< ၂ ရာဇဝင်ချုပ် 1 >

1 ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊
ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ၊
2 လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ၊ ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍၊
လူတထောင်အုပ်၊ တရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်၍၊
3 တော ၌ ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။
တော၌ ထာဝရဘုရား၏ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင်၏ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။
4 ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း၊
ဘုရားသခင်၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း၊
5 ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား၏ တဲတော်ရှေ့မှာ ထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
6 ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ၍ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
7 ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။
ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။
8 ရှောလမုန် ကလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် ၌ များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။
ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။
9 ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ၌ ထားသော ဂတိတော် ကို တည် စေတော်မူပါ။
ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ်၌ထားသော ဂတိတော်ကို တည်စေတော်မူပါ။
10 ၁၀ အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
၁၀အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
11 ၁၁ ဘုရားသခင် ကလည်း ၊ သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း မ တောင်း ၊ တာရှည် သော အသက် ကိုလည်း မ တောင်း ၊ ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ၊ ဉာဏ် ပညာကို ငါပေး ၏။
၁၁ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဥာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊
12 ၁၂ ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ၊ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။
၁၂ဥာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
13 ၁၃ ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ၊ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။
၁၃ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
14 ၁၄ ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
၁၄ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
15 ၁၅ ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။
၁၅ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။
16 ၁၆ ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ၊ ကော မြို့၌ ခံယူ ရကြ၏။
၁၆ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ခံယူရကြ၏။
17 ၁၇ အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ၊ ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
၁၇အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။

< ၂ ရာဇဝင်ချုပ် 1 >