< ၁ ရာဇဝင်ချုပ် 9 >

1 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ၌ ပါ သတည်း။
UIsrayeli wonke wasebalwa ngezizukulwana; khangela-ke, zibhaliwe egwalweni lwamakhosi akoIsrayeli; kodwa abakoJuda bathunjelwa eBhabhiloni ngenxa yeziphambeko zabo.
2 နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။
Njalo abahlali bokuqala ababeselizweni labo emizini yabo kwakunguIsrayeli, abapristi, amaLevi, lamaNethini.
3 ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား၊
Njalo eJerusalema kwahlala ababantwana bakoJuda lababantwana bakoBhenjamini lababantwana bakoEfrayimi loManase:
4 ယုဒ သား ဖာရက် အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊
U-Uthayi indodana kaAmihudi indodana kaOmri indodana kaImri indodana kaBani, wabantwana bakaPerezi indodana kaJuda.
5 ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊
LakumaShiloni: UAsaya izibulo, lamadodana akhe.
6 ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။
Lakumadodana kaZera: UJeyuweli labafowabo, amakhulu ayisithupha lamatshumi ayisificamunwemunye.
7 ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊
Lakumadodana akoBhenjamini: USalu indodana kaMeshulamu indodana kaHodaviya indodana kaHasenuwa;
8 ယေရောဟံ သား ဣဗနိယ ၊ မိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊
loIbineya indodana kaJerohamu, loEla indodana kaUzi indodana kaMikiri, loMeshulamu indodana kaShefathiya indodana kaRehuweli indodana kaIbiniya;
9 သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
labafowabo ngezizukulwana zabo, amakhulu ayisificamunwemunye lamatshumi amahlanu lesithupha. Wonke lamadoda ayeyizinhloko zaboyise endlini yaboyise.
10 ၁၀ ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊
Lakubapristi: OJedaya, loJehoyaribi, loJakini,
11 ၁၁ အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊
loAzariya indodana kaHilikhiya indodana kaMeshulamu indodana kaZadoki indodana kaMerayothi indodana kaAhitubi, umphathi wendlu kaNkulunkulu,
12 ၁၂ မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊
loAdaya indodana kaJerohamu indodana kaPashuri indodana kaMalikiya, loMahasayi indodana kaAdiyeli indodana kaJahizera indodana kaMeshulamu indodana kaMeshilemithi indodana kaImeri,
13 ၁၃ အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။
labafowabo, izinhloko zendlu yaboyise, inkulungwane lamakhulu ayisikhombisa lamatshumi ayisithupha, abalamandla ngobungcwethi emsebenzini wenkonzo yendlu kaNkulunkulu.
14 ၁၄ လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊
LakumaLevi: UShemaya indodana kaHashubi indodana kaAzirikamu indodana kaHashabhiya, owamadodana kaMerari,
15 ၁၅ ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလ သုံးပါး၊ အာသပ် ၊ ဇိခရိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊
loBakibakari, uHereshi, loGalali, loMathaniya indodana kaMika indodana kaZikiri indodana kaAsafi,
16 ၁၆ ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။
loObhadiya indodana kaShemaya indodana kaGalali indodana kaJeduthuni, loBerekiya indodana kaAsa indodana kaElkana owahlala emizini yamaNetofa.
17 ၁၇ တံခါးစောင့် မူကား ရှလ္လုံ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန် အစရှိသော ညီအစ်ကို တစု၊
Labagcini bamasango oShaluma loAkubi loTalimoni loAhimani; lomfowabo uShaluma wayeyinhloko;
18 ၁၈ ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။
njalo kuze kube yilesisikhathi, babesesangweni lenkosi ngempumalanga, laba babengabagcini bamasango enkambeni yabantwana bakoLevi.
19 ၁၉ ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။
UShaluma indodana kaKore indodana kaEbiyasafi indodana kaKora, labafowabo, abendlu kayise, amaKora, basebephatha umsebenzi wenkonzo, abalindi beminyango yethente; laboyise baphatha ibandla leNkosi, abalindi bentuba.
20 ၂၀ ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
UPhinehasi indodana kaEleyazare wayengumbusi phezu kwabo ngaphambili; iNkosi yayilaye.
21 ၂၁ မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။
UZekhariya indodana kaMeshelemiya wayengumgcinisango emnyango wethente lenhlangano.
22 ၂၂ တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ ၌ စာရင်း ဝင်ကြ၏။
Bonke labo abakhethwayo babangabagcinimasango emibundwini, babengamakhulu amabili letshumi lambili; babhalwa ngezizukulwana zabo emizini yabo; oDavida loSamuweli umboni ababamisa esikhundleni sabo.
23 ၂၃ ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။
Ngakho bona lamadodana abo baphatha amasango endlini yeNkosi, indlu yethente, ngemilindo.
24 ၂၄ တံခါးစောင့် တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေး မျက်နှာ ၌ စောင့်နေရကြ၏။
Abalindi bamasango babekhona emimoyeni yomine, empumalanga, entshonalanga, enyakatho, leningizimu.
25 ၂၅ ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက် ၊ ခုနစ်ရက် လာ ရ ကြ၏။
Labafowabo ababesemizini yabo babefanele beze okwensuku eziyisikhombisa izikhathi ngezikhathi kanye labo.
26 ၂၆ ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။
Ngoba amaLevi la, abagcini bamasango abakhulu bobane, babesesikhundleni, babephethe amakamelo bephezu kwezindlu zenotho zendlu kaNkulunkulu.
27 ၂၇ ထိုသို့စောင့် ၍ နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့် ၊ ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။
Njalo babehlala ebusuku bezingelezele indlu kaNkulunkulu, ngoba umlindo wawuphezu kwabo, njalo bephethe ukuvulwa kwayo, ngitsho ikuseni ngekuseni.
28 ၂၈ အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။
Njalo abanye babo babephethe izitsha zenkonzo, ngoba ngenani bazingenisa, langenani bazikhupha.
29 ၂၉ အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။
Labanye babo babemiswe phezu kwezitsha, laphezu kwazo zonke izitsha ezingcwele, laphezu kwempuphu ecolekileyo lewayini lamafutha lempepha lamakha.
30 ၃၀ ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။
Abanye emadodaneni abapristi babehlanganisa-ke amafutha amakha.
31 ၃၁ လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။
LoMathithiya kumaLevi, owayelizibulo likaShaluma umKora, wayephathiswe umsebenzi wamaqebelengwana abhakwe emapanini.
32 ၃၂ သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။
Labanye babantwana bamaKohathi kubafowabo babephethe isinkwa sokubukiswa ukusilungisa isabatha ngesabatha.
33 ၃၃ သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။
Lalaba ngabahlabeleli, izinhloko zaboyise bamaLevi, emakamelweni, bekhululekile, ngoba emini lebusuku kwakuphezu kwabo ukuba semsebenzini.
34 ၃၄ ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။
Laba bazinhloko zaboyise bamaLevi, izinhloko ngezizukulwana zabo; laba bahlala eJerusalema.
35 ၃၅ ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။
EGibeyoni kwakuhlala-ke uyise kaGibeyoni, uJehiyeli; lebizo lomkakhe lalinguMahaka.
36 ၃၆ သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ်၊
Lendodana yakhe elizibulo uAbidoni, loZuri loKishi loBhali loNeri loNadabi
37 ၃၇ ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တို့ဖြစ်ကြ၏။
loGedori loAhiyo loZekhariya loMikilothi.
38 ၃၈ မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။
UMikilothi wasezala uShimeyamu; laba labo bahlala eJerusalema maqondana labafowabo kanye labafowabo.
39 ၃၉ နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တို့၏အဘ ဖြစ်၏။
UNeri wasezala uKishi; uKishi wasezala uSawuli; uSawuli wasezala oJonathani loMaliki-Shuwa loAbinadaba loEshibhali.
40 ၄၀ ယောနသန် ၏သား သည် မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။
Njalo indodana kaJonathani yayinguMeribi-Bhali; uMeribi-Bhali wasezala uMika.
41 ၄၁ မိက္ခါ ၏သား များမှာ ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တို့ဖြစ်ကြ၏။
Njalo amadodana kaMika: OPithoni loMeleki loTareya.
42 ၄၂ အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက် ၊ အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။
UAhazi wasezala uJara; uJara wasezala oAlemethi loAzimavethi loZimri. UZimri wasezala uMoza.
43 ၄၃ မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယ ၊ ရေဖာယ ၏သား ဧလာသ ၊ ဧလာသ ၏သား အာဇေလ ဖြစ်၏။
UMoza wasezala uBineya, loRefaya indodana yakhe, uEleyasa indodana yakhe, uAzeli indodana yakhe.
44 ၄၄ အဇေလ ၏သား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။
Njalo uAzeli wayelamadodana ayisithupha; lala ngamabizo awo: OAzirikamu, uBhokeru, loIshmayeli, loSheyariya, loObhadiya, loHanani. La ayengamadodana kaAzeli.

< ၁ ရာဇဝင်ချုပ် 9 >