< ၁ ရာဇဝင်ချုပ် 24 >

1 အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
E quanto aos filhos de Aarão, estes foram as suas divisões: os filhos de Aarão foram Nadab, e Abihu, e Eleazar e Ithamar.
2 နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။
E morreram Nadab e Abihu antes de seu pae, e não tiveram filhos: e Eleazar e Ithamar administravam o sacerdocio.
3 ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။
E David os repartiu, como tambem a Zadok, dos filhos de Eleazar, e Ahimelech, dos filhos de Ithamar, segundo o seu officio no seu ministerio.
4 ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။
E achou-se que eram muitos mais os filhos de Eleazar entre os chefes de familias do que os filhos de Ithamar, quando os repartiram: dos filhos de Eleazar dezeseis chefes das casas dos paes, mas dos filhos de Ithamar, segundo as casas de seus paes, oito.
5 စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။
E os repartiram por sortes, uns com os outros; porque houve maioraes do sanctuario e maioraes da casa de Deus, assim d'entre os filhos de Eleazar, como d'entre os filhos de Ithamar.
6 လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊
E os registou Semaias, filho de Nathanael, o escrivão d'entre os levitas, perante o rei, e os principes, e Zadok, o sacerdote, e Ahimelech, filho de Abiathar, e os chefes dos paes entre os sacerdotes, e entre os levitas: uma d'entre as casas dos paes se tomou para Eleazar, e se tomou outra para Ithamar.
7 ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊
E saiu a primeira sorte a Jojarib, a segunda a Jedaias,
8 တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊
A terceira a Harim, a quarta a Seorim,
9 ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊
A quinta a Malchias, a sexta a Mihamin.
10 ၁၀ သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊
A setima a Hakkos, a oitava a Abias,
11 ၁၁ နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊
A nona a Jesua, a decima a Sechanias,
12 ၁၂ ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊
A undecima a Eliasib, a duodecima a Jakim,
13 ၁၃ တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊
A decima terceira a Huppa, a decima quarta a Jesebeab,
14 ၁၄ တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊
A decima quinta a Bilga, a decima sexta a Immer,
15 ၁၅ တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
A decima setima a Hezir, a decima oitava a Happises,
16 ၁၆ တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊
A decima nona a Petahias, a vigesima a Jehezkel,
17 ၁၇ နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊
A vigesima primeira a Jachin, a vigesima segunda a Gamul,
18 ၁၈ နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။
A vigesima terceira a Delaias, a vigesima quarta a Maazias.
19 ၁၉ ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။
O officio d'estes no seu ministerio era entrar na casa do Senhor, segundo lhes fôra ordenado por Aarão seu pae, como o Senhor Deus de Israel lhe tinha ordenado.
20 ၂၀ ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊
E do resto dos filhos de Levi: dos filhos de Amram, Subael: dos filhos de Subael, Jehdias.
21 ၂၁ ရေဟဘိ သား စုတွင် ဣရှယာ၊
Quanto a Rehabias: dos filhos de Rehabias Issias era chefe;
22 ၂၂ ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊
Dos isharitas, Selomoth; dos filhos de Selomoth, Jahoth;
23 ၂၃ ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊
E dos filhos de Hebron, Jerias o primeiro, Amarias o segundo, Jahaziel o terceiro, Jekamam o quarto;
24 ၂၄ ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊
Dos filhos de Uziel, Micha; dos filhos de Micha, Samir;
25 ၂၅ မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။
O irmão de Micha, Issias; dos filhos de Issias, Zacharias;
26 ၂၆ မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊
Os filhos de Merari, Maheli e Musi; dos filhos de Jaazias, Beno;
27 ၂၇ မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။
Os filhos de Merari de Jaazias, Beno, e Soham, e Zaccur, e Hibri;
28 ၂၈ မဟာလိ သားဧလာဇာ ၌သား မ ရှိ။
De Maheli, Eleazar: e este não teve filhos.
29 ၂၉ ကိရှ သား ကား ယေရမေလ တည်း။
Quanto a Kis: dos filhos de Kis, Jerahmeel;
30 ၃၀ မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။
E os filhos, de Musi, Maheli, e Eder, e Jerimoth; estes foram os filhos dos levitas, segundo as suas casas paternas.
31 ၃၁ ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။
E tambem elles lançaram sortes egualmente com seus irmãos, os filhos de Aarão, perante o rei David, e Zadok, e Ahimelech, e os chefes dos paes entre os sacerdotes e entre os levitas: o chefe da casa dos paes e bem assim seu irmão menor.

< ၁ ရာဇဝင်ချုပ် 24 >