< ၂ ဓမ္မရာဇဝင် 3 >

1 ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး တို့သည် ကြာမြင့် စွာစစ်တိုက် ၍ ၊ ဒါဝိဒ် သည်အား တိုးပွားလျက် ၊ ရှောလု အမျိုး သည် အား ရွေ့လျော့လျက် ရှိကြ၏။
ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည်အားတိုးပွားလျက်၊ ရှောလု အမျိုးသည် အားရွေ့လျော့လျက် ရှိကြ၏။
2 ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။
ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း။
3 ဒုတိယ သားကား၊ နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ တွင်မြင်သောသား ခိလပ် တည်း။ တတိယ သားကား၊ ဂေရှုရိ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။
ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။
4 စတုတ္တ သားကား၊ ဟဂ္ဂိတ် ၏ သား အဒေါနိယ တည်း။ ပဉ္စမ သားကား၊ အဘိတလ ၏သား ရှေဖတိ တည်း။
စတုတ္တသားကား၊ ဟဂ္ဂိတ်၏ သားအဒေါနိယ တည်း။ ပဥ္စမသားကား၊ အဘိတလနသား ရှေဖတိတည်း။
5 ဆဋ္ဌမ သားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံ တည်း။ ဤရွေ့ကား ၊ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသားတည်း။
ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန် မြို့၌ ဒါဝိဒ်မြင်သောသားတည်း။
6 ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး စစ်တိုက် ကြစဉ် အခါ၊ အာဗနာ သည် ရှောလု အမျိုး ဘက် မှာ ကိုယ်ကို ခိုင်မာ စေ၏။
ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ၏။
7 ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊
ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏ မယားငယ်ကိုအဘယ်ကြောင့် သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊
8 ထိုစကား ကြောင့် အာဗနာ သည် အလွန် စိတ်ဆိုး လျက် ၊ ငါသည် ယုဒ အမျိုးကို ဆီးတား၍ သင့် အဘ ရှောလု အမျိုး နှင့် ညီ အစ်ကိုအဆွေ ခင်ပွန်းတို့အား ယနေ့ တိုင်အောင်ကျေးဇူး ပြု သဖြင့် သင့် ကိုဒါဝိဒ် လက် သို့ မ အပ်နှံ ဘဲနေသော်၊ သင်သည်ငါ့ ကို ခွေး ၏ဦးခေါင်း ကဲ့သို့သာမှတ်၍ ထိုမိန်းမ အတွက် ယနေ့ အပြစ် တင်ရမည် လော။
ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကို ဆီးတား၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော။
9 ထာဝရဘုရားသည် နိုင်ငံ တော်ကို ရှောလု အမျိုး မှ နှုတ်၍
ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှ နှုတ်၍
10 ၁၀ ဒါဝိဒ် ၏ အာဏာ တော်ကိုဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အရပ်ရပ် တို့၌ တည် စေခြင်းငှါ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရား သခင်သည် အာဗနာ အား ပြု တော်မူပါစေသောဟု ဆိုသောကြောင့်၊
၁၀ဒါဝိဒ်၏ အာဏာတော်ကိုဒန်မြို့မှစ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ် ရပ်တို့၌ တည်စေခြင်းငှါ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊
11 ၁၁ ဣရှဗောရှက်သည် ကြောက် ၍ စကား တခွန်း ကိုမျှ မ ပြန် ဝံ့။။
၁၁ဣရှဗောရှက်သည် ကြောက်၍ စကားတခွန်း ကိုမျှ မပြန်ဝံ့။
12 ၁၂ ထိုနောက် အာဗနာ သည် မိမိ အတွက် သံတမန် တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍၊ ပြည် ရှင်မင်းကား အဘယ်သူ နည်း။ ကျွန်တော် နှင့် မိဿဟာယ ဖွဲ့ တော်မူပါ။ ဣသရေလ အမျိုးအပေါင်း တို့ကို ကိုယ်တော် ထံသို့ ပြောင်းလဲ စေခြင်းငှါ ၊ ကျွန်တော် သည် ကိုယ်တော် ဘက် သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏။
၁၂ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။
13 ၁၃ ဒါဝိဒ်ကလည်း ကောင်း ပြီ။ သင် နှင့် ငါ မိဿဟာယ ဖွဲ့ မည်။ သို့ရာတွင် ငါ တောင်း စရာတခု ရှိ၏။ ငါ့ မျက်နှာ ကိုမြင် အံ့သောငှါ လာ သောအခါ ၊ ရှောလု သမီး မိခါလ ကို ဆောင် ခဲ့ရမည်။ သို့မဟုတ် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြန်ဆို ၏။
၁၃ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို၏။
14 ၁၄ ဒါဝိဒ် သည်လည်း သံတမန် တို့ကို ရှောလု သား ဣရှဗောရှက် ထံသို့ စေလွှတ် ၍၊ ငါသည် ဖိလိတ္တိ လူ အရေဖျား တရာ နှင့် ဝယ်ယူ သော ငါ့ မယား မိခါလ ကို အပ် လိုက်ရမည်ဟု မှာ လိုက်သည်အတိုင်း၊
၁၄ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊
15 ၁၅ ဣရှဗောရှက် သည် စေလွှတ် ၍ ထိုမိန်းမကို သူ၏လင် လဲရှ ၏ သား ဖာလတိ လက်မှ နှုတ်ယူ လေ၏။
၁၅ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင်လဲရှ၏ သားဖာလတိလက်မှ နှုတ်ယူလေ၏။
16 ၁၆ သူ ၏လင် သည် ငိုကြွေး လျက် သူ့ နောက် သို့ ဗာဟုရိမ် မြို့တိုင်အောင် လိုက် လေ၏။ အာဗနာ ကလည်း ပြန် သွားတော့ဟုဆို သော် ပြန် သွားရ၏။
၁၆သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။
17 ၁၇ အာဗနာ သည်လည်း ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့် တိုင်ပင် လျက်၊ သင်တို့သည် အထက် က ဒါဝိဒ် ကိုရှင်ဘုရင် အရာ ၌ ချီးမြှောက်ချင်သောစိတ် ရှိ ကြသည်ဖြစ်၍၊
၁၇အာဗနာသည်လည်း၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်ရှိကြသည်ဖြစ်၍၊
18 ၁၈ ယခု ချီးမြှောက် ကြလော့။ ထာဝရဘုရား က၊ ငါ့ ကျွန် ဒါဝိဒ် လက် ဖြင့် ငါ ၏လူ ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ၎င်း ၊ ရန်သူ အပေါင်း တို့လက် မှ ၎င်း၊ ငါကယ်နှုတ် မည်ဟု ဒါဝိဒ် အဘို့ မိန့် တော်မူပြီဟု ဆို လေ၏။
၁၈ယခုချီးမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူ ဣသရေလအမျိုးကို ဖိလိတ္တိ လူတို့လက်မှ၎င်း၊ ရန်သူအပေါင်းတို့လက်မှ၎င်း၊ ငါကယ် နှုတ်မည်ဟု ဒါဝိဒ်အဘို့ မိန့်တော်မူပြီဟု ဆိုလေ၏။
19 ၁၉ တဖန် အာဗနာ သည် ဗင်္ယာမိန် အမျိုးသားတို့ကိုလည်း သွေးဆောင် လေ၏။ နောက် တဖန် ဣသရေလ အမျိုး အလိုရှိသမျှ အရာ၊ ဗင်္ယာမိန် အမျိုး တညီတညွတ် တည်း အလိုရှိသမျှ သောအရာတို့ကို ဟေဗြုန် မြို့၌ ဒါဝိဒ် အား ပြန်လျှောက် ခြင်းငှါ သွား ၍၊
၁၉တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊
20 ၂၀ လူ နှစ်ကျိပ် ပါလျက် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ ရောက် သဖြင့် ၊ ဒါဝိဒ် သည် ပွဲ လုပ် ၍ အာဗနာ နှင့် သူ ၏ လူ တို့ကိုကျွေး၏။
၂၀လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့်၊ ဒါဝိဒ်သည် ပွဲလုပ်၍ အာဗနာနှင့် သူ၏ လူတို့ကိုကျွေး၏။
21 ၂၁ အာဗနာ ကလည်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ စေခြင်းငှါ ၎င်း၊ ကိုယ်တော် သည်အလို တော်ရှိသမျှ အတိုင်း စိုးစံ စေခြင်းငှါ၎င်း၊ ကျွန်တော်ထ သွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော် သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံ တော်၌စုဝေး စေပါမည်ဟု လျှောက် ပြီးမှ ၊ ဒါဝိဒ် လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ် စွာ သွား လေ၏။
၂၁အာဗနာကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၎င်း၊ ကိုယ်တော်သည်အလိုတော်ရှိသမျှအတိုင်း စိုးစံစေခြင်းငှါ၎င်း၊ ကျွန်တော်ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင် ထံတော်၌စုဝေး စေပါမည်ဟု လျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည် ငြိမ်ဝပ်စွာ သွားလေ၏။
22 ၂၂ ထိုအခါ ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ရန်သူအလုံးအရင်း ကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရ ဥစ္စာများ ကို ယူ ခဲ့ကြ၏။ အာဗနာ သည် ဒါဝိဒ် နှင့်အတူ ဟေဗြုန် မြို့၌ မ ရှိ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ် စွာ သွား နှင့်ပြီ။
၂၂ထိုအခါ ယွာဘနှင့်ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကို ယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ် နှင့်အတူဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။
23 ၂၃ ယွာဘ နှင့် သူ ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် ရောက် ကြသောအခါ ၊ နေရ ၏သား အာဗနာ သည် ရှင်ဘုရင် ထံ တော်သို့လာ ပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ် စွာသွား ပြီဟု ယွာဘ အား ကြားပြော လျှင်၊
၂၃ယွာဘနှင့် သူ၌ပါသောစစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သားအာဗနာသည် ရှင်ဘုရင်ထံတော်သို့လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအား ကြားပြောလျှင်၊
24 ၂၄ ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ အာဗနာ သည်အထံ တော်သို့လာ ပြီးမှတဖန် အလွတ်သွား စေခြင်းငှါအဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။
၂၄ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင်၍၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း။ အာဗနာ သည်အထံတော်သို့လာပြီးမှ တဖန်အလွတ်သွားစေခြင်းငှါ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း။
25 ၂၅ နေရ ၏သား အာဗနာ သည် ကိုယ်တော် ကိုလှည့်စား ၍ ကိုယ်တော် ထွက် ဝင် တော်မူခြင်း၊ စီရင် တော်မူခြင်း အလုံးစုံ ကို သိ အံ့သောငှါ သာ လာ သည်ကို ကိုယ်တော်သိ တော်မူ၏ဟု လျှောက် ပြီးလျှင်၊
၂၅နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူ ခြင်းအလုံးစုံကို သိအံ့သောငှါသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊
26 ၂၆ အထံ တော်ကထွက် ၍ အာဗနာ နောက် သို့ တမန် တို့ကိုစေလွှတ် လျက် ၊ သိရရေတွင်း မှ ခေါ် လေ၏။ ထိုအမှုကို ဒါဝိဒ် မ သိ။
၂၆အထံတော်ကထွက်၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။
27 ၂၇ အာဗနာ သည် ဟေဗြုန် မြို့သို့ရောက် သောအခါ ၊ ယွာဘ သည် အသင့်အတင့်နှုတ်ဆက် ခြင်းငှါ ၊ မြို့တံခါး နားသို့ ခေါ်ပြီးလျှင် ၊ ညီ အာသဟေလ သေ သည်အတွက် သူ၏ ဝမ်း ကိုထိုး ၍ သူသည်လည်း သေ ၏။
၂၇အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။
28 ၂၈ ထိုနောက်ဒါဝိဒ် သည် ကြား သောအခါ ၊ နေရ ၏သား အာဗနာ ကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရား ရှေ့ တော်၌ လွတ်ပါစေ။ ငါ့ နိုင်ငံ လွတ် ပါစေ။
၂၈ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရ ဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံလွတ်ပါစေ။
29 ၂၉ ယွာဘ ခေါင်း ၊ သူ့ အဆွေအမျိုး အပေါင်း တို့၏ ခေါင်းပေါ် သို့ရောက် ပါစေ။ ယွာဘ ၏အဆွေအမျိုး ၌ ရိနာ စွဲသောသူ၊ နူနာ စွဲသောသူ၊ ကျောကုန်းသောသူ။ ထား ဖြင့် သေ သောသူ၊ ငတ်မွတ် သောသူ မ ပြတ် စေနှင့်ဟု မြွက်ဆို ၏။
၂၉ယွာဘခေါင်း၊ သူ့အဆွေအမျိုးအပေါင်းတို့၏ ခေါင်းပေါ်သို့ရောက်ပါစေ။ ယွာဘ၏အဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ။ ထားဖြင့် သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။
30 ၃၀ ထိုသို့ ယွာဘ နှင့် ညီ အဘိရှဲ သည်အာဗနာ ကို သတ် ၏။ အကြောင်း မူကား၊ သူ တို့ညီ အာသဟေလ ကို ဂိဗောင် စစ်တိုက် ပွဲ၌ အာဗနာသတ် သတည်း။
၃၀ထိုသို့ယွာဘနှင့်ညီ အဘိရှဲသည်အာဗနာကို သတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။
31 ၃၁ ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။
၃၁ဒါဝိဒ်ကလည်း၊ ယွာဘနှင့်မိမိ၌ရှိသောသူ အပေါင်းတို့အား၊ သင်တို့အဝတ်ကိုဆုတ်၍ လျှောက်တေ အဝတ်ကိုဝတ်လျက်၊ အာဗနာအတွက် ငိုကြွေးမြည်တမ်း ခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက်လေ၏။
32 ၃၂ အာဗနာ ကိုဟေဗြုန် မြို့၌ သင်္ဂြိုဟ် ကြ၏။ သင်္ချိုင်း အနား မှာ ရှင် ဘုရင်သည် အသံ ကိုလွှင့် ၍ ငိုကြွေး ၏။ လူ အပေါင်း တို့သည်လည်း ငိုကြွေး ကြ၏။
၃၂အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး ၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။
33 ၃၃ ရှင် ဘုရင်သည် အာဗနာ အတွက် မြည်တမ်း သည်ကား၊ အာဗနာ သည် လူမိုက် ကဲ့သို့ သေ သလော။
၃၃ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်း သည်ကား၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော။
34 ၃၄ သင် ၏လက် ကိုမ ချည် ၊ သံ ချေချင်းမ ခတ်ဘဲ လူဆိုး လက်ဖြင့် သေ သကဲ့သို့ သေ ရှာပါပြီတကားဟု မြွက်ဆို ၏။ လူ အပေါင်း တို့သည်လည်း တဖန် ငိုကြွေး ကြ၏။
၃၄သင်၏လက်ကိုမချည်၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက် ဆို၏။ လူအပေါင်းတို့သည်လည်း တဖန်ငိုကြွေးကြ၏။
35 ၃၅ မိုဃ်းမချုပ်မှီ ဒါဝိဒ် သည် စားတော်ခေါ် မည် အကြောင်း လူ အပေါင်း တို့သည် ချဉ်းကပ် ကြသော်လည်း ၊ ဒါဝိဒ် က၊ နေ မဝင် မှီ မုန့် အစရှိသော စားစရာ တစုံတခု ကို ငါမြည်းစမ်း လျှင် ၊ ထိုမျှမကငါ ၌ ဘုရား သခင်ပြု တော်မူ စေသတည်းဟု ကျိန်ဆို ၏။
၃၅မိုဃ်းမချုပ်မှီ ဒါဝိဒ်သည် စားတော်ခေါ်မည် အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်က၊ နေမဝင်မှီ မုန့်အစရှိသော စားစရာတစုံတခုကို ငါမြည်းစမ်းလျှင်၊ ထိုမျှမကငါ၌ ဘုရားသခင်ပြုတော် မူစေသတည်းဟု ကျိန်ဆို၏
36 ၃၆ ထိုအမှုကိုလူ အပေါင်း တို့သည် မှတ် ၍ နှစ်သက် ကြ၏။ ပြု တော်မူသမျှ တို့ကိုလည်း လူ အပေါင်း တို့သည် နှစ်သက် ကြ၏။
၃၆ထိုအမှုကိုလူအပေါင်းတို့သည် မှတ်၍ နှစ်သက် ကြ၏။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ၏။
37 ၃၇ ရှင် ဘုရင်သည် နေရ ၏သား အာဗနာ ကို သတ် စေခြင်းငှါ အလိုမ ရှိဟု ထို နေ့၌ ဣသရေလ အမျိုးသားများနှင့် လူ များအပေါင်း တို့သည် သိ နားလည်ကြ၏။
၃၇ရှင်ဘုရင်သည် နေရ၏သားအာဗနာကို သတ် စေခြင်းငှါအလိုမရှိဟု ထိုနေ့၌ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ၏။
38 ၃၈ ရှင် ဘုရင်ကလည်း ၊ ဣသရေလ အမျိုး၌ မင်းသား ဖြစ်သောသူ၊ ကြီးမြတ် သောသူတပါးသည် ယနေ့ ဆုံး ကြောင်းကို သင်တို့မ သိ သလော။
၃၈ရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြတ်သောသူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော။
39 ၃၉ ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။
၃၉ငါသည်ဘိသိတ်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသော သူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရား ပေးဆပ် တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။

< ၂ ဓမ္မရာဇဝင် 3 >