< ဆာလံ 115 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။
हे यहोवा, हमारी नहीं, हमारी नहीं, वरन् अपने ही नाम की महिमा, अपनी करुणा और सच्चाई के निमित्त कर।
2 ``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား မေး​ရ​ကြ​ပါ​သနည်း။
जाति-जाति के लोग क्यों कहने पाएँ, “उनका परमेश्वर कहाँ रहा?”
3 ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။
हमारा परमेश्वर तो स्वर्ग में हैं; उसने जो चाहा वही किया है।
4 သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။
उन लोगों की मूरतें सोने चाँदी ही की तो हैं, वे मनुष्यों के हाथ की बनाई हुई हैं।
5 ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။ မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။
उनके मुँह तो रहता है परन्तु वे बोल नहीं सकती; उनके आँखें तो रहती हैं परन्तु वे देख नहीं सकती।
6 နား​များ​ပါ​ရှိ​လျက်​နှင့်​မ​ကြား​နိုင်။ နှာ​ခေါင်း​များ​ရှိ​ပါ​လျက်​နှင့်​အ​နံ့​မ​ရ​နိုင်။
उनके कान तो रहते हैं, परन्तु वे सुन नहीं सकती; उनके नाक तो रहती हैं, परन्तु वे सूँघ नहीं सकती।
7 လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။ သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။
उनके हाथ तो रहते हैं, परन्तु वे स्पर्श नहीं कर सकती; उनके पाँव तो रहते हैं, परन्तु वे चल नहीं सकती; और उनके कण्ठ से कुछ भी शब्द नहीं निकाल सकती।
8 ထို​ရုပ်​တု​တို့​ကို​ပြု​လုပ်​သူ​များ​နှင့်​ကိုး​စား သူ​တို့​သည် မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။
जैसी वे हैं वैसे ही उनके बनानेवाले हैं; और उन पर सब भरोसा रखनेवाले भी वैसे ही हो जाएँगे।
9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ​ဘု​ရား ကို ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
हे इस्राएल, यहोवा पर भरोसा रख! तेरा सहायक और ढाल वही है।
10 ၁၀ အ​ချင်း​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ် တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
१०हे हारून के घराने, यहोवा पर भरोसा रख! तेरा सहायक और ढाल वही है।
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
११हे यहोवा के डरवैयों, यहोवा पर भरोसा रखो! तुम्हारा सहायक और ढाल वही है।
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
१२यहोवा ने हमको स्मरण किया है; वह आशीष देगा; वह इस्राएल के घराने को आशीष देगा; वह हारून के घराने को आशीष देगा।
13 ၁၃ ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။
१३क्या छोटे क्या बड़े जितने यहोवा के डरवैये हैं, वह उन्हें आशीष देगा।
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။
१४यहोवा तुम को और तुम्हारे वंश को भी अधिक बढ़ाता जाए।
15 ၁၅ ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။
१५यहोवा जो आकाश और पृथ्वी का कर्ता है, उसकी ओर से तुम आशीष पाए हो।
16 ၁၆ ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။
१६स्वर्ग तो यहोवा का है, परन्तु पृथ्वी उसने मनुष्यों को दी है।
17 ၁၇ သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့ သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။
१७मृतक जितने चुपचाप पड़े हैं, वे तो यहोवा की स्तुति नहीं कर सकते,
18 ၁၈ သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကား ယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
१८परन्तु हम लोग यहोवा को अब से लेकर सर्वदा तक धन्य कहते रहेंगे। यहोवा की स्तुति करो!

< ဆာလံ 115 >