< ၁ ဓမ္မရာဇဝင် 26 >

1 တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ယေရှိမုန် မြို့ရှေ့ မှာ ဟခိလ တောင် ၌ ပုန်းရှောင် ၍ နေပါသည်မ ဟုတ်လော ဟု လျှောက် လျှင်၊
တဖန်ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင်၊
2 ရှောလု သည် ထ ၍ ရွေးကောက် သော ဣသရေလ လူ သုံး ထောင် ပါ လျက်၊ ဇိဖ တော ၌ ဒါဝိဒ် ကို ရှာ ခြင်းငှါ သွား လေ၏။
ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ၏။
3 ရှောလု သည် ယေရှိမုန် မြို့ရှေ့ ၊ ဟခိလ တောင် ပေါ် လမ်း နား မှာ တပ်ချ ၏။ ဒါဝိဒ် သည် တော ၌ နေ ၍ ရှောလု လိုက်ရှာ ကြောင်း ကို သိမြင် သောအခါ၊
ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
4 သူလျှို တို့ကို စေလွှတ် ၍ ရှောလု ရောက် ကြောင်း ကို အတပ် သိ ၏။
သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
5 ထိုအခါ ဒါဝိဒ် သည် ထ သွား၍ ၊ ရှောလု တပ်ချ ရာ အရပ် သို့ ရောက် သဖြင့် ၊ ရှောလု နှင့် ဗိုလ်ချုပ် မင်း နေရ ၏သား အာဗနာ အိပ် ရာ အရပ် ကို ကြည့်ရှု လေ၏။ ရှောလု သည် ရထားတပ်အလယ် ၌ အိပ် လျက် ၊ တပ်သားတို့သည် ပတ်လည် ၌ နေရာ ကျကြ၏။
ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
6 ဒါဝိဒ် ကလည်း ၊ ရှောလု ရှိရာ တပ် သို့ ငါ နှင့်အတူ အဘယ်သူ လိုက် မည်နည်းဟု ဟိတ္တိ အမျိုးသားအဟိမလက် နှင့် ဇေရုယာ ၏သား ယွာဘ ညီ အဘိရှဲ တို့ကို မေး လျှင် ၊ အဘိရှဲ က ကျွန်တော်လိုက် ပါမည်ဟု လျှောက် သည်အတိုင်း၊
ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
7 ဒါဝိဒ် နှင့် အဘိရှဲ တို့သည် ညဉ့် အခါ တပ်သား များရှိရာသို့ သွား ၍ ရှောလု သည် ရထားတပ်အလယ် ၌ အိပ်ပျော် လျက် ၊ လှံ တော်သည် ခေါင်းရင်း အနား မြေ ၌ စိုက် လျက် ၊ အာဗနာ နှင့် တပ်သား များတို့သည် ပတ်လည် ၌အိပ် လျက်ရှိကြ၏။
ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။
8 အဘိရှဲ ကလည်း ၊ ဘုရား သခင်သည် ကိုယ်တော် ၏ ရန်သူ ကို ကိုယ်တော် လက် ၌ ယနေ့ အပ် တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေ တိုင်အောင် လှံ နှင့် တချက်တည်း ထိုး ပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ် ချက်တိုင်အောင်မ ထိုးပါဟု ဒါဝိဒ် ကို လျှောက် သော်လည်း၊
အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
9 ဒါဝိဒ် ကသူ့ ကို မ ပြု နှင့်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို အဘယ်သူ အပြစ် လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲ အား ပြန်ဆို ၏။
ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။
10 ၁၀ တဖန် ဒါဝိဒ် က၊ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း၊ ဒဏ်ခတ် တော်မူမည်။ သို့မဟုတ် သူသေ ချိန် ရောက် လိမ့်မည်။ သို့မဟုတ် စစ်တိုက် ရာ၌ အသက် ဆုံးလိမ့်မည်။
၁၀တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
11 ၁၁ ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ငါ မထိခိုက် မည်အကြောင်းထာဝရဘုရား ဆီးတား တော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်း တော်နားမှာရှိသော လှံ တော်နှင့် ရေ ဘူး ကို ယူ ၍ သွား ကြကုန်အံ့ဟု ဆို လျက်၊
၁၁ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
12 ၁၂ လှံ တော်နှင့် ရေ ဘူး ကို ရှောလု ခေါင်းရင်း နားက ယူ ၍ သွား ကြ၏။ အဘယ်သူ မျှမသိ မ မြင် ၊ အဘယ်သူ မျှမနိုး ၊ ကြီးစွာ သော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူ အပေါင်း တို့သည် အိပ်ပျော် ကြ၏။
၁၂လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
13 ၁၃ ထိုအခါ ဒါဝိဒ် သည် ကျယ်သောချိုင့် တစ်ဘက် သို့ကူး ၍၊ ဝေး သော တောင် ထိပ် အပေါ် မှာရပ် လျက်၊
၁၃ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
14 ၁၄ အိုအာဗနာ ၊ သင်သည် မ ထူး သလောဟုလူ များနှင့် နေရ သား အာဗနာ ကို ဟစ် လေ၏။ အာဗနာ က၊ ရှင်ဘုရင် ကို ဟစ် သောသင် ကား အဘယ်သူ နည်းဟု ပြန် ၍မေးလျှင်၊
၁၄အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
15 ၁၅ ဒါဝိဒ် က၊ သင် သည်ယောက်ျား မ ဟုတ်လော။ ဣသရေလ အမျိုး၌ သင် နှင့်အဘယ်သူ တူ သနည်း။ သို့ဖြစ်၍ သင် ၏သခင် ရှင်ဘုရင် ကို အဘယ်ကြောင့် မ စောင့် သနည်း။ သင် ၏သခင် ရှင် ဘုရင်ကိုသတ် အံ့သောငှါ လူ တယောက် ဝင် လေပြီ။
၁၅ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
16 ၁၆ သင်ပြု သော အမှု သည် မ လျောက်ပတ်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသင် ၏သခင် ကို မ စောင့် သောကြောင့်၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သင် သည် အသေ ခံထိုက်ပေ၏။ ခေါင်းရင်း တော်နားမှာထား သော ရှင်ဘုရင် ၏ လှံ တော်နှင့် ရေ ဘူး တော်ရှိသည် မရှိသည်ကို ကြည့်ရှု လော့ဟု အာဗနာ အား ပြောဆို ၏။
၁၆သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
17 ၁၇ ရှောလု သည် ဒါဝိဒ် စကား သံကို သိ ၍ ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလော ဟု မေး လျှင် ဒါဝိဒ် က ကျွန်တော် စကား သံမှန်ပါ၏၊ ကျွန်တော် သခင် အရှင်မင်းကြီး ဟု လျှောက် လေ၏။
၁၇ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
18 ၁၈ တဖန် ဒါဝိဒ်က၊ သခင် သည် ကိုယ်တော် ကျွန် ကို အဘယ်ကြောင့် ဤသို့ လိုက် ၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ ပြု ပါသနည်း။ ကျွန်တော် ၌ အဘယ် အပြစ် ရှိပါသနည်း။
၁၈တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
19 ၁၉ ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။
၁၉ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
20 ၂၀ သို့ဖြစ်၍ ကျွန်တော် အသွေး သည် ထာဝရဘုရား ရှေ့ တော်၌ မြေ သို့ မ ကျ ပါစေနှင့်။ အကြောင်း မူကား၊ လူသည် ငုံး ကို တောင် ပေါ် မှာလိုက် ၍ ရှာသကဲ့သို့ ဣသရေလ ရှင် ဘုရင်သည် ခွေးလှေး ကို ရှာ ခြင်းငှါ ထွက် တော်မူပါပြီတကားဟု လျှောက်ဆို ၏။
၂၀သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
21 ၂၁ ရှောလု ကလည်း ငါပြစ်မှား ပါပြီ။ ငါ့ သား ဒါဝိဒ် ပြန် လာပါ။ သင် သည် ယနေ့ ငါ့ အသက် ကို နှမြော သောကြောင့် ၊ နောက် တဖန် သင့် ကို ငါမ ညှဉ်းဆဲ။ ငါသည် လူမိုက် ဖြစ်၏။ အလွန် မှားယွင်း ပြီဟု ဆို သော်၊
၂၁ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန် မှားယွင်းပြီဟု ဆိုသော်၊
22 ၂၂ ဒါဝိဒ် က၊ ရှင်ဘုရင် လှံ တော်ရှိပါ၏။ လုလင် တယောက် လာ ၍ ယူ စေတော်မူပါ။
၂၂ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။
23 ၂၃ လူ အသီးအသီးတို့သည် ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရား သည် အကျိုးကို ဆပ်ပေး တော်မူပါစေသော။ ထာဝရဘုရား သည် ယနေ့ ကိုယ်တော် ကို ကျွန်တော်လက် ၌ အပ် တော်မူသော်လည်း ထာဝရဘုရား ပေးတော်မူသောဘိသိက် ခံသူကို ကျွန်တော်မ ထိ မခိုက်ပါ။
၂၃လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။
24 ၂၄ ယနေ့ ကိုယ်တော် အသက် ကို ကျွန်တော်နှမြော သည် နည်းတူ ကျွန်တော် အသက် ကို ထာဝရဘုရား နှမြော ၍ ကျွန်တော် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူပါစေသောဟု ပြန် လျှောက်လျှင်၊
၂၄ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
25 ၂၅ ရှောလု က၊ ငါ့ သား ဒါဝိဒ် ၊ သင် သည် မင်္ဂလာ ရှိပါစေသော။ ပြု လေရာရာ၌ အောင်မြင် ပါစေသောဟု ဒါဝိဒ် အား ဆို ပြီးမှ ဒါဝိဒ် သည် ထွက်သွား ၍ ရှောလု သည်လည်း မိမိ နေရာ သို့ ပြန် လေ၏။
၂၅ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။

< ၁ ဓမ္မရာဇဝင် 26 >