< ၂ ဓမ္မရာဇဝင် 23 >

1 ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊
2 ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။
3 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။
4 မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5 ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာ စီရင်၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။
6 အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။
7 ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
8 ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။
9 သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊
10 ၁၀ ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
၁၀ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။
11 ၁၁ သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
၁၁သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊
12 ၁၂ ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
၁၂ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။
13 ၁၃ ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
၁၃ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။
14 ၁၄ ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
၁၄ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။
15 ၁၅ ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
၁၅ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊
16 ၁၆ ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
၁၆ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊
17 ၁၇ အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
၁၇အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့၏အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ၏။
18 ၁၈ ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
၁၈ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။
19 ၁၉ သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
၁၉သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။
20 ၂၀ အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
၂၀အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။
21 ၂၁ ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
၂၁ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။
22 ၂၂ ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
၂၂ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။
23 ၂၃ ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
၂၃ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။
24 ၂၄ ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
၂၄ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
25 ၂၅ ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
၂၅ဟရောဒိအမျိုးရှမ္မ၊ ဟရောဒိအမျိုးဧလိက၊
26 ၂၆ ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
၂၆ဖာလတိအမျိုးဟေလက်၊ တေကောအမျိုး ဣကေရှ၏သား ဣရ၊
27 ၂၇ အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
၂၇အနေသောသိအမျိုးအဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊
28 ၂၈ အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
၂၈အဟောဟိအမျိုးဇာလမုန်၊ နေတော ဖာသိအမျိုး မဟာရဲ၊
29 ၂၉ နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
၂၉နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊
30 ၃၀ ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
၃၀ပိရသောနိအမျိုးဗေနာယ၊ ဂါရှချိုင့် သားဟိဒ္ဒဲ၊
31 ၃၁ အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
၃၁အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
32 ၃၂ ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
၃၂ရှာလဗောနိ အမျိုးဧလျာဘ၊ ယာရှင်၏သား တို့တွင် ယောနသန်၊
33 ၃၃ ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
၃၃ဟာရရိအမျိုးရှမ္မ၊ ဟာရရိအမျိုးရှာရ၏ သား အဟိအံ၊
34 ၃၄ မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
၃၄မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊
35 ၃၅ ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
၃၅ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊
36 ၃၆ ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
၃၆ဇောဘအမျိုးနာသန်၏သား ဣဂါလ၊ ဂဒ်အမျိုး ဗာနိ၊
37 ၃၇ အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
၃၇အမ္မုန်အမျိုးဇေလက်၊ ဇေရုယာ၏သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ၊
38 ၃၈ ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
၃၈ဣသရိ အမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊
39 ၃၉ ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။
၃၉ဟိတ္တိအမျိုးဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း။

< ၂ ဓမ္မရာဇဝင် 23 >