< ၁ ဓမ္မရာဇဝင် 20 >

1 ဒါဝိဒ် သည် ရာမ မြို့၊ နာယုတ် ရွာမှ ပြေး ၍ ယောနသန် ထံသို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ်သည် အဘယ်သို့ ပြု ဘိသနည်း။ အဘယ် အပြစ် ရှိသနည်း။ ခမည်းတော် သည် ကျွန်ုပ် အသက် ကို ရှာ မည်အကြောင်း ၊ ကျွန်ုပ် သည် အဘယ် ဒုစရိုက် ကို ပြုဘိသနည်းဟုမေးသော်၊
ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊
2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မ သေ ရ။ ကျွန်ုပ် အဘ သည် ကျွန်ုပ် အား မ ပြော ဘဲ အမှု အကြီး အငယ် တစုံတခု ကိုမျှ မ ပြု တတ်။ ဤအမှုမှန်လျှင် ကျွန်ုပ် မသိစေခြင်းငှါအဘယ်ကြောင့် ဝှက်ထား မည်နည်း။ ဤ အမှု မ မှန်ဘူးဟု ပြန်ပြော ၏။
ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
3 ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။
ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။
4 ယောနသန် ကလည်း ၊ သင့် စိတ် နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြု ပါမည်ဟု ဒါဝိဒ် အား ဆို လျှင်၊
ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
5 ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား ၍ သုံး ရက်နေ့ ညဦး တိုင်အောင် တော ၌ ပုန်းရှောင် လျက် နေပါရစေ။
ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
6 သင် ၏ အဘ သည် ကျွန်ုပ် မ ရှိသည်ကို မှတ်မိ လျှင် ၊ ဒါဝိဒ် ၏ အဆွေ အမျိုးအပေါင်း တို့သည် နှစ် စဉ်ပွဲ ခံ ချိန်ရှိသောကြောင့် ၊ မိမိ နေရာ ဗက်လင် မြို့ သို့ သွား ရမည်အကြောင်း ၊ ကျပ်ကျပ်အခွင့်ပန် ပါ၏ဟု လျှောက် ပါ။
သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။
7 အဘက ကောင်းပြီ ဟုဆို လျှင် ၊ ကိုယ်တော် ကျွန် သည် ချမ်းသာ ရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုး လျှင် ၊ ဘေး ပြုမည် အကြံ ရှိသည်ကို သဘောကျပါ။
အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
8 ကိုယ်တော် ကျွန် ၌ ကျေးဇူး ပြု ပါ။ ထာဝရဘုရား ၏ ပဋိညာဉ် ကို ကိုယ်တော် ကျွန် နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ် ၌ အပြစ် ရှိ လျှင် ကိုယ်တော် တိုင် သတ် ပါ။ အဘယ်ကြောင့် အဘ ထံသို့ ဆောင် သွားရပါမည်နည်းဟု ယောနသန် အား ဆို ၏။
ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
9 ယောနသန် က ထိုသို့သောအမှု ဝေး ပါစေသော။ ကျွန်ုပ် အဘ သည် သင် ၌ ဘေး ပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိ လျှင် သင့် အား မ ပြော ဘဲနေလိမ့်မည်လောဟု ဆို ၏။
ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။
10 ၁၀ ဒါဝိဒ် ကလည်း ၊ ခမည်းတော် သည် ကြမ်းတမ်း စွာ ပြန် ပြောလျှင် ၊ ကျွန်ုပ် အား အဘယ်သူ ကြား ပြောလိမ့်မည်နည်းဟု ယောနသန် အား မေး သော်၊
၁၀ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊
11 ၁၁ ယောနသန် က၊ ငါတို့သည် တော သို့ သွား ကြကုန်အံ့ဟု ဒါဝိဒ် အား ဆို လျက် ၊ နှစ် ယောက်တို့သည် တော သို့ထွက်သွား ကြ၏။
၁၁ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
12 ၁၂ ယောနသန် ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ကျွန်ုပ် အဘ ကို စုံစမ်း သောအခါ သူသည် ဒါဝိဒ် ၌ ကောင်း သော အကြံရှိ၍ သင့် ကို ကျွန်ုပ်မ ကြားလိုက်ဘဲ နေသော်၎င်း၊
၁၂ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊
13 ၁၃ သို့မဟုတ်ကျွန်ုပ် အဘ သည် ဘေး ပြုခြင်းငှါ အလို ရှိ၍ သင်သည် ငြိမ်ဝပ် စွာ သွား ရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရား သည် ကျွန်ုပ် အဘ နှင့်အတူ ရှိ ခဲ့ပြီးသကဲ့သို့ သင် နှင့်အတူ ရှိ ပါစေသော။
၁၃သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
14 ၁၄ သင်သည် ကျွန်ုပ် အသက် ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူး ပြု ရမည်မက၊
၁၄သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊
15 ၁၅ ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ အပေါင်းတို့ကို မြေကြီး ပေါ် က ပယ်ရှင်း တော်မူသောနောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ် ၌ အစဉ်အမြဲ ကျေးဇူး ပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
၁၅ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
16 ၁၆ သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူ တို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ် နှင့် ပဋိညာဉ်ဖွဲ့ သဖြင့် ၎င်း၊
၁၆သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊
17 ၁၇ ကိုယ် ဝိညာဉ် ကို ချစ် သကဲ့သို့ဒါဝိဒ်ကို ချစ် သောကြောင့် ၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ် အား အထပ်ထပ် ကျိန်ဆို ၏။
၁၇ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
18 ၁၈ တဖန် ယောနသန် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ သင် ထိုင် ရာအရပ် လပ် လျှင် သင်မ ရှိကြောင်း ထင်ရှားလိမ့်မည်။
၁၈တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
19 ၁၉ သင်သည် သုံး ရက်နေပြီးမှ အလျင်အမြန် ဆင်းလာ သဖြင့် ၊ အရင်အမှု ရှိစဉ် ပုန်းရှောင် ၍ နေရာ အရပ်သို့ ရောက် လျှင် ၊ ဧဇေလ ကျောက် နား မှာ နေ ရမည်။
၁၉သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။
20 ၂၀ ကျွန်ုပ် သည်လည်း ၊ စက် ကို ပစ် ဟန်ပြု၍၊ ထိုကျောက်နား သို့ မြှား သုံး စင်းပစ် မည်။
၂၀ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။
21 ၂၁ မြှား တို့ကို သွား ၍ ရှာ ချေဟု လူ ကလေးကို စေခိုင်း သောအခါ ၊ မြှား တို့သည် နင့် အနား မှာရှိ၏။ ကောက် တော့ဟု သေချာစွာ ပြော လျှင် လာ ခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေး မ ရှိ၊ ချမ်းသာ ရပြီ။
၂၁မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
22 ၂၂ သို့မဟုတ် ၊ မြှား တို့သည် နင့် ကို လွန် ပြီဟု လုလင် အား ဆို လျှင် သွား လော့။ ထာဝရဘုရား သည် သင့် ကို လွှတ်လိုက် တော်မူ၏။
၂၂သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
23 ၂၃ ယခု ငါတို့နှစ်ယောက် ပြော သော အမှု ၌ကား၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား မှာ အစဉ် ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
၂၃ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24 ၂၄ ဒါဝိဒ် သည် တော ၌ ပုန်းရှောင် ၍ နေ၏။ လဆန်း နေ့ရောက် မှ ရှင် ဘုရင်သည် စားတော်ခေါ် ခြင်းငှါ ထိုင် ၏။
၂၄ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။
25 ၂၅ ထုံးစံအတိုင်းထရံ နား မှာ ရှင်ဘုရင် ထိုင် လျှင် ၊ ယောနသန် ထ ၍ အာဗနာ သည် ရှောလု အနား မှာ ထိုင် ၏။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏။
၂၅ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။
26 ၂၆ သို့ရာတွင် ရှောလု က အကြောင်းတစုံတခု ရှိလိမ့်မည်။ သူ သည် မ စင်ကြယ်။ အကယ်၍ သူ သည် မ စင်ကြယ် ဟု ထင်မှတ် ၍ ထို နေ့၌ တိတ်ဆိတ် စွာနေ၏။
၂၆သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
27 ၂၇ နက်ဖြန် နေ့ လဆန်း နှစ် ရက်နေ့၌ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည်လပ် သောကြောင့် ရှောလု က၊ ယေရှဲ သား သည် စား ပွဲတော်သို့ မနေ့က မလာ၊ ယနေ့ လည်း မ လာ ဘဲ အဘယ်ကြောင့် နေသနည်းဟု သား တော် ယောနသန် အား မေး လျှင်၊
၂၇နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊
28 ၂၈ ယောနသန် က၊ ဒါဝိဒ် သည် ဗက်လင် မြို့သို့ သွားရမည်အကြောင်းကျပ်ကျပ်အခွင့် ပန်လျက်၊
၂၈ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
29 ၂၉ အကျွန်ုပ် သွားရသောအခွင့် ကိုပေး ပါလော့။ အကျွန်ုပ် အဆွေအမျိုး တို့သည် ထိုမြို့ ၌ ယဇ် ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကို လည်း မှာ လိုက်ပါပြီ။ စိတ် တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား ၍ အစ်ကို တို့ကို မြင် ရမည်အကြောင်းအခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲ တော်သို့ မ လာ ပါဟု ရှောလုအား လျှောက် လေ၏။
၂၉အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
30 ၃၀ ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် ၍ ၊ မြောက်မထား သော မိန်းမ၏သား ၊ သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော။
၃၀ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။
31 ၃၁ ယေရှဲ ၏သား သည် မြေကြီး ပေါ် မှာ အသက် ရှင်သည်ကာလ ပတ်လုံး သင် နှင့် သင် ၏နိုင်ငံ မ တည် ရ။ ယခု စေလွှတ် ၍ သူ ကိုခေါ် ခဲ့။ သူ သည် အသေ ခံရမည်ဟုဆို လျှင်၊
၃၁ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
32 ၃၂ ယောနသန် က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေ ခံရမည်နည်း။ အဘယ်သို့ ပြု ဘိသနည်းဟု အဘ ရှောလု အား မေး လေသော်၊
၃၂ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
33 ၃၃ ရှောလု သည် ယောနသန်ကို မှန်စေခြင်းငှါ လှံ တိုကို လက်လွှတ် ၍ ထိုး လေ၏။ သို့ဖြစ်၍ အဘ သည် ဒါဝိဒ် ကိုသတ် မည်အကြံရှိသည်ကို ယောနသန် သည် သိ သဖြင့်၊
၃၃ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊
34 ၃၄ အမျက် ထွက်၍ ၊ ထိုလဆန်း နှစ် ရက်နေ့ ၌ အစာ မ စား ဘဲ ထ သွား၏။ မိမိ အဘ သည် ဒါဝိဒ်ကို အရှက် ခွဲသောကြောင့် ဒါဝိဒ် အတွက် ညှိုးငယ် သောစိတ် ရှိ၏။
၃၄အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။
35 ၃၅ နံနက် ရောက် မှ ဒါဝိဒ် နှင့် ချိန်းချက် သော အချိန်၌ ၊ ယောနသန် သည် လူ ကလေးကို ခေါ်၍ တော သို့ သွား ၏။
၃၅နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။
36 ၃၆ လူ ကလေးအား လည်း ပြေး တော့။ ငါ ပစ် သော မြှား တို့ကို ရှာ တော့ဟုဆို ၍ လူ ကလေးသည် ပြေး သောအခါ သူ့ ကို လွန် အောင်မြှား တစင်းကို ပစ် လေ၏။
၃၆လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။
37 ၃၇ ယောနသန် ပစ် သော မြှား ကျရာ အရပ် သို့ လူ ကလေးရောက် သောအခါ ၊ ယောနသန် က၊ မြှား တစင်းသည် နင့် ကို လွန် ပြီမ ဟုတ်လော။
၃၇ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။
38 ၃၈ ကြိုးစား၍ အလျင်အမြန် ပြေး တော့။ မ နေ နှင့်ဟု လူ ကလေးနောက် မှာ ဟစ် လေ၏။ လူ ကလေးသည်လည်း မြှား တို့ကို ကောက် ၍ မိမိ သခင့် ထံသို့ ပြန် လာ၏။
၃၈ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
39 ၃၉ သို့ရာတွင် လူ ကလေးသည် ထိုအမှု ကို နား မ လည်။ ယောနသန် နှင့် ဒါဝိဒ် သာ နားလည် ကြ၏။
၃၉သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
40 ၄၀ ယောနသန် သည် မိမိ လက်နက် တို့ကို လူ ကလေး၌ အပ် ၍ မြို့ ထဲသို့ယူ သွားတော့ဟု ဆို ၏။
၄၀ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
41 ၄၁ လူ ကလေးသွား သောနောက် ၊ ဒါဝိဒ် သည် တောင် မျက်နှာအရပ်က ထ ၍ မြေ ပေါ် မှာ ပြပ်ဝပ် လျက် သုံး ကြိမ် တိုင်အောင်ဦးညွှတ် ပြီးလျှင် ၊ သူတို့သည် တယောက် ကို တယောက်နမ်း လျက် မျက်ရည် ကျလျက်၊ ဒါဝိဒ် သည်သာ၍ ပြုသည်တိုင်အောင်ပြုကြ၏။
၄၁လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
42 ၄၂ ယောနသန် ကလည်း ၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား ၊ သင့် အမျိုးအနွယ် နှင့် ကျွန်ုပ် အမျိုးအနွယ် စပ်ကြား မှာ အစဉ်အမြဲ ရှိ တော်မူစေသတည်းဟူ၍ထာဝရဘုရား ၏ နာမ တော်ကို တိုင်တည် သဖြင့် ၊ ငါ တို့နှစ် ယောက်သည် ကျိန်ဆိုကြသည်ကိုထောက် ၍၊ ငြိမ်ဝပ် စွာ သွား တော့ဟု ဒါဝိဒ် အား ဆို လျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။
၄၂ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

< ၁ ဓမ္မရာဇဝင် 20 >