< ၂ ရာဇဝင်ချုပ် 23 >

1 ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ၍ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သားအာဇရိ၊ အဒါ ယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ၏။
2 ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ၊ ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ၊ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။
ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ၏။
3 စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။
4 သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။
သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည်။
5 တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။
တစုသည် နန်းတော်ကို စောင့်ရမည်။ တစု သည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း၌ နေရကြမည်။
6 ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး ၊ အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။
ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက်၌စောင့်နေရကြမည်။
7 လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ၊ ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ် တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
8 ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း ၊ လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ၊ ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။
ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ၏။
9 ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး ၏ လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် ၍ ၊ လူတရာ အုပ် တို့အား အပ်လေ၏။
ဗိမာန်တော်၌ရှိသောဒါဝိဒ်မင်းကြီး၏ လှံများနှင့် ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ်၍၊ လူတရာအုပ်တို့အား အပ်လေ၏။
10 ၁၀ အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ၊ ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ ၊ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။
၁၀အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော် အနား၌၊ လက်ျာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ၏။
11 ၁၁ ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ၊ ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။
၁၁ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက်၊ ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့ သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသ တည်းဟု ကြွေးကြော်ကြ၏။
12 ၁၂ အာသလိ သည် လူ များပြေး ၍ ၊ ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊
၁၂အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့ သွား၍၊
13 ၁၃ ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။
၁၃ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာ ရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ် လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါ တကားဟု အော်ဟစ်လေ၏။
14 ၁၄ ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
၁၄ယဇ်ပုရောဟိတ်ယောယဒကလည်း။ ဗိမာန်တော် ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
15 ၁၅ အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။
၁၅အာသလိကို ဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။
16 ၁၆ ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ၊ ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။
၁၆ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။
17 ၁၇ လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။
၁၇လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။
18 ၁၈ မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
၁၈မောရှေပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင် သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
19 ၁၉ မ သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။
၁၉မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
20 ၂၀ လူ တရာအုပ်၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ၊ ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ၍ ၊ ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။
၂၀လူတရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ မြင့်သော တံခါးလမ်း ဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။
21 ၂၁ နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။
၂၁နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍၊ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။

< ၂ ရာဇဝင်ချုပ် 23 >