< ဆာလံ 87 >
1 ၁ ထာဝရဘုရားသည်မိမိ၏မြို့တော်ကို သန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
Psaume, cantique des enfants de Coré. Elle est fondée sur les saintes montagnes.
2 ၂ ကိုယ်တော်သည်ယေရုရှလင်မြို့ကြီးကို ဣသရေလနိုင်ငံရှိအခြားမြို့အပေါင်းတို့ထက် ပို၍နှစ်သက်မြတ်နိုးတော်မူ၏။
L'Éternel aime les portes de Sion, plus que toutes les demeures de Jacob.
3 ၃ အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
Des choses glorieuses sont prononcées sur toi, ô cité de Dieu! (Sélah)
4 ၄ ကိုယ်တော်မိန့်တော်မူသည်မှာ ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
Je nomme Rahab et Babel parmi ceux qui me connaissent. Voici le pays des Philistins et Tyr, avec l'Éthiopie: c'est dans Sion qu'ils sont nés.
5 ၅ ဇိအုန်တောင်အားလူမျိုးအပေါင်းတို့ဖွားမြင်ရာ မိခင်ဟူ၍လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသည် ထိုတောင်ကိုခိုင်ခံ့စေတော်မူလိမ့်မည် ဟူ၍လည်းကောင်းလူတို့ပြောဆိုကြ လိမ့်မည်။
Et de Sion il sera dit: Celui-ci et celui-là sont nés en elle; et le Très-Haut lui-même l'affermira.
6 ၆ ထာဝရဘုရားသည်လူမျိုးတို့ကိုစာရင်း ပြုစုတော်မူလိမ့်မည်။ ယင်းစာရင်းတွင်ပါရှိသောသူအပေါင်း တို့ကို ယေရုရှလင်မြို့သားများအဖြစ်ဖြင့်ထည့်သွင်း ရေးမှတ်တော်မူလိမ့်မည်။
En enregistrant les peuples, l'Éternel écrira: C'est là qu'ils sont nés. (Sélah)
7 ၇ ထိုသူအပေါင်းတို့သည်ကခုန်လျက် ``ဇိအုန်တောင်သည် ငါတို့ခံစားရသောကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာဖြစ်ပေသည်'' ဟုသီဆိုကြ၏။
Et ceux qui chantent comme ceux qui dansent, répètent: Toutes mes sources sont en toi.