< ၁ ဓမ္မရာဇဝင် 24 >

1 ရှောလု သည်လည်း ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာသောအခါ ၊ ဒါဝိဒ် သည် အင်္ဂေဒိ တော ၌ ရှိ ပါ၏ဟု ကြား လျှောက်ကြလျှင်၊
ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
2 ဣသရေလ အမျိုးသားအပေါင်း တို့တွင် ရွေးကောက် သော လူ သုံး ထောင် တို့ကို ခေါ် ၍ ၊ တောဆိတ် နေရာ ကျောက် တောင်တို့အပေါ် မှာ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ရှာ အံ့သောငှါ သွား လေ၏။
ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
3 လမ်း နား မှာ သိုး ခြံ ရှိရာသို့ ရောက် ၍ ဥမင် ကို တွေ့သဖြင့် ၊ ရှောလု သည် အိပ်မည်ဟု ဝင် လေ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ထိုဥမင် နံဖေးတစ်ဘက်တချက် ၌ နေ ကြ၏။
လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
4 ဒါဝိဒ် ၏လူ တို့ကလည်း ၊ ထာဝရဘုရား က၊ သင် ၏ရန်သူ ကို သင့် လက် ၌ ငါ အပ် မည်။ သူ ၌ သင်ပြု ချင်တိုင်း ပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော် အား မိန့် တော်မူသော နေ့ရက် ရောက်ပါပြီဟု ဆို ကြလျှင် ၊ ဒါဝိဒ် သည် ထ ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီ အောက် ပိုင်းကို တိတ်ဆိတ် စွာ လှီးဖြတ် လေ၏။
ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
5 ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ၊ ဒါဝိဒ် သည် နောက်တဖန် နောင်တရ၍၊
ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
6 ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်၊
ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
7 ရှောလု ကို ထိခိုက် စေခြင်းငှါ အခွင့် မ ပေးမြစ်တားလေ၏။ ရှောလု သည်လည်း ထ ၍ ဥမင် ထဲက ထွက်သွား လေ၏။
ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
8 ထိုနောက် ဒါဝိဒ် သည် ထ ၍ ဥမင် ထဲက ထွက် လျက် ၊ ကျွန်တော် ၏ သခင် အရှင်မင်းကြီး ဟု ရှောလု နောက် ၌ ဟစ် သဖြင့် ၊ ရှောလု သည် နောက် သို့ကြည့် သောအခါ ၊ ဒါဝိဒ် သည် မြေ ပေါ်၌ ဦးချ ၍ ပြပ်ဝပ် လျက်၊
ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
9 ဒါဝိဒ် သည် ကိုယ်တော် ၏အကျိုးကို ဖျက် ခြင်းငှါရှာကြံ သည်ဟု လူ အချို့ပြောသောစကား ကို အဘယ်ကြောင့် နားထောင် တော်မူသနည်း။
ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
10 ၁၀ ယနေ့ ထာဝရဘုရား သည် ဥမင် ထဲမှာ ကိုယ်တော် ကို ကျွန်တော် လက် ၌ အပ် တော်မူကြောင်း ကို ကြည့်ရှု တော်မူပါ။ အသက်တော်ကိုသတ် စေခြင်းငှါ အချို့တို့သည် တိုက်တွန်း သော်လည်း ၊ ကျွန်တော်သည် နှမြော သောစိတ် ရှိ၍ ၊ ငါ့ အရှင် သည် ထာဝရဘုရား ၏ ဘိသိက် ခံသူ ဖြစ်တော်မူသောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါသည် လက် ကို မ ဆန့် ဟု အကြံရှိပါ၏။
၁၀ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
11 ၁၁ ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။
၁၁ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
12 ၁၂ ထာဝရဘုရား သည် ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကျွန်တော် အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေး တော်မူပါစေသော။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
၁၂ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
13 ၁၃ ရှေး ပုံ စကားလာ သည်အတိုင်း ၊ ဆိုး သောသူလက်မှ ဆိုး သောအမှုထွက် တတ်၏။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
၁၃ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
14 ၁၄ ဣသရေလ ရှင် ဘုရင်သည် အဘယ်သူ ၏အတွက်ကြောင့် ကြွလာ တော်မူသနည်း။ ကိုယ်တော် သည် အဘယ်သူ ကို လိုက် ၍ ရှာတော်မူသနည်း။ ခွေး သေ ကောင်ကို လိုက် ၍ ရှာတော်မူသလော။ ခွေးလှေး ကို လိုက် ၍ရှာတော်မူသလော။
၁၄ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
15 ၁၅ သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ၍ ကျွန်တော် အမှု ကို စောင့် သဖြင့် ၊ ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။
၁၅သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
16 ၁၆ ထိုသို့ ဒါဝိဒ် သည် ရှောလု အား အကုန်အစင် လျှောက်ဆို ပြီးမှ ၊ ရှောလု က ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလောဟုမေး လျက် အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
၁၆ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
17 ၁၇ တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း ၊ သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။
၁၇တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
18 ၁၈ ငါ ၌ အဘယ်သို့ကျေးဇူး ပြု သည်ကို သင်သည် ယနေ့ ပြ ပြီ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ငါ့ ကို သင့် လက် ၌ အပ် တော်မူသော်လည်း ၊ သင်သည် မ သတ် ဘဲနေပါသည်တကား။
၁၈ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
19 ၁၉ လူ သည် ရန်သူ ကို တွေ့ လျှင် ချမ်းသာ စွာ လွှတ် လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ ၌ ယနေ့ ပြု သောကျေးဇူး ကို ထာဝရဘုရား ဆပ် တော်မူပါစေသော။
၁၉လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
20 ၂၀ ယခု မှာ သင်သည် စင်စစ်ရှင် ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံ သည် သင့် လက် ၌ တည် လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ ၏။
၂၀ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
21 ၂၁ သို့ဖြစ်၍ သင်သည် ငါ ၏သားစဉ် မြေးဆက်တို့ကို မ သုတ်သင် ၊ ငါ့ အဆွေအမျိုး ထဲက ငါ ၏နာမ ကို မ ပယ်ရှင်း မည်အကြောင်းထာဝရဘုရား ကို တိုင်တည် ၍ ငါ့ အား ကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ် အား ဆို ပြီးမှ၊
၂၁သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
22 ၂၂ ဒါဝိဒ် သည် ရှောလု အား ကျိန်ဆို ခြင်းကိုပြု၍ ရှောလု သည် မိမိ နေရာ သို့ သွား ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည်လည်း ခိုင်ခံ့ သောအရပ်သို့ သွား ကြ၏။
၂၂ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။

< ၁ ဓမ္မရာဇဝင် 24 >