< တောလည်ရာ 7 >

1 မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- 2 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊- 3 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။- 4 ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊- 5 ``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။- 6 ထို့​ကြောင့်​မော​ရှေ​သည်​လှည်း​နှင့်​နွား​များ ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ပေး​အပ်​လေ သည်။- 7 သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊- 8 လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။- 9 ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။ 10 ၁၀ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊- 11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ 12 ၁၂ သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ ရက် အ​နွယ် ခေါင်း​ဆောင် ပ​ထ​မ​ရက် ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဒု​တိ​ယ​ရက် ဣသ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ တ​တိ​ယ​ရက် ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ စ​တုတ္ထ​ရက် ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ပဉ္စ​မ​ရက် ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ ဆ​ဋ္ဌ​မ​ရက် ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် သတ္တမ​ရက် ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ အ​ဋ္ဌ​မ​ရက် မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ န​ဝ​မ​ရက် ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒ​သ​မ​ရက် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ဧ​က​ဒ​သ​မ​ရက် အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဒွါ​ဒ​သ​မ​ရက် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။ 13 ၁၃ 14 ၁၄ 15 ၁၅ 16 ၁၆ 17 ၁၇ 18 ၁၈ 19 ၁၉ 20 ၂၀ 21 ၂၁ 22 ၂၂ 23 ၂၃ 24 ၂၄ 25 ၂၅ 26 ၂၆ 27 ၂၇ 28 ၂၈ 29 ၂၉ 30 ၃၀ 31 ၃၁ 32 ၃၂ 33 ၃၃ 34 ၃၄ 35 ၃၅ 36 ၃၆ 37 ၃၇ 38 ၃၈ 39 ၃၉ 40 ၄၀ 41 ၄၁ 42 ၄၂ 43 ၄၃ 44 ၄၄ 45 ၄၅ 46 ၄၆ 47 ၄၇ 48 ၄၈ 49 ၄၉ 50 ၅၀ 51 ၅၁ 52 ၅၂ 53 ၅၃ 54 ၅၄ 55 ၅၅ 56 ၅၆ 57 ၅၇ 58 ၅၈ 59 ၅၉ 60 ၆၀ 61 ၆၁ 62 ၆၂ 63 ၆၃ 64 ၆၄ 65 ၆၅ 66 ၆၆ 67 ၆၇ 68 ၆၈ 69 ၆၉ 70 ၇၀ 71 ၇၁ 72 ၇၂ 73 ၇၃ 74 ၇၄ 75 ၇၅ 76 ၇၆ 77 ၇၇ 78 ၇၈ 79 ၇၉ 80 ၈၀ 81 ၈၁ 82 ၈၂ 83 ၈၃ 84 ၈၄ ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။ 85 ၈၅ 86 ၈၆ 87 ၈၇ 88 ၈၈ 89 ၈၉ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။

< တောလည်ရာ 7 >