< ရောမ 10 >

1 ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။-
HERMANOS, ciertamente la voluntad de mi corazón y mi oración á Dios sobre Israel, es para salud.
2 သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။-
Porque yo les doy testimonio que tienen celo de Dios, mas no conforme á ciencia.
3 သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။-
Porque ignorando la justicia de Dios, y procurando establecer la suya propia, no se han sujetado á la justicia de Dios.
4 ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။
Porque el fin de la ley es Cristo, para justicia á todo aquel que cree.
5 ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။-
Porque Moisés describe la justicia que es por la ley: Que el hombre que hiciere estas cosas, vivirá por ellas.
6 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)-
Mas la justicia que es por la fe dice así: No digas en tu corazón: ¿Quién subirá al cielo? (esto es, para traer abajo á Cristo: )
7 အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- (Abyssos g12)
O, ¿quién descenderá al abismo? (esto es, para volver á traer á Cristo de los muertos.) (Abyssos g12)
8 ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။-
Mas ¿qué dice? Cercana está la palabra, en tu boca y en tu corazón. Esta es la palabra de fe, la cual predicamos:
9 သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
Que si confesares con tu boca al Señor Jesús, y creyeres en tu corazón que Dios le levantó de los muertos, serás salvo.
10 ၁၀ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-
Porque con el corazón se cree para justicia; mas con la boca se hace confesión para salud.
11 ၁၁ ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-
Porque la Escritura dice: Todo aquel que en él creyere, no será avergonzado.
12 ၁၂ ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။-
Porque no hay diferencia de Judío y de Griego: porque el mismo que es Señor de todos, rico es para con todos los que le invocan:
13 ၁၃ ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။
Porque todo aquel que invocare el nombre del Señor, será salvo.
14 ၁၄ သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။-
¿Cómo, pues invocarán á aquel en el cual no han creído? ¿y cómo creerán á aquel de quien no han oído? ¿y cómo oirán sin [haber] quien [les] predique?
15 ၁၅ ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''
¿Y cómo predicarán si no fueren enviados? Como está escrito: ¡Cuán hermosos son los pies de los que anuncian el evangelio de la paz, de los que anuncian el evangelio de los bienes!
16 ၁၆ သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-
Mas no todos obedecen al evangelio; pues Isaías dice: Señor, ¿quién ha creído á nuestro anuncio?
17 ၁၇ သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။
Luego la fe es por el oir; y el oir por la palabra de Dios.
18 ၁၈ သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
Mas digo: ¿No han oído? Antes bien, por toda la tierra ha salido la fama de ellos, y hasta los cabos de la redondez de la tierra las palabras de ellos.
19 ၁၉ တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။
Mas digo: ¿No ha conocido [esto] Israel? Primeramente Moisés dice: Yo os provocaré á celos con gente que no es [mía]; con gente insensata os provocaré á ira.
20 ၂၀ ဟေ​ရှာ​ယ​က၊ ``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏'' ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။-
E Isaías determinadamente dice: Fuí hallado de los que no me buscaban; manifestéme á los que no preguntaban por mí.
21 ၂၁ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။
Mas acerca de Israel dice: Todo el día extendí mis manos á un pueblo rebelde y contradictor.

< ရောမ 10 >