the controversy is, shall stand before the LORD, before the priests and the judges, which shall be in those days;
18 ၁၈ တရားသူကြီး တို့သည် စေ့စေ့ စစ်ကြော ၍ ထိုသက်သေ ခံသောသူသည် မိမိ အဘော် တဘက် ၌ မ မှန် သောသက်သေ ကို ခံ ပြီးလျှင်၊
And the judges shall make diligent inquisition: and, behold, if the witness be a false witness, and has testified falsely against his brother;
19 ၁၉ မိမိ အဘော် ၌ ပြု မည်ဟု အကြံ ရှိသည်အတိုင်း သူ ၌ ပြု ရမည်။ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ထိုသို့ ပယ်ရှား ရမည်။
Then shall all of you do unto him, as he had thought to have done unto his brother: so shall you put the evil away from among you.
20 ၂၀ ကြွင်း သောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက် သောကြောင့် ၊ နောက် တဖန် ထိုသို့ သော ဒုစရိုက် ကို မ ပြု ဘဲနေကြလိမ့်မည်။
And those which remain shall hear, and fear, and shall henceforth commit no more any such evil among you.
21 ၂၁ သင် ၏မျက်စိ သည် မ သနား ရ။ အသက် အတွက် အသက် ကို၎င်း ၊ မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း ဒဏ်ပေးရမည်။
And your eye shall not pity; but life shall go for life, eye for eye, tooth for tooth, hand for hand, foot for foot.

< တရားဟောရာ 19 >