< တရားဟောရာ 16 >

1 သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဗိဗလ ၊ ညဉ့် အခါ၌ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလ ကို မှတ် ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ လော့။ 2 ထာဝရဘုရား သည် နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ သိုး နွား တို့ကို ယဇ် ပူဇော်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံရမည်။ 3 သင် သည် အဲဂုတ္တု ပြည် မှ ထွက် လာသော နေ့ရက် ကို တသက်လုံး အောက်မေ့ ဘို့ရာပသခါပွဲခံစဉ်၊ တဆေး ပါသော မုန့်ကို မ စား ရဘဲ၊ တဆေး မပါသော မုန့်တည်းဟူသောဒုက္ခ မုန့် ကို ခုနှစ် ရက်ပတ်လုံး စား ရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တု ပြည် မှ အလျင် တဆောထွက် လာသတည်း။ 4 ခုနှစ် ရက် ပတ်လုံး ၊ သင့် နေရာပြည် ၌ တဆေး ပါ သောမုန့်မ ရှိ ရ။ ပဌမ နေ့ ညဦးယံ ၌ ပူဇော် သော ယဇ်၏အသား ကို တညဉ့်လုံး နံနက် တိုင်အောင် မ ကျန်ကြွင်း စေရ။ 5 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ အရပ်ရပ်တို့တွင် ပသခါ ယဇ် ကို ပူဇော်ရသောအခွင့် ရှိသည်မ ဟုတ်။ 6 သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအချိန် ၊ နေဝင်ရာညဦးယံ အချိန်၌ ပသခါ ယဇ် ကို ပူဇော်ရမည်။ 7 သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် မှာ မီး နှင့်ကင်၍ စား ပြီးမှ ၊ နံနက် အချိန် ၌ အိမ် သို့ ပြန်သွား ရမည်။ 8 ခြောက် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ရမည်။ သတ္တမ နေ့ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ဓမ္မ စည်းဝေး ခြင်းကို ပြု ရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။ 9 စပါး ကိုရိတ် စ ကာလနောက် ၊ အရေအတွက် အားဖြင့် ခုနှစ် သိတင်း လွန်မှ၊ 10 ၁၀ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်တိုင်မှစ၍သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ အလိုလို ပြုသော ပူဇော်သက္ကာကို ဆောင် ခဲ့ရမည်။ 11 ၁၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။ 12 ၁၂ သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ၍ ၊ ဤ ပညတ် တရားတို့ကို ကျင့် စောင့် ရမည်။ 13 ၁၃ စပါး နှင့် စပျစ်ရည် ကို သိမ်းယူ ပြီးမှ ၊ ခုနှစ် ရက် ပတ်လုံးသကေနေ ပွဲ ကို ခံ ရကြမည်။ 14 ၁၄ ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။ 15 ၁၅ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ ခုနှစ် ရက် ပတ်လုံးသင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ၊ ဓမ္မပွဲ ကို ခံရမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်၊ တိုးပွား လေရာရာ ၊ သင် လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူသောကြောင့် ၊ အမှန် ရွှင်လန်း ခြင်းကို ပြု ရမည်။ 16 ၁၆ အဇုမ ပွဲ ခံချိန်၊ ခုနှစ် သိတင်းပွဲ ခံချိန်၊ သကေနေ ပွဲ ခံချိန်တည်းဟူသောတနှစ် တွင် သုံး ကြိမ် မြောက်အောင် သင် တို့ယောက်ျား အပေါင်း တို့သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ရှေ့ တော်မှာ မျက်နှာ ပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံ တော်သို့ အဘယ်သူ မျှလက်ချည်း မပေါ် မလာရ။ 17 ၁၇ သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ လူအသီးသီး တို့သည် တတ်နိုင် သည် အတိုင်း ဆက် ရကြမည်။ 18 ၁၈ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။ 19 ၁၉ သင်သည် တရား လမ်းမှ မ လွှဲ ရ။ လူမျက်နှာ ကို မ ထောက် ရ။ တံစိုး ကို မ စား ရ။ တံစိုး သည် ပညာရှိ မျက်စိ ကို ကွယ် စေတတ်၏။ ဖြောင့်မတ် သောသူ၏ စကား ကို ကောက် စေတတ်၏။ 20 ၂၀ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင် သည် အသက်ရှင် ၍ အမွေခံ မည်အကြောင်း ၊ ဖြောင့် သောတရားလမ်းသို့သာ လိုက် ရမည်။ 21 ၂၁ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သင် တည် သော ယဇ် ပလ္လင်အနား မှာ အဘယ်သို့သော အာရှရ ပင် ကို မျှ မ စိုက် ရ။ 22 ၂၂ သင် ၏ဘုရားသခင် ထာဝရဘုရား မုန်း တော်မူသော ရုပ်တု ဆင်းတုကို မ တည် မထားရ။

< တရားဟောရာ 16 >