< ဗျာဒိတ်ကျမ်း 17 >

1 ထို​နောက်​ဖ​လား​ခု​နစ်​လုံး​ကို​ကိုင်​ထား​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက် တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​လော့။ မြစ်​များ​အ​နီး တွင်​တည်​ရှိ​သည့်​မြို့​ကြီး​တည်း​ဟူ​သော ပြည့်​တန် ဆာ​မ​ကြီး​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​ကို​သင့်​အား ငါ​ပြ​မည်။-
それから、七つの鉢を持つ七人の御使のひとりがきて、わたしに語って言った、「さあ、きなさい。多くの水の上にすわっている大淫婦に対するさばきを、見せよう。
2 ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​များ​သည်​ထို​အ​မျိုး​သ​မီး နှင့်​ကာ​မ​ဂုဏ်​ခံ​စား​ခဲ့​ကြ​၏။ ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​သည်​လည်း​သူ​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​တည်း ဟူ​သော​စ​ပျစ်​ရည်​ဖြင့်​မူး​ယစ်​ခဲ့​ကြ​၏'' ဟု ဆို​၏။
地の王たちはこの女と姦淫を行い、地に住む人々はこの女の姦淫のぶどう酒に酔いしれている」。
3 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-
御使は、わたしを御霊に感じたまま、荒野へ連れて行った。わたしは、そこでひとりの女が赤い獣に乗っているのを見た。その獣は神を汚すかずかずの名でおおわれ、また、それに七つの頭と十の角とがあった。
4 အ​မျိုး​သ​မီး​သည်​အ​နီ​နှင့်​မ​ရမ်း​စေ့​ရောင် အ​ဝတ်​များ​ကို​ဝတ်​လျက်​ရွှေ​တန်​ဆာ၊ ငွေ​တန် ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ​တန် ဆာ​များ​ကို​ဆင်​ယင်​ထား​၏။ သူ​သည်​ကာ​မ ဂုဏ်​လိုက်​စား​မှု​ဆိုင်​ရာ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သော​ညစ်​ညမ်း​မှု​များ​နှင့်​ပြည့်​နေ သည့်​ရွှေ​ဖ​လား​ကို​ကိုင်​ထား​၏။-
この女は紫と赤の衣をまとい、金と宝石と真珠とで身を飾り、憎むべきものと自分の姦淫の汚れとで満ちている金の杯を手に持ち、
5 သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-
その額には、一つの名がしるされていた。それは奥義であって、「大いなるバビロン、淫婦どもと地の憎むべきものらとの母」というのであった。
6 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။ သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-
わたしは、この女が聖徒の血とイエスの証人の血に酔いしれているのを見た。この女を見た時、わたしは非常に驚きあやしんだ。
7 ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-
すると、御使はわたしに言った、「なぜそんなに驚くのか。この女の奥義と、女を乗せている七つの頭と十の角のある獣の奥義とを、話してあげよう。
8 သင်​မြင်​ရ​သည့်​သား​ရဲ​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​ခဲ့​သော်​လည်း ယ​ခု​အ​သက်​မ​ရှင် တော့​ပေ။ သူ​သည်​တွင်း​နက်​ကြီး​ထဲ​မှ​တက်​လာ ပြီး​လျှင် ဖျက်​ဆီး​ခြင်း​ခံ​ရ​ပေ​တော့​မည်။ ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် အ​သက်​စာ​စောင်​စာ​ရင်း​တွင်​မ​ပါ​ဝင်​သူ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ထို​သား​ရဲ​ကို မြင်​သော​အ​ခါ​အံ့​သြ​ကြ​လိမ့်​မည်။ သူ​သည် အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၏။ ယ​ခု အ​သက်​မ​ရှင်​တော့​သော်​လည်း​နောက်​တစ်​ဖန် အ​သက်​ရှင်​၍​လာ​ဦး​မည်။ (Abyssos g12)
あなたの見た獣は、昔はいたが、今はおらず、そして、やがて底知れぬ所から上ってきて、ついには滅びに至るものである。地に住む者のうち、世の初めからいのちの書に名をしるされていない者たちは、この獣が、昔はいたが今はおらず、やがて来るのを見て、驚きあやしむであろう。 (Abyssos g12)
9 ``ဤ​အ​မှု​အ​ရာ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​နှင့် အ​သိ​တ​ရား​ရှိ​ရန်​လို​ပေ​သည်။ ဦး​ခေါင်း​ခု​နစ် လုံး​သည်​အ​မျိုး​သ​မီး​ထိုင်​နေ​သည့်​တောင်​ခု​နစ် လုံး​ကို​ဆို​လို​၏။ ရှင်​ဘု​ရင်​ခု​နစ်​ပါး​ကို​လည်း ဆို​လို​၏။-
ここに、知恵のある心が必要である。七つの頭は、この女のすわっている七つの山であり、また、七人の王のことである。
10 ၁၀ ရှင်​ဘု​ရင်​ငါး​ပါး​ကား​ကျ​ဆုံး​သွား​လေ​ပြီ။ တစ်​ပါး​သည်​အ​သက်​ရှင်​လျက်​ရှိ​၏။ အ​ခြား တစ်​ပါး​မှာ​မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း လာ​လျှင်​လည်း​ခ​ဏ​မျှ​သာ​အုပ်​စိုး​ရ​လိမ့်​မည်။-
そのうちの五人はすでに倒れ、ひとりは今おり、もうひとりは、まだきていない。それが来れば、しばらくの間だけおることになっている。
11 ၁၁ အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၍​ယ​ခု အ​သက်​မ​ရှင်​တော့​သည့်​သား​ရဲ​သည်​အ​ဋ္ဌ​မ မြောက်​ဘု​ရင်​ဖြစ်​၏။ သူ​သည်​ဘု​ရင်​ခု​နစ်​ပါး တို့​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏။ သူ​သည်​ကား သေ​ကျေ​ပျက်​စီး​ရ​မည့်​သူ​ဖြစ်​သ​တည်း။
昔はいたが今はいないという獣は、すなわち第八のものであるが、またそれは、かの七人の中のひとりであって、ついには滅びに至るものである。
12 ၁၂ ``သင်​မြင်​ရ​သည့်​ဦး​ချို​ဆယ်​ချောင်း​တို့​သည် မင်း အာ​ဏာ​စက်​ကို​မ​ရ​သေး​သော​ရှင်​ဘု​ရင်​ဆယ် ပါး​ဖြစ်​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​အ​တူ​တစ် နာ​ရီ​စီ​အုပ်​စိုး​ခွင့်​ရ​မည့်​သူ​များ​ဖြစ်​သည်။-
あなたの見た十の角は、十人の王のことであって、彼らはまだ国を受けてはいないが、獣と共に、一時だけ王としての権威を受ける。
13 ၁၃ ထို​ဘု​ရင်​များ​တွင်​ရည်​ရွယ်​ချက်​တစ်​ခု​တည်း​ရှိ ၏။ သူ​တို့​သည်​မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​များ​ကို သား​ရဲ​သို့​ပေး​အပ်​ကြ​၏။-
彼らは心をひとつにしている。そして、自分たちの力と権威とを獣に与える。
14 ၁၄ သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။
彼らは小羊に戦いをいどんでくるが、小羊は、主の主、王の王であるから、彼らにうち勝つ。また、小羊と共にいる召された、選ばれた、忠実な者たちも、勝利を得る」。
15 ၁၅ ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ပြည့် တန်​ဆာ​မ​ထိုင်​လျက်​နေ​သည့်​ရေ​သည်​တိုင်း​နိုင်​ငံ များ​ရှိ​ဘာ​သာ​စကား​အ​မျိုး​မျိုး​ကို​ပြော​သော လူ​မျိုး​များ၊ ပြည်​သူ​ပြည်​သား​များ​ဖြစ်​၏။-
御使はまた、わたしに言った、「あなたの見た水、すなわち、淫婦のすわっている所は、あらゆる民族、群衆、国民、国語である。
16 ၁၆ သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-
あなたの見た十の角と獣とは、この淫婦を憎み、みじめな者にし、裸にし、彼女の肉を食い、火で焼き尽すであろう。
17 ၁၇ သူ​တို့​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​အ​ကောင်​အ​ထည်​ပေါ်​လာ​သည့် တိုင်​အောင် မိ​မိ​တို့​၏​အာ​ဏာ​ကို​သား​ရဲ​အား တ​ညီ​တ​ညွတ်​တည်း​လွှဲ​အပ်​လိုက်​ကြ​စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​ကို​ပြု​ပြင်​တော် မူ​လျက် သူ​တို့​အား​မိ​မိ​၏​အ​ကြံ​အ​စည် တော်​နှင့်​အ​ညီ​လိုက်​နာ​ဆောင်​ရွက်​စေ​တော် မူ​၏။
神は、御言が成就する時まで、彼らの心の中に、御旨を行い、思いをひとつにし、彼らの支配権を獣に与える思いを持つようにされたからである。
18 ၁၈ သင်​မြင်​ရ​သည့်​အ​မျိုး​သ​မီး​ကား​ကမ္ဘာ​ပေါ် ရှိ​ရှင်​ဘု​ရင်​တို့​ကို​အုပ်​စိုး​သည့်​မြို့​ကြီး​ဖြစ် သ​တည်း'' ဟု​ဆို​၏။
あなたの見たかの女は、地の王たちを支配する大いなる都のことである」。

< ဗျာဒိတ်ကျမ်း 17 >