< ဆာလံ 11 >
1 ၁ ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
in finem psalmus David in Domino confido quomodo dicitis animae meae transmigra in montes sicut passer
quoniam ecce peccatores intenderunt arcum paraverunt sagittas suas in faretra ut sagittent in obscuro rectos corde
quoniam quae perfecisti destruxerunt iustus autem quid fecit
4 ၄ ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
Dominus in templo sancto suo Dominus in caelo sedis eius oculi eius in pauperem respiciunt palpebrae eius interrogant filios hominum
5 ၅ ကိုယ်တော်သည်သူတော်ကောင်းကိုလည်းကောင်း၊ သူယုတ်မာကိုလည်းကောင်းစစ်ဆေး ကြည့်ရှုတော်မူ၏။ တရားလက်လွတ်ပြုမူသောသူတို့ကို လွန်စွာမုန်းတော်မူ၏။
Dominus interrogat iustum et impium qui autem diligit iniquitatem odit animam suam
6 ၆ ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
pluet super peccatores laqueos ignis et sulphur et spiritus procellarum pars calicis eorum
7 ၇ ထာဝရဘုရားသည်ဖြောင့်မှန်တော်မူ၍ အကျင့်ကောင်းကိုနှစ်သက်တော်မူ၏။ အကျင့်ကောင်းကိုပြုသူတို့သည်ကိုယ်တော်၏ မျက်နှာတော်ကိုဖူးမြင်ရကြလိမ့်မည်။
quoniam iustus Dominus et iustitias dilexit aequitatem vidit vultus eius