< ၂ ရာဇဝင်ချုပ် 7 >

1 ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။
ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။
2 ထာဝရဘုရား ၏အိမ် တော်သည် ဘုန်း တော်နှင့် ပြည့် သောကြောင့် ၊ ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ အိမ် တော်ထဲသို့ မ ဝင် နိုင် ကြ။
ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
3 ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။
ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
4 ထိုအခါ ရှောလမုန် မင်းကြီး နှင့်တကွ လူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။
5 နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ယဇ် ပူဇော် သဖြင့် ၊ ဘုရားသခင် ၏ အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
6 ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
7 ရှောလမုန် သည်လည်း၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ် ကောင်ဆီဥ ကိုပူဇော် ၏။ အကြောင်း မူကား၊ အရင် လုပ်သောကြေးဝါ ယဇ် ပလ္လင်သည် မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။
8 ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။
ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ၍အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ၏။
9 အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ကြ၏။ ခုနစ် ရက်ပတ်လုံးယဇ် ပလ္လင်ကိုအနုမောဒနာ ပြုပြီးမှ၊ နောက် တဖန်ခုနစ် ရက်ပတ်လုံးပွဲခံ ကြ၏။
အဋ္ဌမ နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
10 ၁၀ ထာဝရဘုရား သည် ဒါဝိဒ် နှင့် ရှောလမုန် မှစသော မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက်၊ လူ များတို့သည် မိမိ တို့နေရာ သို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမ လ နှစ်ဆယ် သုံး ရက် နေ့တွင် လွှတ် လိုက်တော်မူ၏။
၁၀ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။
11 ၁၁ ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို လက်စသတ် ၍ ၊ ဗိမာန် တော်နှင့် နန်းတော် ၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
၁၁ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
12 ၁၂ ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။
၁၂ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။
13 ၁၃ မိုဃ်း မ ရွာ စေခြင်းငှါ ငါသည် မိုဃ်းခေါင် စေ သော်၎င်း၊ ကျိုင်း တို့သည် မြေ အသီးအနှံကို ကိုက်စား စေခြင်းငှါ ငါမှာ ထားသော်၎င်း၊ ငါ့ လူ တို့ ၌ ကာလနာ ကိုစေလွှတ် သော်၎င်း၊
၁၃မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊
14 ၁၄ ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ၊ ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ ၍ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။
၁၄ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
15 ၁၅ ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။
၁၅ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
16 ၁၆ ငါ့ နာမ သည် အစဉ် တည်၍ ငါ့ မျက်စိ နှင့် ငါ့ နှလုံး အစဉ် စွဲလမ်း စရာဘို့ ဤ အိမ် ကို ငါရွေးချယ် ၍ သန့်ရှင်း စေပြီ။
၁၆ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
17 ၁၇ သင် သည် ငါမှာထား သမျှ ကို ပြု ၍ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
၁၇သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊
18 ၁၈ ဣသရေလ နိုင်ငံကို အုပ်စိုး ရသောသင် ၏အမျိုး မင်း ရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် နှင့် ငါပဋိညာဉ် ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသောရာဇပလ္လင် ကို အစဉ်ငါတည်စေ မည်။
၁၈ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။
19 ၁၉ သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊
၁၉သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊
20 ၂၀ ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
၂၀ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
21 ၂၁ အရပ် မြင့်သော ဤ အိမ် တော်ကိုလည်း လမ်း ၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု တယောက်မေးမြန်း သော်၊
၂၁အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော်၊
22 ၂၂ တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် ၍ အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။
၂၂တယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့်၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။

< ၂ ရာဇဝင်ချုပ် 7 >