< တမန်တော်ဝတ္ထု 15 >

1 ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။
Then some men arrived from Judea who started teaching the believers, “Unless you're circumcised according to the rules set down by Moses, you can't be saved.”
2 ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။
Paul and Barnabas had many arguments and debates with them. So Paul and Barnabas and some others were appointed to go to Jerusalem and talk to the apostles and leaders there about this issue.
3 အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။
The church sent them on their way, and as they traveled through Phoenicia and Samaria, they explained how foreigners were being converted, which made all the believers very happy.
4 ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
When they arrived in Jerusalem they were welcomed by the church members, the apostles, and the elders. They explained everything God had done through them.
5 ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။
But they were opposed by some of the believers who belonged to the Pharisee faction. They said, “These converts have to be circumcised, and instructed to observe the law of Moses.”
6 ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။
The apostles and elders met together to discuss the issue.
7 များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
After much debate, Peter stood up and said to them, “Brothers, you know that some time ago God chose me from among you so that the foreigners could hear the message of good news and trust in Jesus.
8 စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
God, who knows thewhat we're thinking, has shown that he accepts them, giving them the Holy Spirit just as he did to us.
9 ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
He doesn't make any distinction between us and them—he cleansed their thoughts as they trusted in him.
10 ၁၀ သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။
So why do you want to oppose God and put a burden on the believers that our fathers weren't able to bear, and we can't either?
11 ၁၁ သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။
We're convinced that we're saved through the grace of the Lord Jesus, in the same way they are.”
12 ၁၂ ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
Everyone listened attentively to Barnabas and Paul as they explained the miraculous signs that God had performed through them among the foreigners.
13 ၁၃ ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။
After they had finished speaking, James spoke up, saying, “Brothers, listen to me.
14 ၁၄ ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။
Simon has described how God first revealed his concern for the foreigners by taking from them a people committed to him.
15 ၁၅ ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။
This is in accordance with the words of the prophets, as it's written,
16 ၁၆ ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။
‘In the future I will return, and I will rebuild the fallen house of David; I will rebuild its ruins and set it straight.
17 ၁၇ လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။
I will do this so that those who are left may come to the Lord, including the foreigners who call on my name.
18 ၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ (aiōn g165)
This is what the Lord says, who revealed these things long ago.’ (aiōn g165)
19 ၁၉ ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊
So my decision is that we shouldn't make it difficult for foreigners who turn to God.
20 ၂၀ ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
We should write to them and tell them to avoid food sacrificed to idols, sexual immorality, meat of animals that have been strangled, and from consuming blood.
21 ၂၁ အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
For the law of Moses has been taught in every town for a long, long time—it's read in the synagogues every Sabbath.”
22 ၂၂ ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
Then the apostles and elders, together with the whole church, decided it would be good to choose some representatives and send them to Antioch with Paul and Barnabas. They chose Judas Barsabbas and Silas, leaders among the brothers,
23 ၂၃ သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
and sent them with this letter: “Greetings from us, the apostles and elders and brothers, to the non-Jewish brothers in Antioch, Syria, and Cilicia:
24 ၂၄ လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊
We have heard that some from our group have confused you with their teachings, causing you trouble. We certainly didn't tell them to do this!
25 ၂၅ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊
So we have agreed to choose some representatives and send them to you together with our much-loved brothers Barnabas and Paul,
26 ၂၆ ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊
who have risked their lives for the name of our Lord Jesus Christ.
27 ၂၇ ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။
So we are sending to you Judas and Silas who can verbally confirm what we're saying.
28 ၂၈ ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
It seemed best to the Holy Spirit and to us not to place on you any heavier burden than these important requirements.
29 ၂၉ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
You should avoid: anything sacrificed to idols; blood; meat from strangled animals; and sexual immorality. You will do well to observe these requirements. God bless you.”
30 ၃၀ ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
The men were sent on their way to Antioch. When they arrived they called everybody together and delivered the letter.
31 ၃၁ မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
After they had read it, the people were so happy for the encouraging message.
32 ၃၂ ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
Judas and Silas, who were also prophets, encouraged the brothers, explaining many things, and strengthening them.
33 ၃၃ ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။
After spending some time there they were sent back by the brothers with their blessing to the believers in Jerusalem.
34 ၃၄ သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35 ၃၅ ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။
But Paul and Barnabas stayed in Antioch, teaching and proclaiming the word of God along with many others.
36 ၃၆ အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။
Some time later Paul said to Barnabas, “Let's go back and visit the believers in every town where we shared the word of the Lord, and see how they're doing.”
37 ၃၇ ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။
Barnabas planned to take along John Mark too.
38 ၃၈ ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။
But Paul didn't think it was a good idea to take him with them, since he'd left them in Pamphylia and hadn't continued working with them.
39 ၃၉ ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။
They had such a strong disagreement that they separated. Barnabas took Mark with him and sailed to Cyprus.
40 ၄၀ ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
Paul chose Silas, and as they left, the believers committed them to the grace of the Lord.
41 ၄၁ အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။
Paul traveled through Syria and Cilicia, encouraging the churches there.

< တမန်တော်ဝတ္ထု 15 >