< ဆာလံ 79 >

1 အို ဘု​ရား​သ​ခင်၊ ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။
Gott, Völkerschaften sind gekommen in Dein Erbe, sie haben verunreinigt den Tempel Deiner Heiligkeit, haben Jerusalem gelegt in Trümmer.
2 သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ အ​လောင်း​များ​ကို​ငှက်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင့်​အ​စေ​ခံ​တို့​၏​အ​လောင်း​များ​ကို သား​ရဲ​တိရစ္ဆာန်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း ပစ်​ထား​ကြ​ပါ​ပြီ။
Die Leichname Deiner Knechte gaben sie zum Fraß dem Gevögel der Himmel, das Fleisch Deiner Heiligen dem wilden Tier der Erde.
3 သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​၏​သွေး​ကို ရေ​ကဲ့​သို့ ယို​စီး​စေ​ကြ​ပါ​၏။ သွေး​ချောင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဖြတ်​၍ စီး​ဆင်း​လျက်​ရှိ​ပါ​၏။ အ​လောင်း​များ​ကို​သင်္ဂြိုဟ်​မည့်​သူ​တစ်​စုံ တစ်​ယောက်​မျှ မ​ကျန်​တော့​ပါ။
Ihr Blut vergossen sie wie Wasser rings um Jerusalem, und niemand begrub sie.
4 ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။
Zur Schmach wurden wir unseren Nachbarn, zum Gelächter und Schimpf denen, die um uns sind.
5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ် အ​မျက်​ထွက်​လျက်​နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​မ​ပြေ​ဘဲ​မီး​ကဲ့​သို့​တောက်​လောင် နေ​ပါ​မည်​လော။
Wie lange, Jehovah, willst Du zürnen, immerfort, wird wie Feuer Dein Eifer brennen?
6 ကိုယ်​တော်​ရှင်​အား​ရှိ​မ​ခိုး၊ဝတ်​မ​ပြု​သည့် လူ​မျိုး​တို့​အား​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​ထံ ဆု​တောင်း​ပတ္ထ​နာ​မ​တောင်း​မ​လျှောက် သူ​တို့​အား​လည်း​ကောင်း​အ​မျက်​ထွက်​တော်​မူ​ပါ။
Gieß deinen Grimm aus auf die Völkerschaften, die Dich nicht kennen, und auf die Königreiche, die Deinen Namen nicht anrufen!
7 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို သတ်​ဖြတ်​ကြ​ပါ​ပြီ။ ပြည်​တော်​ကို​လည်း​ယို​ယွင်း​ပျက်​စီး​စေ​ကြ​ပါ​ပြီ။
Denn Jakob haben sie gefressen und seine Wohnorte verwüstet.
8 ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက် ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။
Gedenke uns nicht der früheren Missetaten. Eile, laß Deine Erbarmungen uns entgegenkommen, denn sehr arm sind wir.
9 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။
Stehe uns bei, Gott unseres Heils, um des Wortes der Herrlichkeit Deines Namens willen, und errette uns und sühne unsere Sünden um Deines Namens willen.
10 ၁၀ ``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့် မေး​ရ​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​၏​သွေး​ကို​သွန်​သည့် လူ​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​တို့​မြင်​ရ​ကြ​ပါ​စေ​သော။
Warum sprechen die Völkerschaften: Wo ist ihr Gott? Lasse kundbar werden unter den Völkerschaften vor unseren Augen die Rache des Blutes Deiner Knechte, das vergossen ward!
11 ၁၁ အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။
Laß vor Dich kommen den Angstruf des Gebundenen; nach Deines Armes Größe lasse übrigbleiben des Todes Söhne.
12 ၁၂ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။
Und siebenfach gib zurück in ihren Busen unseren Nachbarn ihr Schmähen, womit sie Dich schmähten, Herr.
13 ၁၃ ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည် ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။ သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။
Wir aber, Dein Volk und die Herde Deiner Weide, wollen Dich bekennen in Ewigkeit, von Geschlecht zu Geschlecht Dein Lob erzählen.

< ဆာလံ 79 >